Friday, July 4, 2025

ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း ထရမ့်ဆို

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုပြီးနောက် ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။ “အီရန်အပါအဝင် ကိစ္စအများကြီးကို...

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေသည် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်ကြောင်း ယနေ့ ဇူလိုင် ၄ ရက်၌ မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။ မိုး/ဇလ၏ အသိပေးချက်အရ ပဲခူးမြစ်ရေသည်...

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ပြည်နယ် ၃ ခုတို့တွင်...

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဇူလိုင် ၃ ရက်မှ ဇူလိုင် ၅ရက်နေ့အတွင်း စံချိန်တင်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က...

ငလျင်ဒဏ်သင့် လူကယ်ပြန်ဝန်ထမ်းများအတွက် ကျပ်သိန်း(၅၀၀)လှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်သင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန် ထမ်းများအတွက် ကျပ်သိန်း(၅၀၀)ကို ဇူလိုင် ၃ ရက်က လှူဒါန်းခဲ့သည်။ အဆိုပါ ကျပ်သိန်း(၅၀၀)လှူဒါန်းမှုအား...
HomeNewsLocal Newsပြည်တွင်းရုပ်ရှင် ဇာတ်ကား၊ ဇာတ်လမ်းတွဲနှင့်...

ပြည်တွင်းရုပ်ရှင် ဇာတ်ကား၊ ဇာတ်လမ်းတွဲနှင့် နိုင်ငံခြား ဇာတ်ကား၊ ဇာတ်လမ်းတွဲများအား ဆင်ဆာ စိစစ်ခွင့်ပြုချက်ယူရမည်

ပြည်တွင်းရုပ်ရှင် ဇာတ်ကား၊ ဇာတ်လမ်းတွဲနှင့် နိုင်ငံခြား ဇာတ်ကား၊ ဇာတ်လမ်းတွဲများအား ဆင်ဆာ စိစစ်ခွင့်ပြုချက်ယူရမည်

ပြည်တွင်းရုပ်ရှင် ဇာတ်ကား၊ ဇာတ်လမ်းတွဲနှင့် နိုင်ငံခြား ဇာတ်ကား၊ ဇာတ်လမ်းတွဲများအား ဆင်ဆာ စိစစ်ခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ထံမှ သိရသည်။

မြန်မာအသံနှင့်ရုပ်မြင်သံကြားနှင့် ဆက်စပ်ပြီး ရုပ်မြင်သံကြား ထုတ်လွှင့်ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများနှင့် Content Provider များအနေဖြင့် ပြည်တွင်းရုပ်ရှင် ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ နိုင်ငံခြား ဇာတ်ကား၊ ဇာတ်လမ်းတွဲများအား ဗီဒီယိုဆင်ဆာ စိစစ်ခွင့်ပြုချက်ရယူပြီးမှ ပြသရေးညှိနှိုင်းအစည်းအဝေးတစ်ခုကို စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ ကျင်းပခဲ့သည်။

ရုပ်သံထုတ်လွှင့်မှုတွင် နိုင်ငံပိုင်မီဒီယာများအပြင် ပုဂ္ဂလိကမီဒီယာများကလည်း ရုပ်သံထုတ်လွှင့်မှု ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့ရုပ်မြင်သံကြားနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရုပ်မြင်သံကြား ထုတ်လွှင့်နေသူများအနေဖြင့် ရုပ်ရှင်ဇာတ်ကားကြီးများနှင့် ဗီဒီယိုဇာတ်ကားကြီးများကို ဆင်ဆာခွင့်ပြုချက်ရပြီးမှ ပြသလျက်ရှိကြသော်လည်း ပြည်တွင်းပြည်ပ ဇာတ်လမ်းတွဲများနှင့် နိုင်ငံခြားဇာတ်လမ်းတွဲများကို မြန်မာစာတန်းထိုး၊ မြန်မာစကားပြော အသံထပ်၍ ပြသခြင်းတို့ကိုမူ ဆင်ဆာစိစစ်ရေးအဖွဲ့သို့ မတင်ဘဲ မိမိတို့ကိုယ်တိုင် စိစစ်တာဝန်ယူမှုဖြင့် ပြသလျက်ရှိကြောင်း ယခုအခါ ၎င်းဇာတ်လမ်းတွဲများ၏ ဇာတ်လမ်းနှင့် ပါဝင်သော စကားပြောများနှင့် ဇာတ်လမ်းတွဲများမှာ လက်ရှိအခြေအနေအရ မပြသင့်သည်များ ပါနေသည်ကို တွေ့လာရကြောင်း၊ ထို့ကြောင့် ယခုမှ စတင်၍ ဇာတ်လမ်းတွဲများကိုပါ ဆင်ဆာခွင့်ပြုချက် ရယူပြီးမှ ပြသရန်လိုကြောင်း၊ နေပြည်တော်တွင် သက်ဆိုင်ရာကုမ္ပဏီများမှ အကြီးအကဲများနှင့် ရှင်းလင်းဆွေးနွေးပြီးဖြစ်၍ ယခုလက်တွေ့လုပ်ကိုင်နေသည့် ရုပ်သံလွှင့်တာဝန်ခံဝန်ထမ်းများနှင့် ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့တွေ့ဆုံ၍ ညှိနှိုင်း ဆောင်ရွက်ကြရန် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အစည်းအဝေးတွင်ပြောကြားခဲ့သည်။

လက်ရှိ ပြသဆဲ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ၊ ဇာတ်လမ်း တိုများကိုလည်း မပြသမီ သေချာစိစစ်ပြီး နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် အမျိုးသားစည်းလုံး ညီညွတ်မှုကို ထိခိုက်စေသည့် အပြောအဆို၊ စာသားများ၊ ကာမရာဂကို နှိုးဆွသည့် အကြောင်းအရာများ မပါရှိစေရေး အလေးထား ကြပ်မတ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း ထရမ့်ဆို

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုပြီးနောက် ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။ “အီရန်အပါအဝင် ကိစ္စအများကြီးကို ကျွန်တော်တို့ ပြောခဲ့ကြပြီး ယူကရိန်းစစ်ပွဲအကြောင်းလည်း ပြောခဲ့တယ်။ အဲဒီ (အခြေအနေ) ကို ကျွန်တော် ဘဝင်မကျပါဘူး” ဟု ထရမ့်က ဝါရှင်တန်အနီးရှိ Joint Base Andrews တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ပဋိပက္ခဖြေရှင်းရေးကို ရည်ညွှန်း၍ "ကျွန်တော် ဘာတိုးတက်မှုမှ မရခဲ့ဘူး" ဟုလည်း သူက အလေးပေး...

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေသည် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်ကြောင်း ယနေ့ ဇူလိုင် ၄ ရက်၌ မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။ မိုး/ဇလ၏ အသိပေးချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့၌ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာ ရှိသည့်အနက် ယနေ့ ၁၂ နာရီခွဲအချိန်တွင် ၈၆၆ စင်တီမီတာသို့ ရောက်ရှိနေကာ နောက်တစ်ရက်အတွင် စိုးရိမ်ရေမှတ်ကို ရောက်နိုင်ကြောင်း ဆိုသည်။ ယခုလ ဇူလိုင် ၁ ရက်နေ့က ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ပဲခူးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် မြေနိမ့်ပိုင်းများ၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး မြေနိမ့်ပိုင်းတွင်...

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ပြည်နယ် ၃ ခုတို့တွင် စံချိန်တင် မိုးရွာသွန်းနိုင်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဇူလိုင် ၃ ရက်မှ ဇူလိုင် ၅ရက်နေ့အတွင်း စံချိန်တင်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောကြားထားသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့တွင် ၈.၁၅ လက်မ၊ ဟုမ္မလင်းမြို့တွင် ၃.၃၉ လက်မအထိ ရွာသွန်းမည်ဖြစ်ပြီး၊ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့တွင် ၇.၃၇ လက်မအထိ ရှိနိုင်ကြောင်း ဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း/အရှေ့ပိုင်း မြို့များဖြစ်သည့် တာမိုးညဲတွင် ၃.၆၂ လက်မ၊ မိုင်းဖြတ်တွင် ၃.၄၈ လက်မနှင့် တာချီလိတ်မြို့တွင် ၂.၅ လက်မအထိ မိုးရေချိန်ရှိမည်ဖြစ်ကာ၊ ရခိုင်ပြည်နယ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071