Friday, August 7, 2026

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင်...

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက...

မြန်မာ–ထိုင်း လျှပ်စစ်နှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး MoU...

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ထိုင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု...

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...
HomeInternationalနျူလက်နက်ကင်းစင်သောကမ္ဘာဖြစ်ရေးမျိုးဆက်သစ်များ တိုက်ပွဲဝင်ရမည်

နျူလက်နက်ကင်းစင်သောကမ္ဘာဖြစ်ရေးမျိုးဆက်သစ်များ တိုက်ပွဲဝင်ရမည်

အတိတ်ကာလကထက် လက်နက်များသည် အဖျက်စွမ်းအား၌ အဆများစွာပိုကြီးမားလာသဖြင့် နျူကလီးယားကင်းစင်သော ကမ္ဘာကြီးအတွက် လူငယ်များ တိုက်ပွဲဝင်ကြရမည်ဟု ယခုနှစ်၏ နို့ဘဲလ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်သော အဏုမြူဗုံးဒဏ်ဘေးမှ လွတ်မြောက်ခဲ့သူများအဖွဲ့ Nihon Hidankyo ၏ ကိုယ်စားလှယ်တစ်ဦးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

၁၉၄၅ ခုနှစ်တွင် အဏုမြူဗုံးအကြံခံခဲ့ရသော ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များမှ အသက်ရှင်လွတ်မြောက်သူများအဖွဲ့ Nihon Hidankyo ၏ အခြေခံလှုပ်ရှားမှုသည် မျက်မြင်ဒိဋ္ဌကြုံခဲ့ရမှုများကို အသုံးချ၍ နျူကလီးယားကင်းစင်သော ကမ္ဘာကြီးအတွက် စည်းရုံးလှုံဆော်နေခြင်းဖြစ်သည်။

ဂျပန်၏ အဏုမြူဗုံးဒဏ်ဘေးမှ ရှင်သန်လွတ်မြောက်ခဲ့သူများ၏ ပျှမ်းမျှအသက်သည် ယခုအခါ ၈၅ နှစ်ရှိပြီဖြစ်ပြီး နော်ဝေဘုရင် Harald ၊ မိဖုရား Sonja နှင့် အခြား ဂုဏ်သရေရှိ ဧည့်သည်တော်များ တက်ရောက်ခဲ့သော နို့ဘဲလ်ဆု လက်ခံရယူခြင်း အခမ်းအနားတွင် အဖွဲ့၏ ပူးတွဲဥက္ကဌ တီရူမီ တာနာကာက အမှတ်တရစကား ပြောကြားခဲ့သည်။

“ခင်ဗျားတို့ထဲက တစ်ယောက်ယောက်ဟာ သားကောင် ဒါမှမဟုတ်ရင် ကျူးလွန်သူ အချိန်မရွေးဖြစ်သွားနိုင်ပါတယ်” ဟု အသက် ၉၂ နှစ်အရွယ် တာနာကာက တက်ရောက်လာသည့် ပရိသတ်ကို ပြောဆိုခဲ့သည်။

ယခုမှစ၍ ဆယ်နှစ်အတွင်း မိမိတို့ထဲမှ လက်တစ်ဆုပ်စာမျှသည်သာ ကိုယ်တွေ့လွတ်မြောက်လာသူများအဖြစ် သက်သေထွက်ချက်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ယခုအချိန်မှစ၍ မျိုးဆက်သစ်များသည် မိမိတို့၏ ကြိုးစားအားထုတ်မှုများအပေါ် အခြေတည်၍ လှုပ်ရှားမှုကို ယခုထက်မက တိုးတက်အောင်မြင်စေမည့် နည်းလမ်းများရှာတွေ့လိမ့်မည်ဟု မျှော်လင့်ပါကြောင်း သူက ဆက်လက်ပြောဆိုခဲ့သည်။

အဏုမြူလက်နက်များ အသုံးပြုခြင်း သို့မဟုတ် နျူကလီးယားတားမြစ်ချက်ကို လက်မခံနိုင်သည့် ကမ္ဘာတစ်ဝန်းစံနှုန်းဖန်တီးရာတွင် သူ၏အဖွဲ့သည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို သံသယဖြစ်စရာမရှိကြောင်း သို့ရာတွင် ထိုစံနှုန်းသည် အားနည်းနေခဲ့ကြောင်း သူက ပြောဆိုသည်။

“အရပ်သားအ‌ေ-သအပျောက်တွေအပြင် နျူကလီးယားတားမြစ်ချက်က ကျိုးပျက်နိုင်တဲ့ အခြေအနေဖြစ်နေတဲ့အပေါ် အလွန်တရာ ဝမ်းနည်း၊ ဒေါသထွက်ရပါတယ်” ဟု သူက ပြောဆိုခဲ့သည်။

ယူကရိန်းနှင့် ဂါဇာတွင် ဖြစ်နေသော စစ်ပွဲများတွင် နျူလက်နက် အသုံးပြုမည့် ခြိမ်းခြောက်မှုများ ရှိနေခဲ့ကြောင်း တာနာကာက ပြောကြားပြီး ကမ္ဘာတစ်ဝန်းတွင် နျူကလီးယားထိပ်ဖူးပေါင်း ၄,၀၀၀ ခန့်သည် ချက်ချင်း ပစ်လွှတ်ရန် အဆင့်သင့်ဖြစ်နေသည်ဟု သတိပေးခဲ့သည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်သည်။ ထုတ်ပြန်ထားသည့် ရန်ကုန်မြို့ ရည်ညွှန်းဈေးနှုန်းများအရ 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၃,၈၄၀ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၉၅၀...

မြန်မာ–ထိုင်း လျှပ်စစ်နှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး MoU မကြာမီ လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေး

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ထိုင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် လျှပ်စစ်ဓာတ်အားကွန်ရက်စနစ် တိုးချဲ့ခိုင်မာရေးတို့ကို နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးများ ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံ တရားဝင်ခရီးစဉ်တွင် လိုက်ပါလာသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Akanat Promphan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ခေတ္တတည်းခိုရာဟိုတယ်၌...

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း (၈) ရက်နေ့ တစ်ရက်တည်းသာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ဝါခေါင်လဆန်း (၇) ရက်နှင့် (၈) ရက်တို့၌ နှစ်ရက်ဆက်တိုက် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ အိုးပုတ်ပွဲတော်သည် မန္တလေးမြို့၏ ထင်ရှားသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး တောင်ပြုံးပွဲတော်အကြို ထောက်သည့်ပွဲဟုလည်း လူသိများသည်။ ပွဲတော်ကို အောင်မြေသာစံမြို့နယ်၊ ဧရာဝတီမြစ်ကမ်းအနီးရှိ အိုးဘိုရပ်ကွက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက အစဉ်အလာမပျက် ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။ ယခုနောက်ပိုင်းတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071