Wednesday, April 8, 2026

ကမ္ဘောဒီးယားက ဗီယက်နမ် နှင့်ဆက်ဆံရေးတိုးမြှင့်

ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့သည် နှစ်နိုင်ငံ အဆင့်မြင့် အစည်းအဝေးတွင် ဆက်ဆံရေး၏ အဓိကမဏ္ဍိုင်အဖြစ် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်ရန် ကတိပြုကြသည်။ 2026 ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းတွင်...

ဟွန်ဆန်ကမြန်မာသမ္မတအသစ်ကို ဂုဏ်ပြုစကားပြောကြား

မစ္စတာဟွန်ဆန်သည် ဧပြီလ ၃ ရက်က မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့လည်း မနေ့က ရက်စွဲဖြင့် ဂုဏ်ပြုသဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။ "ကျွန်ုပ်တို့...

ဂျပန်၌ခိုလှုံခွင့်တောင်းသူများ အထိတ်တလန့် ဖြစ်နေကြ

ဧပြီလ ၈ ရက် ဂျပန်နိုင်ငံ၏ ပိုမိုပြင်းထန်လာသော ပြည်နှင်ဒ_ဏ်ပေးသည့် လုပ်ဆောင်ချက်များသည် ခိုလှုံခွင့်တောင်းခံသူများနှင့် ရေရှည်နေထိုင်သည့် နိုင်ငံခြားသားများအကြား စိုးရိမ်ကြောက်ရွံ့မှုများကို ပိုမိုနက်ရှိုင်းစေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့ပြီး...

စစ်ကြောင့်ငွေကြေးဖောင်းပွကာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှေးကွေးနေ

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အာဂျေးဘန်ဂါ က အရှေ့အလယ်ပိုင်းစစ်ပွဲသည် မည်မျှပင်လျင်မြန်စွာ ပြီးဆုံးသည်ဖြစ်စေ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးပြီး ငွေကြေးဖောင်းပွမှု မြင့်မားလာမည်ဟု ဧပြီလ ၇ ရက်...
HomeMoviesနိုင်ငံတော်သမ္မတက တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများကို ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ...

နိုင်ငံတော်သမ္မတက တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများကို ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ မိုခါမုန်တိုင်းအပါအဝင် သဘာဝဘေးဒ_ဏ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အရာရှိကြီးများအားဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များကို ယနေ့ ဧပြီ ၈ ရက်က ချီး မြှင့်ပေးအပ်ခဲ့သည်။

နိုင်ငံတော်သမ္မတမှ နိုင်ငံတော်တာဝန်ကိုစတင်ယူခဲ့ချိန် မှစ၍ အခက်အခဲနှင့် စိန်ခေါ်မှုများစွာကြုံတွေ့ခဲ့ရသည်ကို မိမိနှင့်အတူ ကော်မရှင်အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်များနှင့် တပ်မတော်သားများပူးပေါင်းပြီး ပြည်သူလူထုအားဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတမှ ကိုဗစ်-၁၉ ကူးစက်ရောဂါအား အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့မှု၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်တွင် လူအ‌ေ-သအပျောက်နှင့် ပျက်စီးခဲ့ရမှုများကိုပြန်လည်ထူ ထောင်နိုင်ခဲ့မှု၊ ရာဂီမုန်တိုင်းနှင့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုတို့ကိုလည်း ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတက ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒု-ဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အငြိမ်းစားအဆင့်မြင့်တပ်မတော်အရာရှိကြီးများအား ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့သည်။

ထိုသို့ ပေးအပ်ချီးမြှင့်ပြီးနောက် နိုင်ငံတော်သမ္မတမှ တက်ရောက်လာကြသူများအား လဖက်ရည်ဝိုင်းဖြင့်တည်ခင်းဧည့်ခံပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားက ဗီယက်နမ် နှင့်ဆက်ဆံရေးတိုးမြှင့်

ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့သည် နှစ်နိုင်ငံ အဆင့်မြင့် အစည်းအဝေးတွင် ဆက်ဆံရေး၏ အဓိကမဏ္ဍိုင်အဖြစ် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်ရန် ကတိပြုကြသည်။ 2026 ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းတွင် ပါတီအထွေထွေ အတွင်းရေးမှူး To Lam က လာအိုနှင့် ကမ္ဘောဒီးယားသို့ တရားဝင်လာရောက်လည်ပတ်မှုသည် ဗီယက်နမ်၏ တသမတ်တည်းသော အိမ်နီးချင်းများနှင့် ဆက်ဆံရေးကို ဦးစားပေးသည့် မူဝါဒကို အလေးပေးကြောင်း Giang က ပြောကြားခဲ့သည်။ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးက ဟနွိုင်းနှင့် ဖနွမ်းပင်ကြား အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို အလေးပေးပြောကြားခဲ့ပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နှစ်နိုင်ငံတည်ငြိမ်ရေး၏ အခြေခံမဏ္ဍိုင်အဖြစ် အဆင့်မြင့်အစည်းအဝေးတွင်...

ဟွန်ဆန်ကမြန်မာသမ္မတအသစ်ကို ဂုဏ်ပြုစကားပြောကြား

မစ္စတာဟွန်ဆန်သည် ဧပြီလ ၃ ရက်က မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့လည်း မနေ့က ရက်စွဲဖြင့် ဂုဏ်ပြုသဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။ "ကျွန်ုပ်တို့ နှစ်နိုင်ငံကြားက တူညီတဲ့ ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ နီးစပ်မှုတွေအပြင် အပြန်အလှန် လေးစားမှုနဲ့ နားလည်မှုတွေကြောင့် နက်ရှိုင်းစွာ ဆက်နွှယ်နေတဲ့ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်ရှည်လများ ချစ်ကြည်ရင်းနှီးမှုတွေကို ကျွန်ုပ်အနေနဲ့ အထူးတန်ဖိုးထားပါတယ်။ အဆွေတော်ရဲ့ သမ္မတသက်တမ်းအတွင်းမှာ ဒီလိုဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ကျွန်ုပ်တို့နိုင်ငံတွေရဲ့ လက်တွေ့ကျတဲ့ အပြန်အလှန် အကျိုးစီးပွားတွေအတွက် ဆက်လက်တိုးတက်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်"...

ဂျပန်၌ခိုလှုံခွင့်တောင်းသူများ အထိတ်တလန့် ဖြစ်နေကြ

ဧပြီလ ၈ ရက် ဂျပန်နိုင်ငံ၏ ပိုမိုပြင်းထန်လာသော ပြည်နှင်ဒ_ဏ်ပေးသည့် လုပ်ဆောင်ချက်များသည် ခိုလှုံခွင့်တောင်းခံသူများနှင့် ရေရှည်နေထိုင်သည့် နိုင်ငံခြားသားများအကြား စိုးရိမ်ကြောက်ရွံ့မှုများကို ပိုမိုနက်ရှိုင်းစေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့ပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ဖယ်ရှားရန် အစိုးရ၏ တွန်းအားပေးမှုမှာ ဒုက္ခသည်များကို အကာအကွယ်ပေးရန် အစိုးရ၏ တာဝန်ဝတ္တရားနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း သတိပေးခဲ့ကြသည်။ တရားဝင်ကိန်းဂဏန်းများအရ ၂၀၂၅ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှ နိုင်ငံခြားသား ၃၁၈ ဦးကို အစောင့်အရှောက်များဖြင့် အတင်းအဓမ္မ ပြည်နှင်ဒ_ဏ်ပေးခဲ့ကြောင်း သိရသည်။ ၎င်းသည် ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071