Friday, July 4, 2025

ဘားအံတွင် ခရီးသွားများပြားလာခြင်းနှင့်အတူ အမှိုက်ပြဿနာလည်း များလာ

ပြည်တွင်းခရီးသွားများအကြား မိုးရာသီ၌ ဘားအံမြို့ကို လည်ပတ်သူများလာကာ ဘားအံမြို့ရှိ တောင်များကို တက်ရောက်သူများလည်း များပြားလာသည်။ ထို့ကြောင့် ခရီးသွားများတက်ရောက်လေ့ရှိသည့် တောင်ဝိုင်းတောင်တွင် စနစ်တကျ စွန့်ပစ်ထားခြင်းမရှိသည့် စွန့်ပစ်အမှိုက်များကိုလည်း...

ငလျင်ဒဏ်ခံခဲ့ရသည့် ကျိုက်လတ်ချောင်စေတီနှင့် တိလောကဂုရု လှိုဏ်ဂူတော်တို့ကို...

ငလျင်ဒဏ်ခံခဲ့ရသည့် ပင်းယခေတ်နံရံပန်းချီရှိသည့် ကျိုက်လတ်ချောင် စေတီနှင့် ညောင်ရမ်းခေတ်နံရံပန်းချီများရှိရာ တိလောကဂုရု လှိုဏ်ဂူတော်တို့ကို ပြန်လည်ပြုပြင် ထိန်းသိမ်းပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။ ထိုစေတီ နှစ်ဆူကို နှလုံးသားထဲကပုဂံအဖွဲ့က...

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) တွင် မွေးဖွား​သောအောက်ချင်းငှက်​လေးအသိုက်မှထွက်ပြီ

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ ထိန်းသိမ်းစောင့်ရှောက်ရမည့်ငှက်မျိုးစိတ်ဖြစ်သည့် အောက်ချင်းငှက် အကောင်ပေါက်လေးကို အောင်မြင်စွာ မွေးဖွားခဲ့နိုင်သည်။ ထိုအောက်ချင်းငှက် အကောင်ပေါက်လေးသည် ဇွန်လ ၁၇ရက်နေ့၌ မိခင်အောက်ချင်းငှက်မနှင့်အတူ အသိုက်အတွင်းမှ ထွက်လာကြပြီး ပြင်ပလောကနှင့်...

အသက်မပြည့်သည့် အမျိုးသမီးငယ်ကို တရုတ်ဇနီးမယားအဖြစ်ရောင်းချသူများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်

တနှစ်အတွင်းလူကုန်ကူးမှု ၆၇ မှုရှိခဲ့ရာတွင် ၄၈ မှုသည် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရခြင်းဖြစ် ပဲခူးမြို့တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်ကို တရုတ်အမျိုးသားတစ်ဦးနှင့် ပေါင်းသင်းရန်...
HomeNewsLocal Newsပြင်ဦးလွင်တွင် ကုန်စုံဆိုင် (၁)ဆိုင်...

ပြင်ဦးလွင်တွင် ကုန်စုံဆိုင် (၁)ဆိုင် မီးလောင်မှု ဖြစ်ပွား

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၀)၊ နဝရတ်လမ်းရှိ ကုန်စုံဆိုင် (၁)ဆိုင်တွင် ယနေ့ နိုဝင်ဘာ (၂၁)ရက် ၊ နနက် (၁၀)နာရီ (၅၈)မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းနှင့် (၃)မိုင်ခန့်အကွာ၊ နဝရတ်လမ်းရှိ ကုန်စုံဆိုင်(၁)ဆိုင် မီးလောင်နေကြောင်း သတင်းအရ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်တို့မှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၁၁)နာရီ (၇)မိနစ်အချိန် မီးထိန်းနိုင်ခဲ့ကာ နံနက် (၁၁)နာရီ (၁၇)မိနစ်အချိန်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုးနှင့် မီးလောင်မှု အကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ (၁၇) ရက်၊ နေ့လယ် (၁)နာရီ မိနစ် (၅၀) အချိန်ခန့်ကလည်း ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၈)၊ သိင်္ဂီလမ်းနှင့် ယုဇနလမ်းထောင့်ရှိ နေအိမ် တစ်အိမ် မီးလောင်မှုဖြစ်ပွားရာ အမျိုးသား (၁)ဦး စိုးရိမ်ရ ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရကြောင်းလည်း ဒေသတွင်း သတင်းများအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘားအံတွင် ခရီးသွားများပြားလာခြင်းနှင့်အတူ အမှိုက်ပြဿနာလည်း များလာ

ပြည်တွင်းခရီးသွားများအကြား မိုးရာသီ၌ ဘားအံမြို့ကို လည်ပတ်သူများလာကာ ဘားအံမြို့ရှိ တောင်များကို တက်ရောက်သူများလည်း များပြားလာသည်။ ထို့ကြောင့် ခရီးသွားများတက်ရောက်လေ့ရှိသည့် တောင်ဝိုင်းတောင်တွင် စနစ်တကျ စွန့်ပစ်ထားခြင်းမရှိသည့် စွန့်ပစ်အမှိုက်များကိုလည်း အများအပြားတွေ့မြင်လာရကြောင်း တောက်တက်သူအချင်းချင်းကပင် အသိပေးနေကြသည်။ “မြို့တစ်မြို့ကို အလည်သွားတော့မယ်ဆိုရင် အပျော်နဲ့သွားလည်ခြင်းမဟုတ်ပဲ ဒီမြို့ကိုချစ်မြတ်နိုးတဲ့ စိတ်ကြောင့် သွားလည်ခြင်း ဖြစ်စေချင်တယ်။ အမှိုက်များကို စနစ်တကျစွန့်ပစ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ” ဟု ပြည်တွင်း တောင်တက်ခရီးသွားသူတစ်ဦးက တောင်ဝိုင်းတောင်ရှိ စွန့်ပစ်အမှိုက်များကို ပြသရင်း မေတ္တာရပ်ခံထားသည်။ ထိုနည်းတူ ဘားအံမြိူ့ရှိ ဇွဲကပင်တောင်၊ ကော့ကသောင်တောင်၊ မိဇံတောင်တို့တွင်လည်း ပလပ်စတစ်အမှိုက်များ များပြားနေသည်ဟု ကိုယ်တိုင်တက်ရောက်ခဲ့သူများက...

ငလျင်ဒဏ်ခံခဲ့ရသည့် ကျိုက်လတ်ချောင်စေတီနှင့် တိလောကဂုရု လှိုဏ်ဂူတော်တို့ကို ပြန်လည်ပြုပြင်ပြီးဖြစ်

ငလျင်ဒဏ်ခံခဲ့ရသည့် ပင်းယခေတ်နံရံပန်းချီရှိသည့် ကျိုက်လတ်ချောင် စေတီနှင့် ညောင်ရမ်းခေတ်နံရံပန်းချီများရှိရာ တိလောကဂုရု လှိုဏ်ဂူတော်တို့ကို ပြန်လည်ပြုပြင် ထိန်းသိမ်းပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။ ထိုစေတီ နှစ်ဆူကို နှလုံးသားထဲကပုဂံအဖွဲ့က ငလျင်ပျ-က်စီးမှုဓါတ်ပုံမှတ်တမ်း ရိုက်ကူးကောက်ယူစဉ်ကပင် မိုးမကျခင် ပြန်လည် ပြုပြင်ထိန်းသိမ်းခွင့်ပြုပါရန် ရှေးဟောင်းသုတေသနဌာနသို့ ခွင်ပန်ခဲ့ပြီးအလှူငွေပေးအပ်ကာ ရှေးသုအင်ဂျင်နီယာဌာနကပင် ပြုပြုင်ထိန်းသိမ်းပေးခဲ့ခြင်းလည်း ဖြစ်သည်။ ထိုစေတီနှစ်ဆူ ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန် ပါဝင်ခဲ့သူ ကိုမျိုးဆွေသန်း၏ လူမှုကွန်ယက်တွင် မျှဝေထားမှုအရ “အဲဒီနံရံပန်းချီတွေ ပျ-က်စီးသွားရင်တော့ညောင်ရမ်းခေတ်က ပြနိုင်စရာ အခြားစေတီတွေရှိနေသေးပေမယ့် ပင်းယခေတ်အတွက်တော့ ပြနိုင်စရာ ရှိတော့မှာ မဟုတ်ပါ”ဟု မျှဝေထားသည်။ လက်ရှိတွင် တိလောကဂုရု လှိုဏ်ဂူတော် ပြီးမြောက်အောင်မြင်ပြီဖြစ်ကာ...

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) တွင် မွေးဖွား​သောအောက်ချင်းငှက်​လေးအသိုက်မှထွက်ပြီ

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ ထိန်းသိမ်းစောင့်ရှောက်ရမည့်ငှက်မျိုးစိတ်ဖြစ်သည့် အောက်ချင်းငှက် အကောင်ပေါက်လေးကို အောင်မြင်စွာ မွေးဖွားခဲ့နိုင်သည်။ ထိုအောက်ချင်းငှက် အကောင်ပေါက်လေးသည် ဇွန်လ ၁၇ရက်နေ့၌ မိခင်အောက်ချင်းငှက်မနှင့်အတူ အသိုက်အတွင်းမှ ထွက်လာကြပြီး ပြင်ပလောကနှင့် စတင်ထိတွေ့ခဲ့သည်ဟု တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကဆိုသည်။ အောက်ချင်းငှက်ပေါက်စလေးအား မွေးဖွားရန် အောက်ချင်းငှက်မ မှ အသိုက်အတွင်း စတင်ဝင်အောင်းသောနေ့မှာ မတ်လ ၉ ရက်နေ့ဖြစ်ပြီး ပေါက်စလေး၏ စတင်မွေးဖွားခြင်း အမှတ်အသားဖြစ်သော သာယာနာပျော်ဖွယ် ငှက်သံငယ်လေးကို ဧပြီလ ဆယ်ရက်နေ့ တွင် ပထမဦးစွာ ကြားခဲ့ရသည်ဟုလည်း သိရသည်။ အောက်ချင်းငှက်များသည် ကာကွယ်ရန် ထိန်းသိမ်းစောင့်ရှောက်သင့်သော ငှက်မျိုးစိတ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071