Home International နီပေါရက်ပ်ပါဟောင်း ရွေးကောက်ပွဲဝင်ပြိုင်မည်

နီပေါရက်ပ်ပါဟောင်း ရွေးကောက်ပွဲဝင်ပြိုင်မည်

0
74

နီပေါနိုင်ငံတွင် မတ်လအတွင်း ကျင်းပပြုလုပ်မည့် လွှတ်တော်ရွေးကောက်ပွဲမတိုင်မီတွင် လူထုခေါင်းဆောင်နှစ်ဦးသည် မဟာမိတ်ဖွဲ့လိုက်ကြကာ နီပေါနိုင်ငံရေးကို ဆယ်စုနှစ်သုံးခုကျော်ကြာ လွှမ်းမိုးထားသော ဝါရင့်နိုင်ငံရေးပါတီများကို စိန်ခေါ်သွားလိမ့်မည်ဟု ပါတီအရာရှိများနှင့် လေ့လာသုံးသပ်သူများက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

လူကြိုက်များသော ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်ဖြစ်ပြီး ဘာလန်ဟု လူသိများသော ရက်ပ်ပါတစ်ဖြစ်လဲ ခတ္တမန္ဒူမြို့တော်ဝန် ဘာလန်ဒရာရှားသည် ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ်မှ နိုင်ငံရေးသမားဖြစ်လာသည့် ရာဘီ လာမီချန်နီဦးဆောင်သော Rastriya Swatantra Party (RSP) သို့မဟုတ် အမျိုးသားလွတ်လပ်ရေးပါတီနှင့် ပူးပေါင်းခဲ့ကြောင်း ပါတီအရာရှိများက ပြောကြားခဲ့သည်။

RSP နှင့် သဘောတူညီချက်အရ မတ်လ ၅ ရက်နေ့ ရွေးကောက်ပွဲတွင် ပါတီအနိုင်ရခဲ့ပါက အသက် ၃၅ နှစ်အရွယ် ဘာလန်သည် ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်ကာ မစ္စတာ လာမီချန်နီကမူ ပါတီအကြီးအကဲအဖြစ် ဆက်ရှိနေမည်ဖြစ်သည်ဟု ၎င်းအရာရှိများက ပြောကြားခဲ့သည်။

နိုင်ငံတွင်အကြီးအကျယ်အဂတိလိုက်စားမှုများကို ဆန့်ကျင်သည့် Gen Z လူငယ်များဦးဆောင်သော ဆန္ဒပြပွဲများအတွင်း ထုတ်ဖော်ခဲ့သည့် တောင်းဆိုချက်များကို ဖြေရှင်းသွားမည်ဟု ၎င်းတို့နှစ်ဦးစလုံးက ကတိပြုခဲ့သည်။ ထိုဆန္ဒပြပွဲများအတွင်း လူ ၇၇ ဦး ‌ေသဆုံးခဲ့ပြီး ဝန်ကြီးချုပ် ကေပီ ရှာမာအိုလီ သည် နုတ်ထွက်ခဲ့ရသည်။

ဘာလန်နဲ့ သူ့ရဲ့ လူငယ်ထောက်ခံသူတွေကို ပါတီထဲဆွဲခေါ်ခဲ့သော RSP ၏ လုပ်ဆောင်ချက်သည် အလွန်လိမ္မာပါးနပ်ပြီး မဟာဗျူဟာကျ‌ေသာဆောင်ရွက်ချက်ဖြစ်သည်ဟု လေ့လာသူ ဘီပင် အဒီကာရီက ပြောကြားခဲ့သည်။ “အစဉ်အလာနိုင်ငံရေးပါတီတွေဟာ သူတို့ရဲ့ လူငယ်မဲဆန္ဒရှင်တွေ RSP လက်ထဲရောက်သွားမယ့်အရေးကို စိုးရိမ်နေရပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

နီပေါနိုင်ငံ၏ လူဦးရေ သန်း ၃၀ အနက် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၉ သန်းနီးပါးရှိကြောင်း နီပေါရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။ ဆန္ဒပြပွဲများနောက်ပိုင်းတွင် လူငယ်အများစုပါဝင်သော မဲပေးပိုင်ခွင့်ရှိသူ တစ်သန်းနီးပါး ထပ်တိုးလာခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here