မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှပြုလုပ်သည့် မြန်မာနိုင်ငံ၏ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အားတက်ရောက်ခွင့်ရသူများအမည်စာရင်းကိုအသိပေးထုတ်ပြန်ခဲ့သည်။
အဆိုပါ အကယ်ဒမီ၌တက်ရောက်ခွင့်ရရန် လူရွေးချယ်ပွဲများကို ရန်ကုန်ဇုန်နှင့် မန္တလေးဇုန်တို့အဖြစ်ပြုလုပ်ခဲ့ပြီးနောက် ယူ-၁၂ နှင့် ယူ-၁၃ အတွက် တိုင်းနှင့် ပြည်နယ်များမှတက်ရောက်ခွင့်ရသူ (၂၅)ဦး၊ ယူ-၁၄ နှင့် ယူ-၁၅ အတွကိ တိုင်းနှင့် ပြည်နယ်များမှ တက်ရောက်ခွင့်ရသူ (၂၈)ဦးတို့၏ အမည်စာရင်းများကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် စာရွက်စာတမ်းပြည့်စုံမှု၊ ဆေးစစ်ချက်အောင်မြင်မှုနှင့် ကွင်းအတွင်းလက်တွေ့စွမ်းဆောင်ရည်ကိုက်ညီမှုတို့ကြောင့် တက်ရောက်ခွင့်ရရှိခဲ့ကြခြင်းဖြစ်သည်။
MFF က မြန်မာ့အမျိုးသမီးဘောလုံးလောကတိုးတက်စေရန်နှင့် မျိုးဆက်သစ်ကစားသမားကောင်းများ စနစ်တကျမွေးထုတ်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဘောလုံးအကယ်ဒမီ(မန္တလေး) ကိုဖွင့်လှစ်ခြင်းဖြစ်သည်။
