Looking for something?

Explore the website

Looking for something?

Friday, May 16, 2025

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက်...

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ...

​ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ထိုင်းကာကွယ်​ရေးဝန်ကြီး ​ပြောကြားချက်

ထိုင်းအစိုးရသည် တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများကို ဝယ်ယူထားသည့်အတွက် ကျန်ရှိသည့် ငွေများကို ပေးချေရန် တရုတ်သံအမတ်က ထိုင်းအစိုးရထံ အကြိမ်များစွာ တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီး Phumtham...

ဩစတြေးလျက အင်ဒိုနှင့် စီးပွားရေး၊ ကာကွယ်ရေးဆက်ဆံမှုများ...

မေ ၁၅ သြစတြေးလျ၏ အသစ်ပြန်လည်ရွေးကောက်ခံရသော ၀န်ကြီးချုပ် အန်သိုနီ အယ်လ်ဘနီးစ်သည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို နှင့်ကြာသပတေးနေ့တွင် တွေ့ဆုံခဲ့ပြီး၊  ၎င်း၏အနီးနားအိမ်နီးချင်းနိုင်ငံနှင့် စီးပွားရေး၊...
HomeInternationalပါကစ္စတန်ကဒုံးကျည်စမ်းသပ်၊ အိန္ဒိယကလုံခြုံရေးလေ့ကျင့်ပြင်ဆင်

ပါကစ္စတန်ကဒုံးကျည်စမ်းသပ်၊ အိန္ဒိယကလုံခြုံရေးလေ့ကျင့်ပြင်ဆင်

ပါကစ္စတန်သည် သုံးရက်အတွင်း ဒုတိယအကြိမ်မြောက် ဒုံးကျည်စမ်းသပ်မှုကို တနင်္လာနေ့တွင် ပြုလုပ်ခဲ့ပြီး အိန္ဒိယက လုံခြုံရေးလေ့ကျင့်ပြင်ဆင်မှုများလုပ်ရန် ပြည်နယ်အများအပြားကို အမိန့်ပေးခဲ့သဖြင့် အ‌ေ-သအပျေ-ာက်များသော ကက်ရှ်မီးယားတိုက်ခိုက်မှုဖြစ်အပြီးတွင် အိမ်နီးချင်းနှစ်နိုင်ငံအကြား ထိပ်တိုက်တွေ့မှုဆီဦးတည်သွားနိုင်သည့် အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
ကက်ရှ်မီးယားတွင် ဧပြီလ ၂၂ ရက် နေ့က ဟိန္ဒူခရီးသွားများကို ပစ်မှတ်ထားကာ တို-က်ခို-က်မှုကြောင့်ကမ္ဘာလှည့် ခရီးသွား ၂၆ ဦး‌ေ-သဆုံးခဲ့သည့် ဖြစ်ရပ်ပေါ်ပေါက်ပြီးနောက်ပိုင်း နျူကလီးယားလက်နက်ပိုင် နှစ်နိုင်ငံ၏ ဆက်ဆံရေးသည် ယိုယွင်းသွားခဲ့သည်။ အိန္ဒိယတွင် ဆယ်စုနှစ် (၂) ခုနီပါးအတွင်း အရပ်သားများအပေါ် အဆိုးဝါးဆုံးတိုက်ခိုက်မှုဖြစ်သည့် ယင်းတိုက်ခိုက်မှု၌ ပါကစ္စတန် ပါဝင်ပတ်သက်ကြောင်း အိန္ဒိယက စွပ်စွဲခဲ့သည်။ ပါကစ္စတန်က အဆိုပါ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး နူးဒေလီသည် ၎င်းတို့ကို မကြာခင် စစ်ရေးအရတိုက်ခိုက်ရန် ရည်ရွယ်နေသည့် ထောက်လှမ်းရေးသတင်းများရထားသည်ဟု ပြောကြားခဲ့သည်။

နှစ်နိုင်ငံသည် ၎င်းတို့၏ ကုန်းမြေနယ်စပ်ဝင်ပေါက်များကို ပိတ်ခြင်း၊ ကုန်သွယ်မှု ရပ်ဆိုင်းခြင်း၊ လေကြောင်းလိုင်းများကို လေကြောင်းပိုင်နက်အသုံးပြုခွင့် အပြန်အလှန်ပိတ်ပင်ခြင်းများလုပ်ခဲ့ကြကာ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့သည်။

အရပ်ဖက်ဆိုင်ရာ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုအနေဖြင့် မေလ ၇ ရက်လ‌နေ့တွင် လုံခြုံရေးဆိုင်ရာ သဏ္ဍာန်တူလေ့ကျင့်ပြင်ဆင်မှုများလုပ်ဆောင်ရန် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ပြည်နယ်အများအပြားကို ညွှန်ကြားခဲ့သည်ဟု အစိုးရသတင်းရင်းမြစ်တစ်ခုက တနင်္လာနေ့တွင် ရိုက်တာကို ပြောဆိုခဲ့သည်။

စစ်ရေးလေ့ကျင့်မှုများတွင် လေကြောင်းတို-က်ခို-က်မှု သတိပေးဥသြသံများ ထုတ်လွှင့်ခြင်း၊ နေရာရွှေ့ပြောင်းခြင်း အစီအစဉ်များနှင့် တိုက်ခိုက်မှုတစ်စုံတရာ ဖြစ်ပွားလာပါက တုန့်ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများကို လေ့ကျင့်ပေးခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် အဆိုပါ သတင်းရင်းမြစ်က ပြောဆိုသည်။

ပါကစ္စတန်သည် အကွာအဝေး ၄၅၀ ကီလိုမီတာရောက် Abdali မြေပြင်မှ မြေပြင်ပစ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ ပစ်လွှတ်ခဲ့အပြီး နှစ်ရက်အကြာတွင် အကွာအဝေး ၁၂၀ ကီလိုမီတာရောက် Fatah စီးရီး မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု အစောပိုင်းတွင် ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။

Ref: ဒီအိပ်ချ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက် တုကီယေးရှိယူကရိန်းသံရုံး၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ဇယ်လန်းစကီးကပြောကြားခဲ့သည်။ “စိတ်မကောင်းစရာတစ်ခုက ဆွေးနွေးပွဲဆိုပေမဲ့ တစ်ဖက်ကလာမဲ့အထဲမှာ ဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အထိပေါက်မြောက်တဲ့သူမျိုးပါမလာပါဘူး” ဟုလည်း ၎င်းကပြောကြားခဲ့သည်။ သို့သော် ယူကရိန်းသမ္မတကိုယ်တိုင်မတက်ရောက်နိုင်သည်ကလွဲ၍ ဆွေးနွေးပွဲအတွက် အပြုသဘောဆောင်လျှက် ကိုယ်စားလှယ်များကိုမူ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သမ္မတကပြောကြားခဲ့သည်။ အစ္စတန်ဘူလ်၌ပြုလုပ်မည့်ဆွေးနွေးပွဲသည် ၂၀၂၂ ခုနှစ် ရုရှား - ယူကရိန်းပဋိပက္ခစတင်ချိန်မှစ၍ ပထမဆုံးအကြိမ် နှစ်ဘက်မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခြင်းလည်းဖြစ်သည်။ Source : ရှင်းဟွာ

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ ၁ နာရီမထိုးမီတွင် ထိုင်း F-16 တိုက်လေယာဉ်နှစ်စင်း စေလွှတ်ခဲ့ကြောင်း ထိုင်းလေတပ်က သောကြာနေ့က FB တွင်ရေးသားထားသည်။ Ref:Khalid

​ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ထိုင်းကာကွယ်​ရေးဝန်ကြီး ​ပြောကြားချက်

ထိုင်းအစိုးရသည် တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများကို ဝယ်ယူထားသည့်အတွက် ကျန်ရှိသည့် ငွေများကို ပေးချေရန် တရုတ်သံအမတ်က ထိုင်းအစိုးရထံ အကြိမ်များစွာ တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် တရုတ်နှင့် အမေရိကန်ကြား ဟန်ချက်ညီရန် လိုအပ်သည့် နိုင်ငံငယ်လေးဖြစ်သောကြောင့် ယင်းကိစ္စကို သေသေချာချာ စဉ်းစားရမည်ဖြစ်ကြောင်း Phumtham က ဆက်လက်ပြောသည်။ ထိုင်းနိုင်ငံအတွက် တရုတ်ရေငုပ်သင်္ဘောများတွင် ဂျာမန်အင်ဂျင်များဖြင့် တပ်ဆင်မပေးနိုင်ကြောင်းဂျာမနီက မကြာသေးမီက တရားဝင်အတည်ပြုချက် ထွက်ပေါ်လာပြီးနောက်ယခုကဲ့သို့ အသံများထွက်လာခြင်းဖြစ်သည်။ ဂျာမနီသည် EU နှင့် NATO အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071