Monday, April 13, 2026

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကိုမြန်မာ့ရိုးရာယဉ်ကျေးမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ယနေ့ ဧပြီလ (၁၃)ရက်နေ့တွင် ဖွင့်လှစ်ပွဲအခမ်းအနားအား ခမ်းနားစွာပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ...

ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ချင်းမိုင်မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ...

မန္တလေးလမ်းလျှောက်သင်္ကြန်အတွက် အပြီးသတ်ပြင်ဆင်ထား

မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈လမ်းကြားတွင် ရေကစားမဏ္ဍပ်ကြီး/ငယ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တိုင်းရင်းသားရေးကစားမဏ္ဍပ်များအပါဝင် မဏ္ဍပ်များတွင် လောင်းလှေများ၊ ရေပိုက်များဖြင့် ရေကစားနိုင်ရန်အပြီးသတ်ပြင်ဆင်ထားသည့်...

ဧပြီလ၏ ပထမ(၁၀)ရက်ပတ်အတွင်း မြန်မာအလုပ်သမား(၂၅)ဦး ကိုရီးယားနိုင်ငံသို့စေလွှတ်

ဧပြီ ၆ ရက်နှင့် ဧပြီ ၈ ရက်တို့က မြန်မာအလုပ်သမား (၂၅)ဦးကို ကိုရီးယားနိုင်ငံ၌အလုပ်လုပ်ကိုင်နိုင်ရန် အ စိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်ခဲ့ကြောင်း...
HomeMoviesနျူကလီးယားလက်နက်ရှိတာ ကိစ္စမရှိဘူးလို့ ပြောမယ့်...

နျူကလီးယားလက်နက်ရှိတာ ကိစ္စမရှိဘူးလို့ ပြောမယ့် ပုပ်ရဟန်းမင်းကြီးမျိုးကို မကြိုက်ဟု ထရမ့်ဝေဖန်

သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ အီရန်စစ်ပွဲအပေါ် ၎င်း၏ ရပ်တည်ချက်ကို ရှုတ်ချကာ ပုပ်ရဟန်းမင်းကြီးသည် “နိုင်ငံခြားရေးမူဝါဒအတွက် အလွန်ဆိုးရွားသူ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“နျူကလီးယားလက်နက်ရှိတာ ကိစ္စမရှိဘူးလို့ ပြောမယ့် ပုပ်ရဟန်းမင်းကြီးမျိုးကို ကျွန်တော်တို့ မကြိုက်ဘူး။ … သူက ကမ္ဘာကြီးကို ဖောက်ခွဲဖျက်ဆီးပစ်ဖို့ နျူကလီးယားလက်နက် လိုချင်နေတဲ့ နိုင်ငံမျိုးနဲ့ ကျွန်တော်တို့က မကစားသင့်ဘူးလို့ ထင်နေတဲ့လူပဲ” ဟု ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့ပြီး “ကျွန်တော် ပုပ်ရဟန်းမင်းကြီး လီယိုကို သဘောမကျဘူး” ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

ပထမဆုံး‌သော အမေရိကန်နိုင်ငံသား ပုပ်ရဟန်းမင်းကြီးဖြစ်သူ လီယိုသည် အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲနှင့် ပတ်သက်၍ ပိုမိုပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုလာခဲ့ပြီး၊ ပြီးခဲ့သည့်အပတ်ကလည်း အီရန်ပြည်သူများအပေါ် ထရမ့်၏ ပြောဆိုမှုများနှင့် ခြိမ်းခြောက်မှုများကို “အမှန်တကယ် လက်မခံနိုင်စရာ” ဖြစ်ကြောင်း ရှုတ်ချခဲ့သည်။

ယင်းမှတ်ချက်မှာ အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရှိမီ နာရီပိုင်းအလိုတွင် ထရမ့်က “ဒီညမှာ လူ့ယဉ်ကျေးမှုတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်” ဟု ခြိမ်းခြောက်ခဲ့ခြင်းကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထရမ့်နှင့် သူ၏ ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဆတ်တို့ နှစ်ဦးစလုံးသည် ပဋိပက္ခအတွင်း လူထုထံ သတင်းစကားပါးရာတွင် ဘုရားသခင်ကို ကိုးကားခဲ့ကြပြီး၊ ဟတ်ဆတ်က စစ်ပွဲအတွက် ကြိုးပမ်းမှုကို ဘုရားသခင်၏ ထောက်ခံမှုအဖြစ် ပုံဖော်ခဲ့သည့်အပြင် ကျမ်းစာလာအချက်အလက်များကိုပင် အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့သည်။

လီယိုကမူ ဤအယူအဆကို ပြန်လည်တုံ့ပြန်ခဲ့သည်။

“ယေရှုခရစ်တော်ဟာ စစ်ပွဲကို ငြင်းပယ်တဲ့ ငြိမ်းချမ်းရေးဘုရင်ဖြစ်ပြီး၊ စစ်ပွဲကို အကြောင်းပြချက်ပေးဖို့အတွက် ဘယ်သူကမှ သူ့ကို အသုံးမချနိုင်ပါဘူး။ သူဟာ စစ်တိုက်နေသူတွေရဲ့ ဆုတောင်းသံကို နားမညောင်းဘဲ ပယ်ချပါတယ်” ဟု သူက တနင်္ဂနွေ Palm Sunday တွင် ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ညတွင် ပုပ်ရဟန်းမင်းကြီးအပေါ် သမ္မတ၏ ပြောကြားချက်များသည် သူ၏ Truth Social လူမှုကွန်ရက်ပေါ်တွင် ပုပ်ရဟန်းမင်းကြီးကို ရှည်ရှည်လျားလျား ဝေဖန်ရေးသားခဲ့ပြီးနောက် မကြာမီ ထွက်ပေါ်လာခြင်းဖြစ်သည်။

“ပုပ်ရဟန်းမင်းကြီး လီယိုဟာ ရာဇဝတ်မှုတွေအပေါ် အားနည်းပြီး နိုင်ငံခြားရေးမူဝါဒအတွက် အလွန်ဆိုးရွားသူဖြစ်တယ်” ဟု ထရမ့်က ရေးသားခဲ့ပြီး၊ အီရန်တွင် နျူကလီးယားလက်နက်ရှိနေခြင်းကို ကိစ္စမရှိဟု ထင်မြင်သူ သို့မဟုတ် “အမေရိကန်က ဗင်နီဇွဲလားကို တိုက်ခိုက်တာဟာ ဆိုးရွားတယ်” လို့ ယူဆတဲ့ ပုပ်ရဟန်းမင်းကြီးမျိုးကို မလိုချင်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဇန်နဝါရီလအတွင်း ဗင်နီဇွဲလားခေါင်းဆောင် နီကိုလပ်စ် မာဒူရို င်္ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီးတွင် ပုပ်ရဟန်းမင်းကြီးက “ဗင်နီဇွဲလားပြည်သူတွေရဲ့ ဆန္ဒ” ကို လေးစားရန်နှင့် နိုင်ငံအတွင်း တည်ငြိမ်မှု ပြန်လည်ရရှိရန် တောင်းဆိုခဲ့သည်။

“အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကြီးကို ဝေဖန်တဲ့ ပုပ်ရဟန်းမင်းကြီးမျိုးကို ကျွန်တော် မလိုချင်ဘူး” ဟု ထရမ့်က ပြောသည်။

သမ္မတက ဆက်လက်၍ လီယိုသည် “ပုပ်ရဟန်းမင်းကြီးဖြစ်မယ့် စာရင်းထဲမှာ ဘယ်တုန်းကမှ မပါခဲ့ဘဲ၊ သူက အမေရိကန်လူမျိုးဖြစ်နေလို့သာ သမ္မတ ဒေါ်နယ်ထရမ့်ကို ကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်မယ်လို့ ထင်ပြီး ခရစ်ယာန်အသင်းတော်က သူ့ကို အဲ့ဒီနေရာမှာ တင်ပေးလိုက်တာ” ဟု ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး လီယိုသည် ယခင်ကလည်း နျူကလီးယားလက်နက် ပြန့်ပွားမှုကို ဆန့်ကျင်ပြောဆိုခဲ့ဖူးသည်။

“နျူကလီးယားခြိမ်းခြောက်မှုကင်းစင်ပြီး ပိုမိုဘေးကင်းတဲ့ ကမ္ဘာကြီးတစ်ခု တည်ဆောက်ဖို့ ကတိကဝတ်ကို တရားမျှတမှု၊ ညီရင်းအစ်ကိုစိတ်ဓာတ်နဲ့ ဘုံအကျိုးစီးပွားအပေါ် အခြေခံပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် လေးစားမှုရှိတဲ့ တွေ့ဆုံမှုတွေနဲ့ ရိုးသားတဲ့ ဆွေးနွေးမှုတွေကတစ်ဆင့် ဖော်ဆောင်ရမှာဖြစ်ပါတယ်” ဟု အီရန်၏ နျူကလီးယားစခန်းများကို တိုက်ခိုက်ရန် ထရမ့်က စဉ်းစားနေသည့် ပြီးခဲ့သည့် ဇွန်လအတွင်းတွင် ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

တနင်္ဂနွေနေ့ ထရမ့်၏ မှတ်ချက်များသည် စစ်ပွဲအပေါ် ပုပ်ရဟန်းမင်းကြီး၏ ရပ်တည်ချက်နှင့် ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးအပေါ် တင်းကျပ်စွာ နှိမ်နင်းမှုကို ယခင်က ကန့်ကွက်ခဲ့မှုများအပေါ် အမေရိကန် ကာဒီနယ်ကြီးများက ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားထားသည့် CBS News ၏ “60 Minutes” အစီအစဉ် ထုတ်လွှင့်ပြီးနောက် မကြာမီ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထရန့်သည် “60 Minutes” သတင်းကို တုံ့ပြန်ခြင်း ဟုတ်မဟုတ်နှင့် ပတ်သက်၍ CNN က အိမ်ဖြူတော်သို့ ဆက်သွယ်မေးမြန်းထားသည်။

အဆိုပါမှတ်ချက်များထွက်ပေါ်လာပြီးနောက် မကြာမီတွင် ထရမ့်သည် နောက်ခံတွင် အမေရိကန်အလံနှင့် လင်းယုန်ငှက်များပါရှိကာ ဖျားနာနေသူတစ်ဦးကို ကုသပေးနေသည့် ခရစ်တော်ကဲ့သို့သော သူ၏ပုံတစ်ခုကို Truth Social တွင် တင်ခဲ့ပြန်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကိုမြန်မာ့ရိုးရာယဉ်ကျေးမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ယနေ့ ဧပြီလ (၁၃)ရက်နေ့တွင် ဖွင့်လှစ်ပွဲအခမ်းအနားအား ခမ်းနားစွာပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ အဖွင့်အမှာစကားပြောကြားပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ရန်ကုန်မြို့တော်ဝန် ၊အစိုးရအဖွဲ့ဝန်ကြီးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင်အနုပညာရှင်များ ၊ ယိမ်းအကအလှပျိုဖြူများဖြင့် ဆက်လက်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ချင်းမိုင်မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်များနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန(ချင်းမိုင်ရုံး)မှ ညွှန်ကြားရေးမှူးတို့မှ ဧပြီ ၈ ရက်ကလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများ၏ နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိမှု၊ အကျဉ်းသူများ၏ တစ်နေ့တာဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များနှင့် အကျဉ်းသူများအား လေ့ကျင့်သင်ကြားပေးနေသည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ ဘာသာစကားသင် တန်းများနှင့် စိတ်ကျန်းမာပျော်ရွှင်စေမည့်လေ့ကျင့်ခန်းများဆောင်ရွက်နေမှုတို့ကိုကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသားများအတွက်လိုအပ်သည့် တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းများ၊ မြန်မာအစား အစာများအပါအဝင် အသင့်စားအစားအစာများနှင့်...

မန္တလေးလမ်းလျှောက်သင်္ကြန်အတွက် အပြီးသတ်ပြင်ဆင်ထား

မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈လမ်းကြားတွင် ရေကစားမဏ္ဍပ်ကြီး/ငယ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တိုင်းရင်းသားရေးကစားမဏ္ဍပ်များအပါဝင် မဏ္ဍပ်များတွင် လောင်းလှေများ၊ ရေပိုက်များဖြင့် ရေကစားနိုင်ရန်အပြီးသတ်ပြင်ဆင်ထားသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (လမ်းလျှောက်သင်္ကြန်အတွက် ရေတင်ခြင်းများကို ဆိုလာစနစ်ဖြင့်ပြုလုပ်သွားမည်ဖြစ်သည်။)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071