လုပ်ငန်းရှင်များအနေဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း (၁၀) ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်လိုသည့် ကုမ္ပဏီများနှင့် မိမိတို့ကိုယ်ပိုင်လုပ်ငန်းများ၊ လုပ်ငန်းခွဲများ၌ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်အပ်လိုသူများအနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ကော်မတီက လျှောက်လွှာများကို သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ/မရှိ စိစစ်ပြီး ညီညွတ်မှုရှိသည့် လျှောက်လွှာများကို သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ တင်ပြရမည်ဖြစ်ပြီး ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ကြီးကြပ်ကွပ်ကဲရေးကော်မတီများက လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ကို လျှောက်ထားသူထံ ထုတ်ပေးရမည်ဖြစ်ကြောင်း သိရသည်။