Saturday, May 17, 2025

ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းသဖြင့် ပြည်တွင်းစက်သုံးဆီ...

နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်နေသည့်အတွက် ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းနေပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း ကျဆင်းလာကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများနှင့် ပြည်ပမှဝယ်ယူရသည့် အာရှပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှ...

အင်ဒိုနီးရှားရေတပ်က မူး ယ-စ်ဆေးပါသည့်သင်္ဘောကိုကြားဖြ-တ်ဖမ်းဆီး

ဂျကာတာ၊မေ ၁၆နိုင်ငံတွင်းသို့ မူး ယ-စ်ဆေးမှေ-ာင်ခိုတင်သွင်းရန်ကြိုးပမ်းခဲ့ပြီး ဆေးတန်ချိန် ၂ တန်နီးပါးတင်ဆောင်လာသည့် နိုင်ငံခြားသင်္ဘောတစ်စီးကို အင်ဒိုနီးရှားရေတပ်ကင်းလှည့်သင်္ဘောက ကြားဖြ-တ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ ‌‌အောင်တိးတိုး ၉၉ အမည်ရှိ အဆိုပါသင်္ဘောပေါ်၌...

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို ဇွန် ၂...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို လာမည့် ဇွန် ၂ ရက်မှစတင်၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ Polytechnic University...

ငလျင်ကြီးကြောင့် ပျ-က်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ...

မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်ရှိ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ရေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ Town Plan...
HomeNewsLocal Newsထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင်...

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်

ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်ကြောင်းမြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။

ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်း တင်ပို့ရာ၌ ဖေဖော်ဝါရီလ (၁) ရက်မှ စတင်ကာ ဩဂုတ်လကုန်အထိ (၇) လ ကာလအတွင်း အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။

ယခုနှစ်တွင် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံပြီးမှ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ယခင် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း၌ ပြောင်းတန်ချိန် (၁.၁၁)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ဧပြီလမှ နိုဝင်ဘာလအတွင်း၌ ပြောင်းတန်ချိန် (၁.၈၈) သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၄၄၇) သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ပြောင်းတင်ပို့မှုကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအစား ရေကြောင်းကုန်သွယ်မှု ဆိပ်ကမ်းများဖြစ်သည့် အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ သီလဝါဆိပ်ကမ်း၊ ရွှေမဲဆိပ်ကမ်းနှင့် မင်းထက်မင်းဆိပ်ကမ်း တို့မှ အဓိက တင်ပို့လျက် ရှိကြောင်း သိရသည်။

ထို့ပြင် ကော့သောင်းဆိပ်ကမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့ ပင်လယ်ရေကြောင်းလမ်းဖြင့် တင်ပို့နေသည့်အပြင် ကုန်းတွင်းနယ်စပ် တာချီလိတ်မှတဆင့်လည်း တင်ပို့လျက်ရှိ ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းသဖြင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းလည်း ကျဆင်းလာ

နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်နေသည့်အတွက် ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းနေပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း ကျဆင်းလာကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများနှင့် ပြည်ပမှဝယ်ယူရသည့် အာရှပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှ စက်သုံးဆီ ဈေးနှုန်းအပေါ်တွင်အခြေခံပြီး တွက်ချက်ခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများ တည်ငြိမ်လျက်ရှိကာ ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း ကျဆင်းမှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး နှုန်းများသည်လည်း တစ်လီတာလျှင် (၇၅) ကျပ်မှ (၁၂၅) ကျပ်ခန့်အထိ ကျဆင်းလျက်ရှိသည်။ ထို့ပြင် ဒေသအလိုက် စက်သုံးဆီလိုအပ်ချက် ပြည့်မီအောင် အချိန်မီပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသဖြင့် အဆင်ပြေချောမွေ့စွာ လိုအပ်သလို ဝယ်ယူသုံးစွဲနိုင်ကြောင်း သိရသည်။ ထို့ပြင်...

အင်ဒိုနီးရှားရေတပ်က မူး ယ-စ်ဆေးပါသည့်သင်္ဘောကိုကြားဖြ-တ်ဖမ်းဆီး

ဂျကာတာ၊မေ ၁၆နိုင်ငံတွင်းသို့ မူး ယ-စ်ဆေးမှေ-ာင်ခိုတင်သွင်းရန်ကြိုးပမ်းခဲ့ပြီး ဆေးတန်ချိန် ၂ တန်နီးပါးတင်ဆောင်လာသည့် နိုင်ငံခြားသင်္ဘောတစ်စီးကို အင်ဒိုနီးရှားရေတပ်ကင်းလှည့်သင်္ဘောက ကြားဖြ-တ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ ‌‌အောင်တိးတိုး ၉၉ အမည်ရှိ အဆိုပါသင်္ဘောပေါ်၌ ကိုကင်း ၁ ဒသမ ၂ တန်နှင့် ခရစ်စတယ်မက်သာဖက်တမင်း ၇၀၀ ကီလိုဂရမ်ကိုသယ်ဆောင်လာခဲ့ကြောင်းသိရသည်။ အဆိုပါသင်္ဘောသည် ငါးဖမ်းသင်္ဘောအသွင်ဆောင်လာခြင်းဖြစ်ပြီး ထိုင်းအလံတင်သင်္ဘောဖြစ်သည်ဟုလည်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သင်္ဘောပေါ်၌တင်ဆောင်လာသည့်မူးယစ်ဆေးများကို လက်ဖက်ခြောက်အထုပ်များထဲတွင်ဝှက်ကာ သယ်ဆောင်လာခြင်းဖြစ်သည်ဟုလည်း အာဏာပိုင်များကပြောကြားခဲ့သည်။ သင်္ဘောပေါ်တွင် ထိုင်းနိုင်ငံသားတစ်ဦးနှင့်မြန်မာနိုင်ငံသားလေးဦးပါဝင်ပြီး ၎င်းတို့သည် တရားဝင်ခရီးသွားလာခွင့်အထာက်အထားစာရွက်စာတမ်းများလည်း မပြည့်စုံကြဟု သိရသည်။ "ဒီအချက်ကိုကြည့်ခြင်းအားဖြင့် အခုသင်္ဘောဟာ ငါးဖမ်းတာအတွက်မဟုတ်ပဲ မှောင်ခိုလုပ်ငန်းအတွက်သာအသုံးပြုတယ်ဆိုတာသိသာပါတယ်၊ ဒါကြောင့် အင်ဒိုပြည်သူတွေမထိခို-က်ရဖို့ အခုလိုအချိန်မီဖမ်းဆီးအရေးယူနိုင်ဖို့ကလိုအပ်ပါတယ်" ဟုလည်း...

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို ဇွန် ၂ ရက်မှစတင်၍ဖွင့်လှစ်သွားမည်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို လာမည့် ဇွန် ၂ ရက်မှစတင်၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ Polytechnic University များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို ဇွန် ၂ ရက်မှစတင်၍ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းအား မေ ၂၂ ရက်မှစတင်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071