Friday, June 5, 2026

မိုရ်းနိယာမကို ပြန်ရေးမည့်ကွန်ပျူတာချစ်ပ်ကို ဟွာဝေးတီထွင်

ဇွန်လ ၂၈ ရက် တရုတ်သုတေသီများသည် ဟွာဝေနည်းပညာကုမ္ပဏီနှင့် ပူးပေါင်းကာ နှစ်ဖက်မြင် တစ်ပိုင်းလျှပ်ကူးပစ္စည်းကို အသုံးပြု၍ ကမ္ဘာ့ပထမဆုံး ပြိုင်တူတွက်ချက်သော ပရိုဆက်ဆာ ကို တည်ဆောက်နိုင်ခဲ့သည်။ ဆီလီကွန်အခြေခံ...

ဇီလန်းစကီးကဆွေးနွေးရန်မော်စကိုသို့ အချိန်မရွေးလာနိုင်–ရုရှား

မော်စကို၊ ဇွန်လ ၄ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီး အနေဖြင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် ဆန္ဒရှိပါက မော်စကိုသို့ အချိန်မရွေး လာရောက်နိုင်ကြောင်း...

ကျောင်းသုံးပစ္စည်းများကို ပူတာအိုခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက်...

ကချင်ပြည်နယ်၊ ပူတာအို ခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများကို  မြစ်ကြီးနားလေဆိပ်မှ တဆင့် တပ်မတော်လေယာဉ်ဖြင့် ပေးပို့ခဲ့သည်။ ပညာရေးဝန်ကြီးဌာနက ကချင်ပြည်နယ်အတွင်းရှိ ကျောင်းအပ်နှံရေးအစီအစဉ်တွင် ကျောင်း...

ရတနာ ကမ်းလွန် ပလက်ဖောင်း ရှိ...

ရတနာ ကမ်းလွန် ပလက်ဖောင်း ရှိ low pressure (LP) compressor (A)နှင့် (B) သည် ဇွန်လ (၄)ရက်နေ့က...
HomeMoviesပျူခေတ်၊ ကုန်းဘောင်ခေတ် ရှေးဟောင်းဒင်္ဂါး...

ပျူခေတ်၊ ကုန်းဘောင်ခေတ် ရှေးဟောင်းဒင်္ဂါး ၆၆၁ ပြားအပ်နှံသူများကို ကျပ်သိန်း ၅၄၀ ကျော်ချီးမြှင့်

ရှေးဟောင်းဝတ္ထုပစ္စည်းများဖြစ်သည့် ပျူခေတ်ငွေဒင်္ဂါး ၃၃၃ ပြားနှင့် ကုန်းဘောင်ခေတ် ဒင်္ဂါး ၃၂၈ ပြား အပ်နှံခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေစုစုပေါင်း ကျပ်သိန်း ၅၄၀ ကျော် ချီးမြှင့်ပေးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲကို ဇွန် ၅ ရက်က အမျိုးသားပြတိုက်(နေပြည်တော်)တွင် ကျင်းပခဲ့ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအေးထွန်းနှင့် ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံသူများ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် မိုးဖုံးအုပ်စု ဗဟန်းကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဝရဉာဏက ကုန်းဘောင်ခေတ် သတ္တုစပ်ဒင်္ဂါး ၃၂၈ ပြားကို လာရောက်အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေ ကျပ် ၅၆၂၅၀၀၀ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှ ဦးဝင်းကိုကိုမောင်က ပျူခေတ် ငွေဒင်္ဂါး ၃၃၃ ပြားကို လာရောက်အပ်နှံခဲ့ခြင်းအတွက် ကာလတန်ဖိုး၊ ခေတ်ကာလဆုကြေး၊ ခေတ်လက်ရာဆုကြေးနှင့် ရှားပါးလက်ရာထပ်ဆောင်းဆုကြေးများအပါအဝင် စုစုပေါင်း ဆုကြေးငွေ ကျပ် ၄၈၅၃၂၄၈၄ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ရွှေ၊ ငွေ၊ ကြေးနှင့် အခြားရှေးဟောင်းဝတ္ထုပစ္စည်း စုစုပေါင်း ၃၃၆၁၅ ခုအား လာရောက်အပ်နှံခဲ့သူ ၄၅၉ ဦးကို ဆုကြေးငွေစုစုပေါင်း ကျပ် ၅၉၈၆၇၉၀၇၂ ချီးမြှင့်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုရ်းနိယာမကို ပြန်ရေးမည့်ကွန်ပျူတာချစ်ပ်ကို ဟွာဝေးတီထွင်

ဇွန်လ ၂၈ ရက် တရုတ်သုတေသီများသည် ဟွာဝေနည်းပညာကုမ္ပဏီနှင့် ပူးပေါင်းကာ နှစ်ဖက်မြင် တစ်ပိုင်းလျှပ်ကူးပစ္စည်းကို အသုံးပြု၍ ကမ္ဘာ့ပထမဆုံး ပြိုင်တူတွက်ချက်သော ပရိုဆက်ဆာ ကို တည်ဆောက်နိုင်ခဲ့သည်။ ဆီလီကွန်အခြေခံ စက်ပစ္စည်းများသည် ၎င်းတို့၏  အတိုင်းအတာကန့်သတ်ချက်များရှိလာတော့မည်ဖြစ်၍ ကွန်ပျူတာတွက်ချက်မှုစွမ်းရည်သည် နှစ်နှစ်လျှင် တစ်ကြိမ်ခန့် နှစ်ဆတိုးလာပြီး ကုန်ကျစရိတ်မှာ ထက်ဝက်ခန့် လျော့ကျသွားသည်ဟူသော "မိုးရ်၏နိယာမ" (Moore's Law) သည် အလှည့်အပြောင်းတစ်ခုနှင့် ရင်ဆိုင်နေရသည်။ သို့သော်လည်း မိုလစ်ဘ်ဒီနမ် ဒိုင်ဆာလ်ဖိုဒ် ကဲ့သို့သော နှစ်ဖက်မြင်ပစ္စည်းများသည် သဘာဝအတိုင်း အက်တမ်တစ်ကိုယ်စာမျှသာ အထူရှိသဖြင့် အီလက်ထရွန်များကို တည်ငြိမ်ပြီး ထိရောက်စွာ...

ဇီလန်းစကီးကဆွေးနွေးရန်မော်စကိုသို့ အချိန်မရွေးလာနိုင်–ရုရှား

မော်စကို၊ ဇွန်လ ၄ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီး အနေဖြင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် ဆန္ဒရှိပါက မော်စကိုသို့ အချိန်မရွေး လာရောက်နိုင်ကြောင်း ခရမ္မလင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စကော့ဗ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ဇီလန်းစကီးသည် ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်မည့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် တွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ရန် အဆိုပြုထားသည့် ပေးစာတစ်စောင်ကို ကြာသပတေးနေ့ အစောပိုင်းက ထုတ်ပြန်ခဲ့သည်။ ရုရှားအစိုးရအနေဖြင့် အဆိုပါ ပေးစာကို ပြန်လည်သုံးသပ်ထားပြီးဖြစ်ကာ ပူတင်၏ လုပ်ငန်းခွင်အစည်းအဝေးအပြီးတွင်...

ကျောင်းသုံးပစ္စည်းများကို ပူတာအိုခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် တပ်မတော်လေယာဉ်ဖြင့် ပေးပို့

ကချင်ပြည်နယ်၊ ပူတာအို ခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများကို  မြစ်ကြီးနားလေဆိပ်မှ တဆင့် တပ်မတော်လေယာဉ်ဖြင့် ပေးပို့ခဲ့သည်။ ပညာရေးဝန်ကြီးဌာနက ကချင်ပြည်နယ်အတွင်းရှိ ကျောင်းအပ်နှံရေးအစီအစဉ်တွင် ကျောင်း သား၊ ကျောင်းသူများအား အခမဲ့ထောက်ပံ့နိုင်ရေး နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် မန္တလေး-မြစ်ကြီးနားလမ်းအတိုင်း ပေးပို့လာသော ယာဉ်တန်းမှပါဝင်ခဲ့သည့် ကျောင်းပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်နှင့်စာရေးကိရိယာများအား တပ်မတော် လေယာဉ်ဖြင့် ပေးပို့ခဲ့ကြခြင်းလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071