၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပမည့် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၂ ခု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းများကို တနင်္ဂနွေနေ့တွင် ဘန်ကောက်မြို့ရှိ အစိုးရအဆောက်အအုံတွင် မှတ်ပုံတင်ခဲ့ကြသည်။
၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါတီ ၄၇ ခု ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ခဲ့ပြီး ယခုရွေးကောက်ပွဲတွင် ပါတီအရေအတွက် တိုးလာခဲ့ခြင်းဖြစ်သည်။
Bhumjaithai ပါတီကို ဦးဆောင်နေသည့် ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က သူ့ပါတီတွင် သူနှင့် နိုင်ငံခြားရေးဝန်ကြီး သီဟာဆတ် ဖူအန်ကတ်ကောတို့သည် ပါတီ၏ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းများဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ပါတီသည် အထွေထွေရွေးကောက်ပွဲအတွက် ဇွန်လကတည်းက အသင့်ဖြစ်နေခဲ့ပြီးဖြစ်ကြောင်း သူက ဆိုသည်။
သူ့ပါတီအနေဖြင့် တော်ဝင်အသရေဖျ-က်မှုဆိုင်ရာဥပဒေဖြစ်သော ရာဇဝတ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ပြောင်းလဲရန် ကြိုးပမ်းမည်မဟုတ်ကြောင်း အနူတင်က အတည်ပြုခဲ့သည်။
နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်ပွဲများတွင် တော်ဝင်အသရေဖျ-က်မှုဥပဒေကိစ္စကို ထုတ်ဖော်ပြောဆိုခြင်းမျိုး မပြုသင့်ဟု ပြည်သူ့ပါတီခေါင်းဆောင် Natthaphong Ruengpanyawut က ပြောဆိုခဲ့သည်။ မဲဆွယ်စည်းရုံးမှုများတွင် ပုဒ်မ ၁၁၂ ပြင်ဆင်ရေးကိစ္စကို ထည့်သွင်းပြောဆိုခဲ့သဖြင့် ပါတီဖျ-က်သိမ်းခံခဲ့ရသော Move Forward ပါတီမှ လွှတ်တော်အမတ်များသည် ပြည်သူ့ပါတီသို့ ရောက်ရှိနေခဲ့သည်။
မစ္စတာ Natthaphong သည် ၎င်းပါတီ၏ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းသုံးဦးအနက် တစ်ဦးဖြစ်သည်။
မဲဆန္ဒနယ်ဆိုင်ရာ အမတ်လောင်းများမှတ်ပုံတင်ခြင်းကို စနေနေ့တွင်စတင်ခဲ့ပြီး ပါတီ၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ခြင်းကို တနင်္ဂနွေနေ့တွင် စတင်ခဲ့သည်။ မှတ်ပုံတင်ခြင်းကို ဒီဇင်ဘာ ၃၁ ရက်တွင် ပိတ်သိမ်းမည်ဖြစ်သည်။ စနေနေ့တွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အမတ်လောင်း ၃၀၉၂ ဦး မှတ်ပုံတင်ခဲ့ကြသည်။
Ref: ဘန်ကောက်ပို့စ်
