Friday, July 4, 2025

ရန်ကုန်တိုင်းအတွင်းရှိ ရေလှောင်တမံများ ရေသိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ချောင်းများအတွင်း...

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း မိုးရေချိန် ၂ လက်မဝန်းကျင်ရွာသွန်းခဲ့သော်လည်း သက်ဆိုင်ရာရေလှောင်တမံများက သိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ငမိုးရိပ်ချောင်းအတွင်း ရေအတက်လွန်ခြင်းမျိုးမရှိကြောင်း တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာနက ယနေ့ ဇူလိုင်၄ ရက်တွင်...

AFF Shopee Cup ခြေစစ်ပွဲ...

AFF Shopee Cup ဝင်ရောက်ခွင့်အတွက် ခြေစစ်ပွဲကို ရှမ်းယူနိုက်တက်အသင်း နှင့် လာအို EZRA FC အသင်းတို့ အိမ်ကွင်း/အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း...

ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း ထရမ့်ဆို

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုပြီးနောက် ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။ “အီရန်အပါအဝင် ကိစ္စအများကြီးကို...

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေသည် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်ကြောင်း ယနေ့ ဇူလိုင် ၄ ရက်၌ မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။ မိုး/ဇလ၏ အသိပေးချက်အရ ပဲခူးမြစ်ရေသည်...
HomeInternationalပါကစ္စတန် စစ်တပ်အကြီးအကဲကို ထရမ့်ပ်...

ပါကစ္စတန် စစ်တပ်အကြီးအကဲကို ထရမ့်ပ် လက်ခံတွေ့ဆုံ 


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ပါကစ္စတန်နိုင်ငံ စစ်တပ်အကြီးအကဲ ဖီးမာရှယ်အဆင်းမူနီယာကို ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်တွင် လက်ခံတွေ့ဆုံခဲ့သည်။ ပါကစ္စတန်စစ်တပ် အကြီးအကဲကို ရှားရှားပါးပါး လက်ခံတွေ့ဆုံမှုသည် တောင်အာရှပြိုင်ဘက်နှစ်နိုင်ငံအကြား မကြာခင်က ပေါ်ပေါက်ခဲ့သော တိုက်ပွဲကို ရပ်တန့်စေရန် သူကူညီပေးခဲ့သည်ဆိုသော ထရမ့်ပ်၏ အခိုင်အမာ ပြောကြားချက်နှင့် ပတ်သက်၍ အိန္ဒိယနှင့် အငြင်းပွားမှုကို အသစ်တဖန်ဖြစ်ပေါ်စေခဲ့သည်။
        
ပါကစ္စတန် အရပ်ဖက်အရာရှိများ မပါဝင်ဘဲ ပါကစ္စတန်နိုင်ငံ၏ သြဇာကြီးမားသော စစ်တပ် အကြီးအကဲကို အမေရိကန်သမ္မတတစ်ဦးက အိမ်ဖြူတော်တွင် လက်ခံတွေ့ဆုံ ဆွေးနွေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။
           
မူနီယာနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ထရမ့်ပ်က ပြောကြားခဲ့ပြီး ၎င်းတို့သည် အီရန်အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။ အိန္ဒိယနှင့် စစ်ပွဲကို အဆုံးသတ်ခဲ့သည့်အတွက် မူနီယာကို ကျေးဇူးတင်ကြောင်း ထရမ့်ပ်က ပြောကြားခဲ့သကဲ့သို့ အင်္ဂါနေ့တွင် ဖုန်းဆက်သွယ်ပြောဆိုခဲ့သည့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီကိုလည်း ချီးကျူးစကားဆိုခဲ့သည်။
        
  “အရမ်းလူကြီးလူကောင်းဆန်တဲ့ ပုဂ္ဂိုလ်နှစ်ဦးဟာ နျူကလီးစစ်ပွဲတစ်ခုဖြစ်သွားနိုင်တဲ့ စစ်ပွဲကို ရှေ့ဆက်မတိုးဖို့ ဆုံးဖြတ်ခဲ့ကြတယ်” ဟု ထရမ့်ပ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
         
မူနီယာအနေဖြင့် အီရန်နှင့် အစ္စရေး ပဋိပက္ခတွင် ဝင်မပါရေးနှင့် ယင်းအစား အပ-စ်အခတ်ရပ်စဲရေးကို တိုက်တွန်းပေးရေးအတွက်ထရမ့်ပ်ကို တောင်းဆိုသွားမည်ဟု မျှော်လင့်ထားကြောင်း ပါကစ္စတန် တာဝန်ရှိသူများက ပြောသည်။ အမေရိကနှင့် အီရန် တို့သည် သံတမန်ဆက်ဆံရေးမရှိသဖြင့် ဝါရှင်တန်တွင် အီရန်ဆိုင်ရာ အခန်းကဏ္ဍကို လက်ခံဆောင်ရွက်ပေးထားသော ပါကစ္စတန်က အီရန်အပေါ် အစ္စရေးက လေကြောင်းတို-က်ခို-က်မှုသည် နိုင်ငံတကာဥပဒေချိုးဖောက်မှုအဖြစ် ရှုတ်ချခဲ့သည်။
         
ဝါရှင်တန်သည် တရုတ်ကို တန်ပြန်ရန်အတွက် အိန္ဒိယနှင့် ဆက်ဆံရေးကို ပိုမိုဦးစားပေးသောကြောင့် ထရမ့်ပ်နှင့် ဘိုင်ဒင် အစိုးရနှစ်ရပ်စလုံးလက်ထက်တွင် တင်းမာနေခဲ့သော အမေရိက-ပါကစ္စတန် ဆက်ဆံရေးမှာ ၎င်းတို့၏ တွေ့ဆုံမှုကြောင့် ပြေလျော့သွားဖွယ်အလားအလာကို ပြ နေသည်။
         
မူနီယာနှင့် တွေ့ဆုံမှုမှ မည်သည့်အရာကို မျှော်လင့်ထားသလဲဟု မေးမြန်းခဲ့ရာတွင် ထရမ့်ပ်က “ကောင်းပြီး ငါစစ်ပွဲတစ်ခုကို ရပ်လိုက်တယ်။ ပါကစ္စတန်ကို နှစ်သက်တယ်။ မိုဒီက အံ့ဖွယ်လူပုဂ္ဂိုလ်လို့ ငါထင်တယ်။ ပြီးခဲ့တဲ့ညက ငါ သူနဲ့ ဖုန်းပြောခဲ့တယ်။ ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ အိန္ဒိယရဲ့ မိုဒီနဲ့အတူ ငါတို့ ဆက်လုပ်နေကြတယ်” ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။
          
အမေရိကန်ပြည်ထောင်စု၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ဆွေးနွေးခဲ့ကြပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်တို့ အပ-စ်အခ-တ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်းနှင့် ကုန်သွယ်မှုကို ဦးစားပေးရန် သူ တိုက်တွန်းခဲ့ကြောင်း ထရမ့်ပ်က ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သေးသည်။
        
သို့ရာတွင် အင်္ဂါနေ့က ဖုန်းပြောဆိုရာ၌ အိန္ဒိယနှင့် ပါကစ္စတန်အကြား တို-က်ရို-က်စစ်ဖက်ဆိုင်ရာ ဆွေးနွေးမှုများမှတဆင့် အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ခြင်းဖြစ်ကာ အမေရိက၏ ကြားဝင်ဆောင်ရွက်မှုကြောင့် မဟုတ်ကြောင်းကို မိုဒီက ထရမ့်ပ်ကို ပြောကြားခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗစ်ခရမ် မစ်ဆရီက ထုတ်ပြန်ပြောကြားခဲ့သည်။

Ref: စီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းအတွင်းရှိ ရေလှောင်တမံများ ရေသိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ချောင်းများအတွင်း ရေအတက် လွန်ခြင်းမျိုးမရှိ ဟုဆို

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း မိုးရေချိန် ၂ လက်မဝန်းကျင်ရွာသွန်းခဲ့သော်လည်း သက်ဆိုင်ရာရေလှောင်တမံများက သိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ငမိုးရိပ်ချောင်းအတွင်း ရေအတက်လွန်ခြင်းမျိုးမရှိကြောင်း တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာနက ယနေ့ ဇူလိုင်၄ ရက်တွင် အသိပေးထားသည်။ ယနေ့တွင် ငမိုးရိပ်ရေလှောင်တမံနှင့် သက်ဆိုင်ရာချောင်းများ၏‌ ရေဝင်‌ရောက်မှုအခြေနေကိုစစ်ဆေးခဲ့ကြရာ၊ငမိုးရိပ်ချောင်း (လှည်းကူးတံတား)၊ ငမိုးရိပ်ချောင်း (ကြို့ကုန်းတံတား)၊ ငမိုးရိပ်ချောင်း (ဖောင်ကြီးတံတား)၊ ငမိုးရိပ်ချောင်းအတွင်း စီးဝင်သည့် ဝါဒရယ်ချောင်း(မင်းကုန်း)နှင့် ငမိုးရိပ်ချောင်းအတွင်းစီးဝင်သည့် ကလီထော်ချောင်း(အမြန်လမ်းတံတား)တို့၏ ရေဝင်ရောက်မှုမှာ ပုံမှန်ခန့်သာရှိနေကြောင်း ဆိုသည်။ လက်ရှိ လှည်းကူးမြို့နယ်အတွင်း ရေလှောင်တမံ (၅)ခု ၏ မိုးရေဝင်ရောက်မှု အခြေ ဖော်ပြချက်အရ ငမိုးရိပ်ရေလှောင်တမံတွင် ၂.၀၅...

AFF Shopee Cup ခြေစစ်ပွဲ ရှမ်းယူနိုက်တက်အသင်း နှင့် လာအို EZRA FC အသင်းတို့ ယှဉ်ပြိုင်ကစားရမည်

AFF Shopee Cup ဝင်ရောက်ခွင့်အတွက် ခြေစစ်ပွဲကို ရှမ်းယူနိုက်တက်အသင်း နှင့် လာအို EZRA FC အသင်းတို့ အိမ်ကွင်း/အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း အသင်းက အသိပေးထားသည်။ အဆိုပါ ခြေစစ်ပွဲနှစ်ပွဲအနက် တစ်ပွဲမှာ လာအိုနိုင်ငံတွင်တစ်ကျော့၊ မြန်မာနိုင်ငံတွင် တစ်ကျော့ ယှဉ်ပြိုင်ကစားကြရမည်ဖြစ်သော်လည်း ခြေစစ်ပွဲ ကစားရမည့် ရက်များကိုတော့ ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ ဇူလိုင် ၄ ရက်က ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် AFF Shopee Cup Official Draw 2025/26 အခမ်းအနားကို ရှမ်းယူနိုက်တက်အသင်း...

ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း ထရမ့်ဆို

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုပြီးနောက် ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။ “အီရန်အပါအဝင် ကိစ္စအများကြီးကို ကျွန်တော်တို့ ပြောခဲ့ကြပြီး ယူကရိန်းစစ်ပွဲအကြောင်းလည်း ပြောခဲ့တယ်။ အဲဒီ (အခြေအနေ) ကို ကျွန်တော် ဘဝင်မကျပါဘူး” ဟု ထရမ့်က ဝါရှင်တန်အနီးရှိ Joint Base Andrews တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ပဋိပက္ခဖြေရှင်းရေးကို ရည်ညွှန်း၍ "ကျွန်တော် ဘာတိုးတက်မှုမှ မရခဲ့ဘူး" ဟုလည်း သူက အလေးပေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071