Thursday, June 19, 2025

အစ္စရေး-အီရန်စစ်ပွဲဆဌမမြောက်နေ့ရောက်လာ၊ အီရန်ကိုချွင်းချက်မရှိ အညံ့ခံရန် ထရမ့်ပ်တောင်းဆို

   အီရန်နိုင်ငံအနေဖြင့် မည်သည့်တစုံတရာသော စည်းကမ်းသတ်မှတ်ချက်မှမထားဘဲ အညံ့ခံရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်ပ့်က တို-က်တွန်းခဲ့သော်ငြားလည်း အစ္စရေးနှင့် အီရန်တို့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ဒုံးကျည်များ ဖြင့်...

ဟော်မုဇ်ရေလက်ကြားပိ-တ်မည်ဟုအီရန်ခြိမ်းခြောက်၍ရေနံဈေးတက်နိုင်

         အီရန်နိုင်ငံကသာ ဟော်မုဇ်ရေလက်ကြားကို ပိ-တ်ရန် ဆုံးဖြတ်ခဲ့ပါက ရေနံဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၃၀ အထိ မြင့်တက်သွားနိုင်ကြောင်း အန်တာရာသတင်းဌာနကို ကိုးကား၍ တူရကီသတင်းစာဟူရီယက်...

ကုန်လမ်းနှင့်လေကြောင်းဆက်သွယ်မှုပိုကောင်းစေရေးတရုတ်နှင့်ဗဟိုအာရှနိုင်ငံများသဘောတူ

တရုတ်နှင့် ဗဟိုအာရှနိုင်ငံများသည် ကာလမ်း၊ မီးရထားလမ်းနှင့် လေကြောင်း ဆက်သွယ်‌ရေး ကို ပိုမိုတိုးတက် ကောင်းမွန်စေရန် ဆန္ဒရှိနေကြသည်။ အပြန်အလှန်ဆက်သွယ်‌ရေးကို တိုးမြှင့်ရန် သဘောတူကြသောကြောင့်...

ထိုင်းနှင့် နယ်မြေအငြင်းပွားမှုတွင် အစိုးရကို ထောက်ခံကြောင်း...

     ပြီးခဲ့သောလက ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့မှုမှ အစပြုခဲ့သည့် ထိုင်းနိုင်ငံနှင့် ဆက်လက်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ ဗုဒ္ဓဟူးနေ့တွင် မြို့တော်ဂျကာတာ၌ အစိုးရက စီစဉ်သော...
HomeInternationalပြင်သစ်သမ္မတ၏ဗီယက်နမ်ခရီးစဉ်တွင် ဂြိုဟ်တုနှင့် နျူစွမ်းအင်အရေး...

ပြင်သစ်သမ္မတ၏ဗီယက်နမ်ခရီးစဉ်တွင် ဂြိုဟ်တုနှင့် နျူစွမ်းအင်အရေး အဆွေးနွေးမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ်လ်မက်ခရွန်၏ လာမည့်သီတင်းပတ်၌ သွားရောက်မည့်ဗီယက်နမ်နိုင်ငံ ခရီးစဉ်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် ဆွေးနွေးကြမည့် အကြောင်းအရာများတွင် အခြေခံအဆောက်အဦးနှင့် စွမ်းအင်ကဏ္ဍတို့ပါဝင်ရန် မျှော်လင့်ရသည်။ ၎င်း၏ ကိုလိုနီနိုင်ငံဟောင်းသို့ နိုင်ငံတော်ခရီးစဉ်အတွင်း သဘောတူညီချက်များကို ဒါဇင်နှင့်ချီ၍ လက်မှတ်ရေးထိုးဖွယ်ရှိသည်။

ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပြင်သစ်သမ္မတတစ်ဦး၏ ပထမဆုံး ဗီယက်နမ်ခရီးစဉ်သည် ကြီးမားသော အရှေ့တောင်အာရှခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ မက်ခရွန်သည် မေ ၂၅ ရက်တွင် ဟနွိုင်သို့ ရောက်ရှိမည်ဖြစ်ကာ မေ ၂၇ ရက်တွင် အင်ဒိုနီးရှားသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ ယင်းနောက် မေ ၃၀ ရက်တွင် စတင်မည့် အရှေ့တောင်အာရှ၏ ထိပ်တန်းကာကွယ်ရေးညီလာခံတစ်ခုဖြစ်သော နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရှန်ဂရီလာဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်းပြောခြင်းဖြင့် စင်ကာပူနိုင်ငံတွင် ခရီးစဉ် ကိုအဆုံးသတ်မည်ဖြစ်သည်။

ဒါဇင်နှင့်ချီသော သဘောတူညီချက်များအတွက် ပြင်ဆင်ထားကြောင်းနှင့် ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း မက်ခရွန်၏ သမ္မတရုံးက ပြောကြားခဲ့သည်။ တနင်္လာနေ့ လက်မှတ်ရေးထိုးခြင်း အခမ်းအနား မတိုင်မီသဘောတူညီချက် ၃၀ ခန့်အတွက် ဆွေးနွေးလျက်ရှိသည်ဟု ဆွေးနွေးမှုနှင့် နီးစပ်သည့် အရာရှိတစ်ဦးက ပြောဆိုသည်။

မက်ခရွန်သည် မကြာသေးမီ ရက်သတ္တပတ်များအတွင်းက ဒေသတွင်းသို့ လာရောက်ခဲ့ကြသည့် တရုတ်၊ ဂျပန်နှင့် အခြားဥရောပနိုင်ငံများ၏ ခေါင်းဆောင်များကဲ့သို့ပင် ဒေသတွင်းကို လာရောက်ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များနှင့် ကုန်သွယ်မှုဆိုင်ရာ မရေရာမှုများကြားတွင် အရှေ့တောင်အာရှ၏ မဟာဗျူဟာမြောက် အရေးပါမှု၏ လက္ခဏာတစ်ရပ်ဖြစ်သည်။

Ref: ဂလိုဘယ်လ် ဘန့်ကင်းအင်န် ဖိုင်နန့်စ် ရီဗျူး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အစ္စရေး-အီရန်စစ်ပွဲဆဌမမြောက်နေ့ရောက်လာ၊ အီရန်ကိုချွင်းချက်မရှိ အညံ့ခံရန် ထရမ့်ပ်တောင်းဆို

   အီရန်နိုင်ငံအနေဖြင့် မည်သည့်တစုံတရာသော စည်းကမ်းသတ်မှတ်ချက်မှမထားဘဲ အညံ့ခံရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်ပ့်က တို-က်တွန်းခဲ့သော်ငြားလည်း အစ္စရေးနှင့် အီရန်တို့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ဒုံးကျည်များ ဖြင့် အပြန်အလှန် ဆက်လက် ပ-စ်ခတ်ခဲ့ပြီး ကာလကြာရှည် ရန်ဘက်များအကြား လေကြောင်းမှ စစ်ခင်းမှုသည် ခြောက်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့သည်။        အီရန်သည် ဗုဒ္ဓဟူးနေ့နံနက်အစောပိုင်း နှစ်နာရီအတွင်း အစ္စရေးကို နှစ်ကြိမ်တိုင် ဒုံးမိုးရွာခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ တယ်လဗီ ဝေဟင်တွင် ပေါ-က်ကွဲသံများထွက်ပေါ်ခဲ့သည်။       မိမိတို့ လေတပ်သည် အီရန်စစ်စခန်းများကို တို-က်ခို-က်မည်ဖြစ်၍ တေရန်မြို့ခံများ ဘေးလွတ်ရာရွှေ့ကြရန် အစ္စရေးက ပြောကြားခဲ့သည်။...

ဟော်မုဇ်ရေလက်ကြားပိ-တ်မည်ဟုအီရန်ခြိမ်းခြောက်၍ရေနံဈေးတက်နိုင်

         အီရန်နိုင်ငံကသာ ဟော်မုဇ်ရေလက်ကြားကို ပိ-တ်ရန် ဆုံးဖြတ်ခဲ့ပါက ရေနံဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၃၀ အထိ မြင့်တက်သွားနိုင်ကြောင်း အန်တာရာသတင်းဌာနကို ကိုးကား၍ တူရကီသတင်းစာဟူရီယက် က တနင်္လာနေ့တွင် သတင်းဖော်ပြခဲ့သည်။       မကြာခင်က အစ္စရေး၏ တို-က်ခို-က်မှုများကို တုန့်ပြန်သည့် အနေဖြင့် တေရန်သည် ရေလက်ကြားကို ပိ-တ်ပစ်ရန် စဉ်းစားနေသည်ဟု အီရန် ပါလီမန် နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မတီ အဖွဲ့ဝင် အီစမိုင်ကိုဆာရီက စနေနေ့တွင် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ သတိပေးချက်ထွက်လာခြင်းဖြစ်သည်။         “ရန်သူကို အပြစ်ပေးရာမှာ ကျွန်ုပ်တို့ရဲ့ လက်တွေကို ကျယ်ကျယ်ဖွင့်ထားပြီး စစ်ရေးတုန့်ပြန်မှုက...

ကုန်လမ်းနှင့်လေကြောင်းဆက်သွယ်မှုပိုကောင်းစေရေးတရုတ်နှင့်ဗဟိုအာရှနိုင်ငံများသဘောတူ

တရုတ်နှင့် ဗဟိုအာရှနိုင်ငံများသည် ကာလမ်း၊ မီးရထားလမ်းနှင့် လေကြောင်း ဆက်သွယ်‌ရေး ကို ပိုမိုတိုးတက် ကောင်းမွန်စေရန် ဆန္ဒရှိနေကြသည်။ အပြန်အလှန်ဆက်သွယ်‌ရေးကို တိုးမြှင့်ရန် သဘောတူကြသောကြောင့် ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံနှင့် အသွားအပြန် တို-က်ရို-က်လေကြောင်းခရီးစဉ်များကို ပိုမိုပြေးဆွဲရန်လည်း ကြိုးပမ်းကြမည်ဖြစ်သည်။ ဗဟိုအာရှငါးနိုင်ငံအတွက် ဗီဇာလုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ်ကူစေရေး အတွက် ဆောင်ရွက်ပေးမည်ဖြစ်ကာ ကောင်စစ်‌‌ရေးရာရုံးများဖွင့်လှစ်ရေး လွယ်ကူချောမွေ့စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အကဲဖြ-တ်သွားမည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့သည်။ တရုတ်သည် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်တို့နှင့်အတူ လက်ရှိ ရှိပြီးသားဆိပ်ကမ်းများကို ခေတ်မီအဆင့်မြင့်တင်သွားရန်နှင့် ဆိပ်ကမ်းသစ်များ လိုအပ်နိုင်ခြေအတွက် ဆန်းစစ်သွားမည်ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071