Wednesday, June 10, 2026

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ...

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ...

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန်...

ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄)...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့်...
HomeCelebrities' Newsပူပင်သောကတွေမရှိဘူးဆိုရင်တော့ ရဟန်းဘဝနဲ့ပဲတစ်သက်လုံးတရားအားထုတ်ချင်တဲ့ ဦးဇင်းဦးပေါ်လေး

ပူပင်သောကတွေမရှိဘူးဆိုရင်တော့ ရဟန်းဘဝနဲ့ပဲတစ်သက်လုံးတရားအားထုတ်ချင်တဲ့ ဦးဇင်းဦးပေါ်လေး

ပူပင်သောကတွေမရှိဘူးဆိုရင်တော့ ရဟန်းဘဝနဲ့ပဲတစ်သက်လုံးတရား
အားထုတ်ချင်တဲ့ ဦးဇင်းဦးပေါ်လေး

အခုလက်ရှိအချိန်မှာတော့ ဟာသသရုပ်ဆောင်ဦးပေါ်လေးက ဦးဇင်းဝါယမဘွဲ့အမည်နဲ့
သာသနာ့ဘောင်မှာ တရားအားထုတ်လျက်ရှိပါတယ်။ သာသနာ့ဘောင်မှာတစ်ဝါရအောင်
တရားအားထုတ်မှာဖြစ်ကြောင်းလည်းသိရပါတယ်။ ဒီလိုCovidကာလမှာ အေးအေးချမ်းချမ်းနဲ့
တရားအားထုတ်ချင်တဲ့အတွက် ရဟန်းဝတ်ဖြစ်ခြင်းဖြစ်တယ်လို့လည်း ဦးဇင်းဦးပေါ်လေးက
မိန့်ပါတယ်။
‘’ ဒါယကာမကြီး ကလည်း ဆုံးသွားတာကြာပြီလေ။
ဦးဇင်းမှာသားတစ်ယောက်သမီးတစ်ယောက်ရှိတယ်။
သူတို့လည်းသူတို့အိမ်ထောင်တွေနဲ့ သူတို့နေကြတယ်ဆိုတော့ ဦးဇင်းလွှတ်ထားလို့ရပြီလေ။
ဒါကြောင့်ဦးဇင်းတစ်ပါးတည်းအေးအေးချမ်းချမ်းနဲ့ နေလို့ရတယ်လေ။ ဦးဇင်းမှာ နှောင်တွယ်စရာ
သံယောဇဉ်မရှိတော့ပါဘူး။ ဒါကြောင့်ဦးဇင်းလည်း ဒီနှစ်တော့ တစ်ဝါဆိုမယ်ဆိုပြီးတော့ ၀ါဆို
လိုက်တာပါ’’ လို့ သာသနာဘောင်ဝတ်ဖြစ်ခြင်းနဲ့ပတ်သက်လို့ ဦးဇင်းဦးပေါ်လေးက မိန့်ပါတယ်။
သာသနာဘောင်မှပဲ တစ်သက်လုံးတရားအားထုတ်သွားဖို့အစီအစဉ်ရှိပေမဲ့လည်း အခြေအနေရ
ပြန်စဉ်းစားနေရတာလေးတွေရှိသေးတယ်လို့ မိန့်ပါတယ်။
‘’ဘာကြောင့်လည်းဆိုတော့ ရဟန်းဘဝဆိုတာကလည်း မလွယ်လှပါဘူး။ စောင့်ထိန်းရတဲ့
ကျင့်ဝတ်နဲ့သီလနဲ့ အများကြီးရှိတယ်။ တစ်နည်းအားဖြင့်တော့ အေးအေးဆေးဆေးနဲ့
တရားအားထုတ်လို့ ကောင်းတာပေါ့လေ။ အသက်တစ်အားကြီးလာတဲ့အခါကြတော့လည်း
ဦးဇင်းကမဝတ်ချင်ဘူး။ ရဟန်းကိစ္စကမလွယ်ဘူုးလေ။ ဆွမ်းကွမ်းကစပြီးတော့ ပူပင်သောက
ရောက်ရတာပေါ့။ အခုခေတ်အခုကာလမှ ဆွမ်းခံကြွလို့လည်းမရပြန်ဘူးလေ။ ဒါကြောင့် တစ်သက်
လုံးဝတ်နိူင်ဖို့ဆိုတာကတော့ မဆုံးဖြတ်ရသေးပါဘူး။ ဒါကတော့ အခြေအနေပေါ်မှာမူတည်တာပေါ့။
ဘာမှပူပင်သောကမရှိဘူးဆိုရင်တော့ ရဟန်းဘဝ နဲ့ပဲနေရတာကောင်းပါတယ်’’လို့ ဦးဇင်းဦးပေါ်လေး
ကမိန့်ပါတယ်။

ပူပင္ေသာကေတြမရွိဘူးဆုိရင္ေတာ့ ရဟန္းဘ၀နဲ့ပဲတစ္သက္လုံးတရား
အားထုတ္ခ်င္တဲ့ ဦးဇင္းဦးေပၚေလး

အခုလက္ရွိအခ်ိန္မွာေတာ့ ဟာသသရုပ္ေဆာင္ဦးေပၚေလးက ဦးဇင္း၀ါယမဘြဲ့အမည္နဲ့
သာသနာ့ေဘာင္မွာ တရားအားထုတ္လ်က္ရွိပါတယ္။ သာသနာ့ေဘာင္မွာတစ္၀ါရေအာင္
တရားအားထုတ္မွာျဖစ္ေၾကာင္းလည္းသိရပါတယ္။ ဒီလုိCovidကာလမွာ ေအးေအးခ်မ္းခ်မ္းနဲ့
တရားအားထုတ္ခ်င္တဲ့အတြက္ ရဟန္း၀တ္ျဖစ္ျခင္းျဖစ္တယ္လုိ့လည္း ဦးဇင္းဦးေပၚေလးက
မိန့္ပါတယ္။
‘’ ဒါယကာမၾကီး ကလည္း ဆုံးသြားတာၾကာျပီေလ။
ဦးဇင္းမွာသားတစ္ေယာက္သမီးတစ္ေယာက္ရွိတယ္။
သူတုိ့လည္းသူတုိ့အိမ္ေထာင္ေတြနဲ့ သူတုိ့ေနၾကတယ္ဆုိေတာ့ ဦးဇင္းလႊတ္ထားလုိ့ရျပီေလ။
ဒါေၾကာင့္ဦးဇင္းတစ္ပါးတည္းေအးေအးခ်မ္းခ်မ္းနဲ့ ေနလုိ့ရတယ္ေလ။ ဦးဇင္းမွာ ေႏွာင္တြယ္စရာ
သံေယာဇဥ္မရွိေတာ့ပါဘူး။ ဒါေၾကာင့္ဦးဇင္းလည္း ဒီႏွစ္ေတာ့ တစ္၀ါဆုိမယ္ဆုိျပီးေတာ့ ၀ါဆုိ
လုိက္တာပါ’’ လုိ့ သာသနာေဘာင္၀တ္ျဖစ္ျခင္းနဲ့ပတ္သက္လုိ့ ဦးဇင္းဦးေပၚေလးက မိန့္ပါတယ္။
သာသနာေဘာင္မွပဲ တစ္သက္လုံးတရားအားထုတ္သြားဖုိ့အစီအစဥ္ရွိေပမဲ့လည္း အေျခအေနရ
ျပန္စဥ္းစားေနရတာေလးေတြရွိေသးတယ္လုိ့ မိန့္ပါတယ္။
‘’ဘာေၾကာင့္လည္းဆုိေတာ့ ရဟန္းဘ၀ဆုိတာကလည္း မလြယ္လွပါဘူး။ ေစာင့္ထိန္းရတဲ့
က်င့္၀တ္နဲ့သီလနဲ့ အမ်ားၾကီးရွိတယ္။ တစ္နည္းအားျဖင့္ေတာ့ ေအးေအးေဆးေဆးနဲ့
တရားအားထုတ္လုိ့ ေကာင္းတာေပါ့ေလ။ အသက္တစ္အားၾကီးလာတဲ့အခါၾကေတာ့လည္း
ဦးဇင္းကမ၀တ္ခ်င္ဘူး။ ရဟန္းကိစၥကမလြယ္ဘူုးေလ။ ဆြမ္းကြမ္းကစျပီးေတာ့ ပူပင္ေသာက
ေရာက္ရတာေပါ့။ အခုေခတ္အခုကာလမွ ဆြမ္းခံၾကြလုိ့လည္းမရျပန္ဘူးေလ။ ဒါေၾကာင့္ တစ္သက္
လုံး၀တ္ႏူိင္ဖုိ့ဆုိတာကေတာ့ မဆုံးျဖတ္ရေသးပါဘူး။ ဒါကေတာ့ အေျခအေနေပၚမွာမူတည္တာေပါ့။
ဘာမွပူပင္ေသာကမရွိဘူးဆုိရင္ေတာ့ ရဟန္းဘ၀ နဲ့ပဲေနရတာေကာင္းပါတယ္’’လုိ့ ဦးဇင္းဦးေပၚေလး
ကမိန့္ပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071