Home Movies ပုသိမ်မြို့မဟာသင်္ကြန်တွင် သနပ်ခါးမဏ္ဍပ်၊ ထမင်းနှဲစတုဒီသာမဏ္ဍပ်နှင့် လက်ဖက်စတုဒီသာ မဏ္ဍပ်များပါ ထည့်သွင်း ကျင်းပမည်

ပုသိမ်မြို့မဟာသင်္ကြန်တွင် သနပ်ခါးမဏ္ဍပ်၊ ထမင်းနှဲစတုဒီသာမဏ္ဍပ်နှင့် လက်ဖက်စတုဒီသာ မဏ္ဍပ်များပါ ထည့်သွင်း ကျင်းပမည်

0
137

ပုသိမ်မြို့မဟာသင်္ကြန်တွင် သနပ်ခါးမဏ္ဍပ်၊ ထမင်းနှဲစတုဒီသာမဏ္ဍပ်နှင့် လက်ဖက်စတုဒီသာ မဏ္ဍပ်များပါ ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မဟာသင်္ကြန်ကို ကမ်းနားလမ်းတစ်လျှောက် ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာ မဏ္ဍပ် ၅ ခုဖြင့် ပေ၃၀၀၀အရှည်ရှိ လမ်းလျှောက်သင်္ကြန်ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။

ထို့ပြင် သနပ်ခါးမဏ္ဍပ်၊ ထမင်းနှဲစတုဒီသာမဏ္ဍပ်နှင့် လက်ဖက်စတုဒီသာမဏ္ဍပ်များပါဝင်မည်ဟု ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

“လူပျိုတို့ရွာ´´အမည်ဖြင့် ပုဂ္ဂလိက မဏ္ဍပ်တစ်ခုမှလည်း DJများ၊ dancer အဖွဲ့များဖြင့် အများပြည်သူလာရောက်အနားယူအပန်းဖြေနေချိန် မနက် ၁၀ နာရီမှ ညနေ ၄နာရီအထိ ဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း အဆိုပါမဏ္ဍပ် စီစဥ်သူ ဦးအောင်အောင်က ပြောသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် မဟာသင်္ကြန်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here