ယနေ့(ဧပြီ ၁၀ ရက်) မွန်းလွဲ၂ နာရီ၅၀ အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အကျော်တန်းလမ်းတွင်ဂတ်စ်အိုးပေါက်ကွဲရာမှ မီးလေ-ာင်မှုဖြစ်ပွားကြောင်း သိရသည်။
အဆိုပါသတင်းရရှိသဖြင့် အခင်းဖြစ်ပွားရာသို့ ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလေ-ာင်မှုကို မွန်းလွဲ ၃နာရီ ၁၀မိနစ်ခန့်မှာ မီးထိန်းနိုင်ပြီး မွန်းလွဲ ၃နာရီ ခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
