Friday, July 4, 2025

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေသည် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်ကြောင်း ယနေ့ ဇူလိုင် ၄ ရက်၌ မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။ မိုး/ဇလ၏ အသိပေးချက်အရ ပဲခူးမြစ်ရေသည်...

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ပြည်နယ် ၃ ခုတို့တွင်...

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဇူလိုင် ၃ ရက်မှ ဇူလိုင် ၅ရက်နေ့အတွင်း စံချိန်တင်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က...

ငလျင်ဒဏ်သင့် လူကယ်ပြန်ဝန်ထမ်းများအတွက် ကျပ်သိန်း(၅၀၀)လှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်သင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန် ထမ်းများအတွက် ကျပ်သိန်း(၅၀၀)ကို ဇူလိုင် ၃ ရက်က လှူဒါန်းခဲ့သည်။ အဆိုပါ ကျပ်သိန်း(၅၀၀)လှူဒါန်းမှုအား...

ဘားအံတွင် ခရီးသွားများပြားလာခြင်းနှင့်အတူ အမှိုက်ပြဿနာလည်း များလာ

ပြည်တွင်းခရီးသွားများအကြား မိုးရာသီ၌ ဘားအံမြို့ကို လည်ပတ်သူများလာကာ ဘားအံမြို့ရှိ တောင်များကို တက်ရောက်သူများလည်း များပြားလာသည်။ ထို့ကြောင့် ခရီးသွားများတက်ရောက်လေ့ရှိသည့် တောင်ဝိုင်းတောင်တွင် စနစ်တကျ စွန့်ပစ်ထားခြင်းမရှိသည့် စွန့်ပစ်အမှိုက်များကိုလည်း...
HomeInternationalထိုင်းဝန်ကြီးချုပ် နုတ်ထွက်မည်မဟုတ်ဟု ပါတီပြောကြား

ထိုင်းဝန်ကြီးချုပ် နုတ်ထွက်မည်မဟုတ်ဟု ပါတီပြောကြား

အကျပ်အတည်းကြုံနေသော ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာသည် ရာထူးမှ နုတ်ထွက်မည်မဟုတ်သကဲ့သို့ ပါလီမန်ကို ဖျ-က်သိမ်းမည်လည်း မဟုတ်ကြောင်း သူ၏ဖြူထိုင်းပါတီမှ အကြီးတန်းအရာရှိတစ်ဦးက စနေန့တွင် ပြောကြားခဲ့သည်။

ဘတ်ဂျက်ဥပဒေကြမ်းကို အတည်ပြုပြီးချိန်တွင် ရာထူးမှနုတ်ထွက်ရန် သို့မဟုတ် ပါလီမန်ဖျ-က်သိမ်းရန် ညွှန့်ပေါင်းပါတီများ၏ အဆိုပြုချက်ကို ပေတုံတန်က လက်ခံလိမ့်မည်ဆိုသော ထင်ကြေးပေးမှုများသည် လုံးဝမမှန်ကြောင်း ပါတီ၏ အထွေထွေအတွင်းရေးမှူး Sorawong Thienthong က ဖေ့စ်ဘုတ်တွင် ပို့စ်တင်ပြောကြားခဲ့သည်။

အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်အငြင်းပွားကိစ္စအပေါ် ကိုင်တွယ်ပုံလွယ်မှားခဲ့မှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ကြီးထွားနေခြင်းကို ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးလည်းဖြစ်သူ မစ္စတာ Sorawong က တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် သူဖုန်းပြောဆိုရာတွင် ထိုင်းစစ်တပ်ကို အပုပ်ချခဲ့ပုံရသည့် ဖုန်းအသံဖိုင် ပေါက်ကြားခဲ့ပြီးနောက် မစ္စပေတုံတန် ရာထူးနုတ်ထွက်ရေးတောင်းဆိုသည့် ဆန္ဒပြမှုများသည် လူများကို ပိုမိုဆွဲဆောင်လာနိုင်ခဲ့သည်။

အသံဖိုင်ပေါက်ကြားခြင်း ကိစ္စသည် ညွှန့်ပေါင်းအဖွဲ့မှ ထွက်ရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ကြောင်း Bhumjaithai ပါတီက ပြောကြားခဲ့သည်။ လက်ရှိတွင် ညွှန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော်တွင် အမတ်နေရာအများစုကို ကျဉ်းမြောင်းသောအသာရမှုဖြင့် ထိန်းသိမ်းထားသည်။

“တိုင်းပြည် လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ သူ့ရဲ့တာဝန်ကို အပြည့်အ၀ ဆက်လက်ထမ်းဆောင်သွားမယ်လို့ ဝန်ကြီးချုပ်က ကျွန်တော်တို့ကို အခိုင်အမာ အာမခံထားပါတယ်” ဟု မစ္စတာ Sorawong က ပြောဆိုခဲ့သည်။

ဖုန်းအသံဖိုင် ပေါက်ကြားခဲ့မှုအတွက် မစ္စပေတုံတန်က တောင်းပန်ခဲ့ပြီး လူထုဒေါသကို ဖြေလျှော့ရန် ကြိုးစားခဲ့သည်။ သို့ရာတွင် သူရာထူးဖယ်ရှားရေးအတွက် ဖိအားပေးရန် လမ်းပေါ်ထွက် ဆန္ဒပြမှုများကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု သူ၏ ပြိုင်ဘက်များက ခြိမ်းခြေ-ာက်ခဲ့သည်။ သောကြာနေ့တွင် သူသည် ကမ္ဘောဒီးယားနှင့် နယ်စပ်တင်းမာမှုတွင် ပါဝင်ပတ်သက်နေသည့် စစ်သားများကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် နယ်စပ်စခန်းတစ်ခုရှိ တပ်ဖွဲ့ဝင်များထံ သွားရောက်ခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေသည် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်ကြောင်း ယနေ့ ဇူလိုင် ၄ ရက်၌ မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။ မိုး/ဇလ၏ အသိပေးချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့၌ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာ ရှိသည့်အနက် ယနေ့ ၁၂ နာရီခွဲအချိန်တွင် ၈၆၆ စင်တီမီတာသို့ ရောက်ရှိနေကာ နောက်တစ်ရက်အတွင် စိုးရိမ်ရေမှတ်ကို ရောက်နိုင်ကြောင်း ဆိုသည်။ ယခုလ ဇူလိုင် ၁ ရက်နေ့က ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ပဲခူးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် မြေနိမ့်ပိုင်းများ၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး မြေနိမ့်ပိုင်းတွင်...

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ပြည်နယ် ၃ ခုတို့တွင် စံချိန်တင် မိုးရွာသွန်းနိုင်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဇူလိုင် ၃ ရက်မှ ဇူလိုင် ၅ရက်နေ့အတွင်း စံချိန်တင်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောကြားထားသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့တွင် ၈.၁၅ လက်မ၊ ဟုမ္မလင်းမြို့တွင် ၃.၃၉ လက်မအထိ ရွာသွန်းမည်ဖြစ်ပြီး၊ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့တွင် ၇.၃၇ လက်မအထိ ရှိနိုင်ကြောင်း ဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း/အရှေ့ပိုင်း မြို့များဖြစ်သည့် တာမိုးညဲတွင် ၃.၆၂ လက်မ၊ မိုင်းဖြတ်တွင် ၃.၄၈ လက်မနှင့် တာချီလိတ်မြို့တွင် ၂.၅ လက်မအထိ မိုးရေချိန်ရှိမည်ဖြစ်ကာ၊ ရခိုင်ပြည်နယ်...

ငလျင်ဒဏ်သင့် လူကယ်ပြန်ဝန်ထမ်းများအတွက် ကျပ်သိန်း(၅၀၀)လှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်သင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန် ထမ်းများအတွက် ကျပ်သိန်း(၅၀၀)ကို ဇူလိုင် ၃ ရက်က လှူဒါန်းခဲ့သည်။ အဆိုပါ ကျပ်သိန်း(၅၀၀)လှူဒါန်းမှုအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071