Looking for something?

Explore the website

Looking for something?

Friday, May 16, 2025

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက်...

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ...

​ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ထိုင်းကာကွယ်​ရေးဝန်ကြီး ​ပြောကြားချက်

ထိုင်းအစိုးရသည် တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများကို ဝယ်ယူထားသည့်အတွက် ကျန်ရှိသည့် ငွေများကို ပေးချေရန် တရုတ်သံအမတ်က ထိုင်းအစိုးရထံ အကြိမ်များစွာ တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီး Phumtham...

ဩစတြေးလျက အင်ဒိုနှင့် စီးပွားရေး၊ ကာကွယ်ရေးဆက်ဆံမှုများ...

မေ ၁၅ သြစတြေးလျ၏ အသစ်ပြန်လည်ရွေးကောက်ခံရသော ၀န်ကြီးချုပ် အန်သိုနီ အယ်လ်ဘနီးစ်သည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို နှင့်ကြာသပတေးနေ့တွင် တွေ့ဆုံခဲ့ပြီး၊  ၎င်း၏အနီးနားအိမ်နီးချင်းနိုင်ငံနှင့် စီးပွားရေး၊...
HomeNewsLocal Newsနာဂဒေသတွင် ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ပေးသွားမည်

နာဂဒေသတွင် ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ပေးသွားမည်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွံ့ဖြိုးတိုးတက်ရေးအထူးအစည်းအဝေးအား လဟယ်မြို့၌ပြု လုပ်ရာ နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

နာဂဒေသတွင် ပညာရေးလိုအပ်ချက်ရှိသည်ကို တွေ့ရပြီး ယခုအခါ ထိုက်သင့်သလောက်တိုးတက်လာပြီဖြစ်ကာ ကျောင်းသား၊ကျောင်းသူများအားလုံး အနည်းဆုံးအလယ်တန်းအဆင့် တက်ရောက်အောင်မြင်ရမည်ဟု ဆိုသည်။

“ပညာရေးဝန်ထမ်းလိုအပ်ချက်တွေအတွက် နိုင်ငံတော်က ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်ပေးသွားမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ဒေသခံပြည်သူများ၏ အသိပညာ၊အတတ်ပညာများမြင့်မားရန် ပညာရေးကိုအားပေးဆောင်ရွက်ရမည်ဖြစ်ကာ ပညာရေးမြှင့်တင်နိုင်ရန် မိမိတို့အလနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အလေးထားအားပေးဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

“နာဂဒေသမှာလည်း ပညာရည်မြင့်မားရေး အတွက်ဆောင်ရွက်ပေးသွားမှာဖြစ်တာကြောင့် မိမိတို့ရဲ့ သားသမီးတွေအားလုံး ပညာတတ်တွေဖြစ်စေဖို့ ကြိုးပမ်းဆောင်ရွက်သွားကြဖို့လိုပါတယ်” ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းအား​ပေးခဲ့သည်။

ထို့ပြင် အလုပ်အကိုင်များဆောင်ရွက်နိုင်ရန်နှင့်ပညာသင်ကြားနိုင်ရန်အတွက် ကျန်းမာရေးကောင်းမွန်ရေးမှာလည်း အဓိကလိုအပ်သည်ဟု ဆိုသည်။

၂၀၁၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ ယခင်က သမ္မတကြီးဦးသိန်းစိန်နှင့်အတူ လာရောက်စဉ် နာဂဒေသအတွင်း၌ ကျန်းမာရေးဝန်ထမ်းများ လိုအပ်ချက်ရှိသည်ကိုသိရှိခဲ့ရသဖြင့် တပ်မတော်သား ဆေးမှူး အရာရှိများကို စစ်ကိုင်းတိုင်း၊ချင်း ပြည်နယ်နှင့်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝေးလံခေါင်ဖျားဒေသများမှ တိုက်နယ်ဆေးရုံ၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန် စေလွှတ်တာဝန်ပေးခဲ့​ကြောင်း​ပြောသည်။

“ကျန်းမာရေးက အရေးကြီးပါတယ်။ ကျန်းမာရေးကောင်းမွန်မှသာ တခြားကိစ္စတွေကို အောင်မြင် အောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ရင် ဆေးကုသမှုတစ်ခုတည်းတင်မဟုတ်ဘဲ ကျန်းမာရေးနဲ့လျော်ညီတဲ့ နေထိုင်သွား လာစားသောက်မှုပုံစံရှိစေရေးကို မိမိကိုယ်မိမိထိန်းသိမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက​မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက် တုကီယေးရှိယူကရိန်းသံရုံး၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ဇယ်လန်းစကီးကပြောကြားခဲ့သည်။ “စိတ်မကောင်းစရာတစ်ခုက ဆွေးနွေးပွဲဆိုပေမဲ့ တစ်ဖက်ကလာမဲ့အထဲမှာ ဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အထိပေါက်မြောက်တဲ့သူမျိုးပါမလာပါဘူး” ဟုလည်း ၎င်းကပြောကြားခဲ့သည်။ သို့သော် ယူကရိန်းသမ္မတကိုယ်တိုင်မတက်ရောက်နိုင်သည်ကလွဲ၍ ဆွေးနွေးပွဲအတွက် အပြုသဘောဆောင်လျှက် ကိုယ်စားလှယ်များကိုမူ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သမ္မတကပြောကြားခဲ့သည်။ အစ္စတန်ဘူလ်၌ပြုလုပ်မည့်ဆွေးနွေးပွဲသည် ၂၀၂၂ ခုနှစ် ရုရှား - ယူကရိန်းပဋိပက္ခစတင်ချိန်မှစ၍ ပထမဆုံးအကြိမ် နှစ်ဘက်မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခြင်းလည်းဖြစ်သည်။ Source : ရှင်းဟွာ

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ ၁ နာရီမထိုးမီတွင် ထိုင်း F-16 တိုက်လေယာဉ်နှစ်စင်း စေလွှတ်ခဲ့ကြောင်း ထိုင်းလေတပ်က သောကြာနေ့က FB တွင်ရေးသားထားသည်။ Ref:Khalid

​ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ထိုင်းကာကွယ်​ရေးဝန်ကြီး ​ပြောကြားချက်

ထိုင်းအစိုးရသည် တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများကို ဝယ်ယူထားသည့်အတွက် ကျန်ရှိသည့် ငွေများကို ပေးချေရန် တရုတ်သံအမတ်က ထိုင်းအစိုးရထံ အကြိမ်များစွာ တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် တရုတ်နှင့် အမေရိကန်ကြား ဟန်ချက်ညီရန် လိုအပ်သည့် နိုင်ငံငယ်လေးဖြစ်သောကြောင့် ယင်းကိစ္စကို သေသေချာချာ စဉ်းစားရမည်ဖြစ်ကြောင်း Phumtham က ဆက်လက်ပြောသည်။ ထိုင်းနိုင်ငံအတွက် တရုတ်ရေငုပ်သင်္ဘောများတွင် ဂျာမန်အင်ဂျင်များဖြင့် တပ်ဆင်မပေးနိုင်ကြောင်းဂျာမနီက မကြာသေးမီက တရားဝင်အတည်ပြုချက် ထွက်ပေါ်လာပြီးနောက်ယခုကဲ့သို့ အသံများထွက်လာခြင်းဖြစ်သည်။ ဂျာမနီသည် EU နှင့် NATO အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071