Saturday, September 5, 2026

ကလောတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်တံတားနေရာတွင် တံတားအသစ်...

ကလော၊စက်တင်ဘာ ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း ပြီးခဲ့သည့် မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးသွားခဲ့သည့် သံကွန်ကရစ်တံတားနေရာတွင် အစားထိုး တံတားသစ် ပြန်လည်တည်ဆောက်ရေး...

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် MAI Career Fair...

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် အခွင့်အလမ်းကောင်းဖြစ်လာမည့် MAI Career Fair 2026 ကို ရန်ကုန်မြို့ရှိ International Business Center (IBC)၌ လာမည့်...

မီးခိုးမြူထူထပ်မှုကြောင့် မလေးရှား ဆာရာဝပ်ပြည်နယ်ရှိ ဆီရီယန်ခရိုင်တွင်...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၅ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားနေသည့် တောမီးလောင်ကျွမ်းမှုများမှ ထွက်ပေါ်လာသော မီးခိုးမြူများကြောင့် လေထုညစ်ညမ်းမှု အန္တရာယ်ရှိသည့်အဆင့်သို့ မြင့်တက်လာပြီးနောက် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်ရှိ...

နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ Van Phuc...

ဟနွိုင်း၊ စက်တင်ဘာ ၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ဇနီး...
HomeMoviesနီပေါရေအားလျှပ်စစ်စီမံကိန်း ဥမင်အတွင်း ပိတ်မိနေသူနှစ်ဦးကို...

နီပေါရေအားလျှပ်စစ်စီမံကိန်း ဥမင်အတွင်း ပိတ်မိနေသူနှစ်ဦးကို တစ်ပတ်ကျော်အကြာ အသက်ရှင်လျက် ကယ်ထုတ်

ခတ္တမန္ဒူ၊ စက်တင်ဘာ ၅

တရုတ်-နီပေါနယ်စပ်ဒေသ၌ ဆိုးရွားသည့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး တစ်ပတ်ကျော်အကြာတွင် နီပေါနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်းတစ်ခု၏ ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေသူနှစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ရေဘေးကြောင့် ရေအားလျှပ်စစ်စီမံကိန်းတည်နေရာမှာ ရွှံ့နွံများအောက် ဖုံးလွှမ်းသွားပြီး မူလအနေအထားကိုပင် ခွဲခြားရန်ခက်ခဲခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဂြိုဟ်တုပုံရိပ်များကို အသုံးပြု၍ တည်နေရာရှာဖွေကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

ကယ်ထုတ်နိုင်ခဲ့သူများအနက် အသက် ၃၀ အရွယ် ဆန်ဂျေးဆားသည် ကျန်းမာရေးအခြေအနေ တည်ငြိမ်လျက်ရှိပြီး ကယ်ဆယ်ရေးသမားများနှင့် တွေ့ဆုံချိန်တွင် မည်သည့်နေ့ရက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မေးမြန်းခဲ့သည်ဟု ဆိုသည်။

၎င်းသည် အခြားသူများ လွတ်မြောက်နိုင်ရန် ကူညီပေးနေစဉ် ဥမင်အတွင်း ပိတ်မိသွားခဲ့ခြင်းဖြစ်ပြီး ပိတ်မိနေစဉ်အတွင်း ဟိန္ဒူဘာသာမန္တန်များ ရွတ်ဆိုကာ စိတ်တည်ငြိမ်အောင် နေထိုင်ခဲ့ကြောင်း ပြောကြားသည်။

အခြားကယ်ထုတ်နိုင်သူ အသက် ၄၅ နှစ်အရွယ် ကာဘီရာ မဟာဂျန်မှာမူ ကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီး ၎င်းတို့နှစ်ဦးစလုံးကို ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုပေးထားသည်။

ယခုကဲ့သို့ နှစ်ဦးကို အသက်ရှင်လျက် ရှာဖွေကယ်ထုတ်နိုင်ခဲ့ခြင်းကြောင့် ပျောက်ဆုံးနေသူများအနက် နောက်ထပ် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေတွေ့ရှိနိုင်မည့် မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။ ရေဘေးဖြစ်ပွားပြီးနောက် ရေအားလျှပ်စစ်စီမံကိန်းများရှိ လုပ်သားရာပေါင်းများစွာ ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါ ရေဘေးကြောင့် နီပေါနိုင်ငံဘက်တွင် သေဆုံးသူ ၁,၂၉၀ ကျော်ရှိလာပြီး တရုတ်နိုင်ငံဘက်တွင်လည်း အနည်းဆုံး ၃၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံအတွင်း လူပေါင်း ၅,၅၀၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

Ref: CNN

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကလောတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်တံတားနေရာတွင် တံတားအသစ် ပြန်လည်တည်ဆောက်မည်

ကလော၊စက်တင်ဘာ ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း ပြီးခဲ့သည့် မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးသွားခဲ့သည့် သံကွန်ကရစ်တံတားနေရာတွင် အစားထိုး တံတားသစ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကလောမြို့နယ်၊ အင်းပြင်ကျေးရွာအနီးရှိ ပျက်စီးသွားသည့် အဆိုပါတံတားနေရာတွင် ရာသီမရွေး သွားလာနိုင်ရေးအတွက် အမြဲတမ်းတံတားသစ် ဒီဇိုင်းပုံစံများ ရေးဆွဲခြင်းနှင့် ယာယီတံတား တည်ဆောက်ထားရှိမှု အခြေအနေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။ လက်ရှိတွင် ဒေသခံများ သွားလာရေး အဆင်ပြေစေရန် ယာယီတံတားဖြင့် ထိန်းသိမ်းဆောင်ရွက်ထားပြီး ဒေသထွက်...

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် MAI Career Fair 2026 ကို IBC ၌ကျင်းပမည်

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် အခွင့်အလမ်းကောင်းဖြစ်လာမည့် MAI Career Fair 2026 ကို ရန်ကုန်မြို့ရှိ International Business Center (IBC)၌ လာမည့် စက်တင်ဘာ ၁၂ ရက်နှင့် စက်တင်ဘာ ၁၃ ရက်တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် MAI Career Fair 2026 ကာလအတွင်း MAI ၏ HR Partner ဖြစ်သော JobNet ၏...

မီးခိုးမြူထူထပ်မှုကြောင့် မလေးရှား ဆာရာဝပ်ပြည်နယ်ရှိ ဆီရီယန်ခရိုင်တွင် အရေးပေါ်အခြေအနေကြေညာ

ကွာလာလမ်ပူ၊ စက်တင်ဘာ ၅ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားနေသည့် တောမီးလောင်ကျွမ်းမှုများမှ ထွက်ပေါ်လာသော မီးခိုးမြူများကြောင့် လေထုညစ်ညမ်းမှု အန္တရာယ်ရှိသည့်အဆင့်သို့ မြင့်တက်လာပြီးနောက် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်ရှိ ဆီရီယန် (Serian) ခရိုင်တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း သိရသည်။ ဆီရီယန်ခရိုင်၌ စက်တင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီတွင် လေထုညစ်ညမ်းမှုအညွှန်း (API) ၅၂၁ အထိ မြင့်တက်ခဲ့ပြီး ယင်းသည် ၂၀၂၆ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူများ မလေးရှားနိုင်ငံကို သက်ရောက်မှုရှိလာချိန်မှစ၍ အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း သိရသည်။ ဆီရီယန်ခရိုင်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071