Saturday, July 5, 2025

နေပြည်တော်ရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ယာမြေညီထပ်နေထိုင်သူများအား အိမ်သုံးလျှပ်စစ်ပစ္စည်းများထောက်ပံ့

မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ကြီးဌာန၊ အဖွဲ့အစည်း(၂၅)ခုမှဝန်ထမ်းအိမ်ယာများ၏ မြေညီထပ်အခန်း(၄၉၉)ခန်းတွင်နေထိုင်သော ဝန်ထမ်းများအတွက် မီးဖိုချောင်သုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း (၆)မျိုးတို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ပစ္စည်းများအား...

ယခုနှစ် တောင်ပြုံးပွဲတော်ကို အစဉ်အလာမပျ-က် ကျင်းပမည်

လာမည့် ဩဂုတ်(၁)ရက်မှစတင်၍ တောင်ပြုံးပွဲတော်ကို အစဉ်အလာမပျက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ပွဲတော်ကို လာမည့် ဝါခေါင်လဆန်း(၈) ရက်မှ (၁၅)ရက်အထိဩဂုတ်(၁)ရက်မှ ဩဂုတ်(၈)ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပမည်လည်း ဖြစ်သည်။ သမိုင်းဝင်...

အငြိမ်းစားဝန်ထမ်းများ e-ID စနစ်လျှောက်ထားရာတွင် အကူအညီရယူနိုင်

နိုင်ငံတော်၏ ဝန်ဆောင်မှုလုပ်ငန်းများကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုထမ်းခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအနေဖြင့် e-ID စနစ်လျှောက်ထားရာတွင် အကူအညီရယူနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနက ထုတ်ပြန်သည်။ လက်ရှိတွင်...

အပူပိုင်းဒေသ၏ဂေဟစနစ်ပိုမိုကောင်းမွန်လာစေရေး စီမံချက်များဖြင့်ဆောင်ရွက်နေ

နိုင်ငံတော်အနေဖြင့် အပူပိုင်းဒေသ၏ဂေဟစနစ်ပိုမိုကောင်းမွန်လာစေရေး၊ အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေးနှင့် ရာသီဥတုမျှတကောင်းမွန်စေရေးတို့ကို စီမံချက်များဖြင့်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇူလိုင် ၄ ရက်နံနက်ပိုင်းက...
HomeNewsLocal Newsနှစ်နိုင်ငံ နယ်စပ်ဂိတ်များကိစ္စ မြန်မာလဝက...

နှစ်နိုင်ငံ နယ်စပ်ဂိတ်များကိစ္စ မြန်မာလဝက ဝန်ကြီးနှင့် တရုတ် လုံခြုံရေးဒုဝန်ကြီးတို့ ကူမင်း၌ ဆွေးနွေး

မြန်မာ – တရုတ်နယ်စပ်ရှိ နယ်စပ်ဂိတ်များ ပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေးကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ ကူမင်းမြို့၌ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Xu Ganlu နှင့်အဖွဲ့ကို ယမန်နေ့နံနက်ပိုင်းက ယူနန်ပြည်နယ်ကူမင်းမြို့ရှိ Double Tree Hilton ဟိုတယ် Shang Shui Ballroom အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့စုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံနယ်စပ် ဝင်/ ထွက်ဂိတ်တချို့ကို လုံခြုံရေးအရစိစစ်ခွင့်ပြုပေးလျက်ရှိပြီး လက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားရာ နယ်စပ်ဂိတ်များကို လုံခြုံရေးအထူးတင်းကျပ်ထားမှု၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် အခြားသောနိုင်ငံများ၏ နယ်စပ်ဂိတ်များဝင်/ထွက်သွားလာမှုကို စနစ်တကျစစ်ဆေးကြပ်မတ်ရေး၊ မြန်မာ နိုင်ငံ၌ ဆောင်ရွက်လျက်ရှိသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအတွက် နည်းပညာနှင့် ဘာသာရပ်ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်သည့် ပံ့ပိုးကူညီမှုများပေးနိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံနယ်စပ် ပြည်ဝင်/ပြည်ထွက် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ တရုတ်နိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းများအောင်မြင်ရေး ထောက်ခံရပ်တည်ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုအရ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်ရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ယာမြေညီထပ်နေထိုင်သူများအား အိမ်သုံးလျှပ်စစ်ပစ္စည်းများထောက်ပံ့

မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ကြီးဌာန၊ အဖွဲ့အစည်း(၂၅)ခုမှဝန်ထမ်းအိမ်ယာများ၏ မြေညီထပ်အခန်း(၄၉၉)ခန်းတွင်နေထိုင်သော ဝန်ထမ်းများအတွက် မီးဖိုချောင်သုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း (၆)မျိုးတို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ပစ္စည်းများအား ဇူလိုင် ၄ ရက်နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒု-ဥက္ကဋ္ဌ(၁)ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ တက်ရောက်ပြီးနောက် မြေညီထပ်အခန်း (၄၉၉)ခန်းအတွက် ပုံမှန်နေ့စဉ်လူနေမှုဘဝကို အတိုင်းအတာတစ်ခုဖြည့်ဆည်းပေးနိုင်ရန် အခြေခံလိုအပ်သည့် မီးဖိုချောင်သုံးနှင့် လျှပ်စစ်ပစ္စည်းများဖြစ်သော ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက်၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်ရေနွေးအိုး၊ လျှပ်စစ်ဟင်းချက်အိုး၊ လျှပ်စစ်မီးပူတို့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ...

ယခုနှစ် တောင်ပြုံးပွဲတော်ကို အစဉ်အလာမပျ-က် ကျင်းပမည်

လာမည့် ဩဂုတ်(၁)ရက်မှစတင်၍ တောင်ပြုံးပွဲတော်ကို အစဉ်အလာမပျက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ပွဲတော်ကို လာမည့် ဝါခေါင်လဆန်း(၈) ရက်မှ (၁၅)ရက်အထိဩဂုတ်(၁)ရက်မှ ဩဂုတ်(၈)ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပမည်လည်း ဖြစ်သည်။ သမိုင်းဝင် တောင်ပြုံး ဆုတောင်းပြည့်-ဆုတောင်းပြည့်မြတ်စွာဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာအုပ်စု၊ တောင်ပြုံးကြီးကျေးရွာတွင် ရှိခြင်းဖြစ်သည်။ ယခုနှစ် ပွဲတော်သို့ ဘုရားဖူးတိုင်းရင်းပြည်သူများ၊ ရိုးရာဓလေ့ ကိုးကွယ်သူများ၊ ဈေးသူ/ဈေးသားများအား စိတ်အေးချမ်းသာစွာဖြင့် လာရောက်နိုင်ကြရန် ပွဲတော်ကျင်းပရေးကော်မတီမှ အသိပေးကြေညာထားကာ နယ်မြေဒေသအခြေအနေသည်လည်း အေးချမ်းတည်ငြိမ်လျက်ရှိသည်ဟု ဆိုသည်။ တောင်ပြုံးပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း၈ရက်မှ စတင်ပြီး ကျင်းပလေ့ရှိရာ ဝါခေါင်လဆန်း ၈ရက်နှင့်၉ရက်တို့တွင်...

အငြိမ်းစားဝန်ထမ်းများ e-ID စနစ်လျှောက်ထားရာတွင် အကူအညီရယူနိုင်

နိုင်ငံတော်၏ ဝန်ဆောင်မှုလုပ်ငန်းများကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုထမ်းခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအနေဖြင့် e-ID စနစ်လျှောက်ထားရာတွင် အကူအညီရယူနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနက ထုတ်ပြန်သည်။ လက်ရှိတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် မသမာသူများမှ ပင်စင်လစာများ လိ-မ်လ-ည်ထုတ်ယူခြင်းမှ ကင်းဝေးစေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် လူပုဂ္ဂိုလ် မှန်ကန်မှု ရှိ/မရှိ စိစစ်နိုင်ရေးနှင့် Centralized e-Pension စနစ်နှင့် e-ID စနစ်တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား UID (Unique Identification) နံပါတ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071