Saturday, July 5, 2025

ဒုတိယဝန်ကြီးချုပ်ဖြစ်သည့် ဖမ်သမ်ဝီချာရာချိုင်း ယာယီ၀န်ကြီးချုပ်တာဝန် စတင်ထမ်း​ဆောင်

ထိုင်းအစိုးရအဖွဲ့ အ​ပြောင်းအလဲများသည် ယခုရက်ပိုင်းအတွင်း လျှင်မြန်စွာ ​ပြောင်းလဲ​နေရာ တာဝန်မှ ​​ခေတ္တဆိုင်းငံ့ထား​သော ထိုင်းဝန်ကြီးချုပ် ​ပေတုံတန်၏ ​နေရာကိုအသက် ၇၁ နှစ်အရွယ်ရှိ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး...

နိုင်ငံဧရိယာ၏(၃၀)ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ (၁၀)ရာခိုင်နှုန်းကို...

နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပသည့် ၂၀၂၅...

အွန်လိုင်းလိ-မ်လ-ည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို-က်ဖျ-က်ရေးတို့အတွက် (၃)နိုင်ငံ ဒုတိယအကြိမ်အစည်းအဝေးပြုလုပ်

အွန်လိုင်းလိ-မ်လ-ည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို-က်ဖျ-က်ရေးတို့အတွက် ဒုတိယအကြိမ်မြောက်အဖြစ် ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက နေပြည်တော်၌ တရုတ်-မြန်မာ-ထိုင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကျင်းပခဲ့သည်။ အစည်းအဝေးတွင် တရုတ်-မြန်မာ-ထိုင်းနိုင်ငံကြား လုံခြုံရေးနှင့်...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတော်အကျိုး ၊ ဒေသအကျိုးကိုဖော်ဆောင်မည်ဆိုပါက...

လက်နက်ကိုင်အဖွဲ့များအား နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ဇူလိုင် ၄ ရက်က ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ်ချက်အဖြစ် ထုတ်ပြန်အသိပေးခဲ့သည်။ PDF အဖွဲ့များအပါအဝင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်...
HomeNewsLocal Newsနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ရန်လိုအပ်ဟု နစက...

နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ရန်လိုအပ်ဟု နစက ဥက္ကဋ္ဌပြော

ယနေ့ နိုဝင်ဘာ ၅ ရက်ညနေပိုင်းက တရုတ်နိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning အား ကူမင်းမြို့ရှိ Haigeng Hotel ဧည့်ခန်းမဆောင်၌တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံသည် ခွဲခြား၍မရနိုင်ဘဲ ပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်နိုင်ရေး၊ စီးပွားရေးအရ ကူးလူးဆက်သွယ်မှုကိုပိုမိုအကောင်အထည်ဖော်နိုင်ရေးတို့အတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းအရှိန်မြှင့်တင်ကာ အလေးထားဆောင်ရွက်သွားရန်လိုအပ်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှသာ သွင်းကုန်၊ ပို့ကုန်ကဏ္ဍကို ပိုမိုဆောင်ရွက်နိုင်မည်ဟု ပြောသည်။

ကမ္ဘာတစ်ဝန်းတိုးတက်လာသည့် လူဦးရေနှင့်အတူ ကြုံတွေ့လာရသည့် စားရေရိက္ခာလိုအပ် ချက်အား မြန်မာနိုင်ငံတွင်ဖြည့်ဆည်းပေးနိုင်မည့် အရင်းအမြစ်ကောင်းများစွာပိုင်ဆိုင်ထားသဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲ သစ်တောထွက်သယံဇာတများကိုအခြေခံသည့် စက်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်လိုသည်ဟု ပြောသည်။

ထို့ပြင် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုတို့ အပါအဝင် အခြားသောကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ရန်မြန်မာနိုင်ငံဘက်မှအသင့်ရှိပြီး နှစ်ဖက်ကူးလူးဆက်ဆံသွားလာရေးတွင် လုံခြုံချောမွေ့ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

ထို့အတူ H.E. Mr. Wang Ning မှလည်း ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်နေမှုနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုရှိစေရန် ဆောင်ရွက်လျက်ရှိမှု၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံကြား သံတမန်ရေးအရ၊ စီးပွားရေးအရ ကူးလူးဆက်ဆံဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံကြား အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်၍ နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိမှုကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်မှုများကို အတူတကွပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံသဘောတူညီပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့် H.E. Mr. Wang Ning တို့သည် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်ကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေ၊ လူသားအရင်းအမြစ် လေ့ကျင့်မွေးထုတ်ရေးတို့နှင့်ပတ်သက်၍ လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒုတိယဝန်ကြီးချုပ်ဖြစ်သည့် ဖမ်သမ်ဝီချာရာချိုင်း ယာယီ၀န်ကြီးချုပ်တာဝန် စတင်ထမ်း​ဆောင်

ထိုင်းအစိုးရအဖွဲ့ အ​ပြောင်းအလဲများသည် ယခုရက်ပိုင်းအတွင်း လျှင်မြန်စွာ ​ပြောင်းလဲ​နေရာ တာဝန်မှ ​​ခေတ္တဆိုင်းငံ့ထား​သော ထိုင်းဝန်ကြီးချုပ် ​ပေတုံတန်၏ ​နေရာကိုအသက် ၇၁ နှစ်အရွယ်ရှိ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဆူရီယာ ဂျန်ဂရန်ရီယန်ကစ်ကယာယီဝန်ကြီးချုပ်အဖြစ် ရက်ပိုင်းသာထမ်း​ဆောင်ခဲ့ရသည်။ အစိုးရအဖွဲ့သစ်၏ ပထမဆုံးအစည်းအ​ဝေးအပြီးတွင် ပြည်ထဲ​ရေးဝန်ကြီး ဖမ်သမ်ဝီချာရာချိုင်းကို ယာယီဝန်ကြီးချုပ်ရာထူး လွှဲပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ယာယီ၀န်ကြီးချုပ် နှင့် ဒုတိယဝန်ကြီးချုပ်ဖြစ်သည့် ဖမ်သမ်ဝီချာရာချိုင်းသည် ၎င်းတာဝန် ဝန်ထမ်း​ဆောင်သည့် ပြည်ထဲရေးဝန်ကြီးဌာနသို့ သောကြာနေ့က ရောက်ရှိခဲ့ရာ အကြီးတန်းအရာရှိများနှင့် ဂုဏ်ပြုတပ်ဖွဲ့များမှ ကြိုဆိုခဲ့သည်။ ယခု အစိုးရသက်တမ်းတွင် ဆရတ်သာ၊ ​ပေတုံတန်၊ ဆူရီယာ၊ ဖမ်သမ်ဝီချာရာချိုင်းတို့ ဝန်ကြီးချုပ်...

နိုင်ငံဧရိယာ၏(၃၀)ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ (၁၀)ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ်ထားမည်

နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အဆိုပါအတိုင်းဖွဲ့စည်းရန်ရည်မှန်းဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံပြီးပါက ဧရိယာဒုတိယအကြီးဆုံး နိုင်ငံတစ်ခုဖြစ်ကာ ပထဝီဝင်နိုင်ငံရေးအခြေအနေအရ၊ ဘူမိရူပထူးခြားတည်ရှိမှုတို့အရ သဘာဝအ ရင်းအမြစ်များပေါကြွယ်ဝသည့်နိုင်ငံဖြစ်ကာ မြောက်ဘက်ရေခဲတောင်များမှစ၍ တောင်ဘက် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါကျွန်းစု ဂေဟစနစ်အထိ နေရာဒေသအသီးသီးတွင် ဂေဟစနစ်မျိုးစုံကိုပိုင်ဆိုင်သည့်နိုင်ငံဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုတိုးပွားလာစေရန်၊ တောရိုင်းတိရစ္ဆာန်နှင့် ထင်ရှားသည့် ဘူမိရူပ...

အွန်လိုင်းလိ-မ်လ-ည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို-က်ဖျ-က်ရေးတို့အတွက် (၃)နိုင်ငံ ဒုတိယအကြိမ်အစည်းအဝေးပြုလုပ်

အွန်လိုင်းလိ-မ်လ-ည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို-က်ဖျ-က်ရေးတို့အတွက် ဒုတိယအကြိမ်မြောက်အဖြစ် ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက နေပြည်တော်၌ တရုတ်-မြန်မာ-ထိုင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကျင်းပခဲ့သည်။ အစည်းအဝေးတွင် တရုတ်-မြန်မာ-ထိုင်းနိုင်ငံကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးတို့ကို သက်ဆိုင်ရာပြည်တွင်းဥပဒေများနှင့်အညီ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒု-ဝန် ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီး ဌာန၊ လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi ဦး ဆောင်သောအဆင့်မြင့်အရာရှိကြီးများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071