မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်လယ်ကျွန်းကျေးရွာ(၉)ရွာကို လျှပ်စစ်ဓာတ်အားများ ပြန်လည်ပို့လွှတ်ပေးနိုင်ခဲ့သည်ဟု သိရသည်။
ထိုသို့ ပေးလွှတ်နိုင်မှုသည် မေလ(၂၀)ရက်နေ့မှစတင်ပြီး ပြန်လည်ပို့လွှတ်ပေးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းကျေးရွာ ကိုးရွာသည် ၂၀၁၉-၂၀၂၀ ဘဏ္ဏာရေးနှစ်၌
စတင်ကာ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် လျှပ်စစ်မီးပို့ပေးနိုင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်ဓာတ်အား မပို့ပေးနိုင်တော့သည့် ရွာများ ဖြစ်ခဲ့သည်။
ယခုအခါတွင်မူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ မင်းကွန်းဓာတ်အားခွဲရုံနှင့် ၁၄ မိုင်အကွာရှိ တောင်ဖီလာ ဓာတ်အားခွဲရုံမှ ဧရာဝတီမြစ်ကြော ဓာတ်အားလိုင်းတည်ဆောက်ကာ ပြန်လည်ပေးပို့နိုင်ခဲ့ခြင်း ဖြစ်သည်။
လျှပ်စစ်ဓာတ်အားများကို ဖြန့်ဖြူးပေးရာ၌ ကျေးရွာများရှိ မီးသုံးစွဲသူဦးရေအပေါ်မူတည်ကာ ဗို့အား အပြည့်သုံးစွဲနိုင်ရန် ထရန်စဖော်မာများ တည်ဆောက်ကာ လျှပ်စစ်ဓာတ်အားပြည့်ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။
ထို့အပြင် မီတာ အလုံးပေါင်း ၁၂၁၈ လုံးကို ချထားပေးပြီး ဖြစ်ကြောင်းလည်း သိရသည်။
