Sunday, May 24, 2026

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးတွင် တရားမဝင်တင်သွင်းတင်ပို့မှုများမရှိစေရေး အလေးထားဆောင်ရွက်ရန် စီးပွားကူးသန်းဝန်ကြီးမှာကြား

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ်(၂)မှတစ်ဆင့် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးသည်...

ဧရာဝတီတိုင်းတွင် AFCI-Port Sharing စီမံကိန်း...

ဧရာဝတီဆက်သွယ်ရေးကွန်ရက် ဘုံအခြေခံအဆောက်အအုံ (AFCI-Port Sharing) စီမံကိန်းကို တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း (B.O.T) စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Horizon...

အိမ်ဖြူတော်အပြင်ဘက်တွင် သေနတ်ဖြင့် လိုက်လံပစ်ခတ်သည့် သေနတ်သမားအား...

စနေနေ့ညနေပိုင်းက အိမ်ဖြူတော်အနီးတွင် သေနတ်သမားတစ်ဦးက သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ရာ အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ (U.S. Secret Service) အေးဂျင့်များက ပြန်လည်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း တိုက်ခိုက်သူ...

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန် အဖွဲ့ဝင် ၂၂...

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဆက်စပ်ဝန်ကြီးဌာနများမှ အဖွဲ့ဝင်ကိုယ်စားလှယ် စုစုပေါင်း ၂၂ ဦး...
HomeNewsLocal Newsနိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ကျောင်းသားဟောင်း...

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ကျောင်းသားဟောင်း ညီနောင်များ၏ ပထမအကြိမ်တွေ့ဆုံပွဲ မုံရွာမြို့တွင်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် သီတင်းသုံးတော်မူကြသော နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ကျောင်းသားဟောင်း ညီနောင်များ၏ ပထမအကြိမ်တွေ့ဆုံပွဲကို မေ ၂၃ ရက် ညနေပိုင်းက မုံရွာမြို့ မဟာလယ်တီကျောင်းတိုက်၊ မင်းကတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဦးဆောင်ကျင်းပသူ ဦးဥဇ္ဇောတကက “ စည်းလုံးညီညွတ်ခြင်း၏ မှတ်တိုင်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပြီ ” ဟု မိန့်ကြားခဲ့သည်။

နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဦးဥဇ္ဇောတကက အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို လျှောက်ထားခဲ့သည်။ ထို့နောက် ကျောင်းသားဟောင်းမထေရ်ကြီး ဘဒ္ဒန္တခေမိန္ဒ (ဓမ္မပါရဂူ) က အဖွင့်ဩဝါဒကထာ မိန့်ကြားခဲ့ပြီး ကျောင်းသားဟောင်းဆရာတော်များက တစ်ပါးချင်း မိတ်ဆက်လျှောက်ထားခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) တည်ထောင်ခြင်း နှစ် (၄၀) ပြည့် ပုလဲရတုအခမ်းအနားနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ကြပြီး ဆုံးဖြတ်ချက်များကို ချမှတ်အတည်ပြုခဲ့ကြောင်း သိရသည်။

အစည်းအဝေးဆုံးဖြတ်ချက်များကို ဖတ်ကြားလျှောက်ထားပြီးနောက် “သာဓု” သုံးကြိမ်ခေါ်ဆို၍ အတည်ပြုခဲ့ကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးတွင် တရားမဝင်တင်သွင်းတင်ပို့မှုများမရှိစေရေး အလေးထားဆောင်ရွက်ရန် စီးပွားကူးသန်းဝန်ကြီးမှာကြား

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ်(၂)မှတစ်ဆင့် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးသည် မေ ၂၃ ရက်က တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ်(၂)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊ လိုင်စင်တွင် ဖော်ပြထားသည့် အမျိုးအစားနှင့် တန်ချိန်များကိုက်ညီစေရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့ပြင် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာရှိ Moon HL Trading ကုမ္ပဏီ၏ ပြောင်းဂိုဒေါင်၊ ဝမ်ပုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် တာချီလိတ်ကုန်သွယ်ရေးစခန်း(မယ်ယန်း)တို့တွင်...

ဧရာဝတီတိုင်းတွင် AFCI-Port Sharing စီမံကိန်း စတင်အကောင်အထည်ဖော်5G နှင့် Smart City ဖော်ဆောင်ရေးအတွက် BOT စနစ်ဖြင့် သဘောတူစာချုပ်ချုပ်ဆို

ဧရာဝတီဆက်သွယ်ရေးကွန်ရက် ဘုံအခြေခံအဆောက်အအုံ (AFCI-Port Sharing) စီမံကိန်းကို တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း (B.O.T) စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Horizon Telecom International Co., Ltd တို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ သဘောတူစာချုပ်ချုပ်ဆိုပွဲကို မေ ၂၂ ရက် မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် Horizon Telecom International Co., Ltd မှ တာဝန်ရှိသူများ...

အိမ်ဖြူတော်အပြင်ဘက်တွင် သေနတ်ဖြင့် လိုက်လံပစ်ခတ်သည့် သေနတ်သမားအား လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ က ပစ်ခတ်ရာမှ သေဆုံး

စနေနေ့ညနေပိုင်းက အိမ်ဖြူတော်အနီးတွင် သေနတ်သမားတစ်ဦးက သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ရာ အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ (U.S. Secret Service) အေးဂျင့်များက ပြန်လည်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း တိုက်ခိုက်သူ သေဆုံးသွားခဲ့ပြီး ဘေးမှဖြတ်သွားသည့် လမ်းသွားလမ်းလာတစ်ဦးလည်း သေနတ်ကျည်ဆန်ထိမှန်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ထိုဖြစ်ရပ်ဖြစ်ပွားချိန်တွင် သမ္မတ ဒေါ်နယ်ထရန့်သည် အိမ်ဖြူတော်အတွင်း၌ ရှိနေပြီး အီရန်နိုင်ငံနှင့် သဘောတူညီချက်တစ်ခုရရှိရန် ညှိနှိုင်းဆောင်ရွက်နေစဉ်လည်း ဖြစ်သည်။ သို့သော် ၎င်းအပေါ် တစ်စုံတစ်ရာ သက်ရောက်မှုမရှိခဲ့ကြောင်း လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့၏ ပြန်ကြားရေးအရာရှိချုပ် အန်တိုနီ ဂူဂလီရယ်လ်မီ (Anthony Guglielmi) က ထုတ်ပြန်ချက်တစ်ခုတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071