ပဲခူးတိုင်းမြို့နယ် (၂၈) မြို့နယ်ရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါး တစ်လစာ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၂၃)ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးမှုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၁)ကြိမ်မြောက်ရှိပြီဖြစ်ကာ၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး (၁)လစာ လစဉ်ထောက်ပံ့ပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
ယနေ့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့် ရှောက်မှုပေးနေခြင်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကသွား ရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။