Saturday, June 27, 2026

ကမ္ဘောဒီးယားနှင့် လုံခြုံရေးမိတ်ဖက်ထူထောင်ရန် ရှီ ကတိပြု

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် လုံခြုံရေးမိတ်ဖက်ထူထောင်ရန် အသင့်ရှိကြောင်း ပေကျင်းတွင် ပြုလုပ်သော ဆွေးနွေးပွဲများတွင် သမ္မတ ရှီကျင့်ဖျင်က ဟွန်ဆန်ကို ပြောကြားခဲ့ပြီး အရှေ့တောင်အာရှရှိ ၎င်း၏...

ဗင်နီဇွဲလားငလျင် သေဆုံးသူ ၉၀၀ ကျော်လာ၊...

ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူဦးရေ ၉၀၀ ကျော်ရှိလာခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံသားများနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် အသက်ရှင်ကျန်ရစ်ဖွယ်ရှိသူများကို အပူတပြင်းရှာဖွေလျက်ရှိကာ နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်လှုပ်ခတ်အပြီး နှစ်ရက်နီးပါးအကြာမှသာ...

ဝေးလံဒေသများရှိကျောင်းသားကျောင်းသူများ၏ ၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာ့အသံမှ...

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံဒေသများရှိ ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ သိရှိနိုင်စေရန် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊...

မြန်မာလူငယ်တွေ အတွက်နည်းပညာကျွမ်းကျင်မှုဖွံ့ဖြိုးရေး အခွင့်အလမ်း တွေကို...

“လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကိုပြောင်းလဲပေးနိုင်သည့်ပညာသင်ဆုတစ်ခု” HVD Scholarship Program ကနေတစ်ဆင့်မြန်မာကျောင်းသား၊ ကျောင်းသူ တွေဟာ ထိုင်းနိုင်ငံရှိIRPC Technological Collegeမှာ အဆင့်မြင့်နည်းပညာဘာသာရပ်တွေကို PTT Group...
HomeInternationalထရမ့်ပ်နှင့် ရှီ တောင်ကိုရီးယားမှာ...

ထရမ့်ပ်နှင့် ရှီ တောင်ကိုရီးယားမှာ တွေ့မည်ဟုဆို

TikTok သဘောတူညီချက်နှင့် ပတ်သတ်၍ သူနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် တိုးတက်မှုရှိခဲ့ပြီး ကုန်သွယ်ရေး၊ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ရေးနှင့် ရုရှား၏ ယူကရိန်းစစ်ပွဲအရေးတို့ကိုဆွေးနွေးရန် ရက်သတ္တခြောက်ပတ်အတွင်း တောင်ကိုရီးယားတွင် လူချင်းတွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်သည်။

စူပါပါဝါနှစ်နိုင်ငံ၏ ခေါင်းဆောင်များအကြား သုံးလအတွင်း ပထမဆုံးဖုန်းပြောဆိုမှုတွင် နှစ်ဖက်တင်းမာမှုများ လျော့ကျသွားပုံရသော်လည်း လူကြိုက်များသော ဗီဒီယိုအက်ပ်၏ ကံကြမ္မာအတွက် မျှော်လင့်ထားသော ခိုင်မာသည့်သဘောတူညီချက်နှင့် ပတ်သတ်၍မှု လတ်တလောတွင် ရှင်းရှင်းလင်းလင်း မရှိလှပေ။

တောင်ကိုရီးယားနိုင်ငံ Gyeongju မြို့တွင် အောက်တိုဘာလ ၃၁ ရက်နေ့၌ စတင်ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ ပြင်ပတွင်ထပ်မံဆွေးနွေးသွားရန် ခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့ကြပြီး လာမည့်နှစ်အစောပိုင်းတွင် သူတရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်မည်ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။ ထို့အပြင် နောက်ပိုင်း၌ ရှီသည်လည်း အမေရိကသို့ လာရောက်လိမ့်မည်ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။

“ကုန်သွယ်ရေး၊ ဖန်တနိုင်းမူးယစ်ဆေးဝါးကိစ္စ၊ ရုရှားနဲ့ ယူကရန်းစစ်ပွဲ အဆုံးသတ်အခြေအနေတစ်ရပ် ဆောင်ကျဉ်းပေးဖို့ လိုအပ်မှု၊ TikTok သဘောတူညီချက်ကို အတည်ပြုဖို့အပါအဝင် အလွန်အရေးကြီးတဲ့ ကိစ္စရပ်အတော်များများမှာ ငါတို့တိုးတက်မှုရရှိခဲ့တယ်” ဟု ထရမ့်ပ်က ထရုဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။

“ဖုန်းပြောဆိုမှုက အရမ်းအဆင်ပြေပါတယ်။ ငါတို့ဖုန်းထပ်ပြောကြဦးမှာပါ။ TikTok အတည်ပြုရေးကို အလေးထားတယ်။ နောက်ပြီး အေပက်မှာ တွေ့ဆုံဆွေးနွေးကြဖို့ နှစ်ဖက်စလုံးက မျှော်လင့်ထားတယ်” ဟု ထရမ့်ပ်ပ က ရေးသားခဲ့သည်။ ယခုသီတင်းပတ်အစောပိုင်းတွင် နှစ်ဖက်အကြားရရှိခဲ့သော မူဘောင်သဘောတူညီချက်အပေါ် ပေကျင်းထံမှ နောက်ဆုံးအတည်ပြုချက်ရနိုင်ရေးသည် TikTok ဆက်လက်လည်ပတ်နေစေရန်အတွက် ထရမ့်ပ်ဖြေရှင်းရန်လိုအပ်သော အတားအဆီးများထဲမှ တစ်ခုဖြစ်သည်။

TikTok ပိုင်ရှင်ကုမ္ပဏီ ByteDance အနေဖြင့် ၎င်း၏ အမေရိကဆိုင်ရာပိုင်ဆိုင်မှုများကို မရောင်းချပါက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့မှစ၍ အမေရိကန်အသုံးပြုသူများအတွက် အက်ပ်ကိုပိ-တ်ပ-စ်ရမည်ဟု ကွန်ဂရက်က အမိန့်ပေးထားသည်။

ထရမ့်ပ်၏ ထုတ်ပြန်ချက်တွင် မည်သို့သော တိုးတက်မှုများဆိုသည်ကို အသေးစိတ်မဖော်ပြခဲ့ဘဲ တရုတ်၏ထုတ်ပြန်ချက်တွင်လည်း TikTok နှင့်ပတ်သတ်သော သဘောတူညီချက်ကို အတိအကျရည်ညွှန်းခဲ့ခြင်းမရှိပေ။

Ref: သည်ကိုရီးယားတိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားနှင့် လုံခြုံရေးမိတ်ဖက်ထူထောင်ရန် ရှီ ကတိပြု

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် လုံခြုံရေးမိတ်ဖက်ထူထောင်ရန် အသင့်ရှိကြောင်း ပေကျင်းတွင် ပြုလုပ်သော ဆွေးနွေးပွဲများတွင် သမ္မတ ရှီကျင့်ဖျင်က ဟွန်ဆန်ကို ပြောကြားခဲ့ပြီး အရှေ့တောင်အာရှရှိ ၎င်း၏ အနီးကပ်ဆုံးမိတ်ဖက်များထဲမှတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေလိုသည့် ပေကျင်း၏ ရည်ရွယ်ချက်ကို ပြသခဲ့သည်။ ရှီသည် သောကြာနေ့က ကမ္ဘောဒီးယားအထက်လွှတ်တော် ဥက္ကဌ ဟွန်ဆန်ကို ယင်းကဲ့သို့ ကတိပြုခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ရှင်းဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေသည် ရှုပ်ထွေးပြီး နက်ရှိုင်းသော အပြောင်းအလဲများ ဖြစ်ပေါ်နေကြောင်း တရုတ်သမ္မတက ပြောကြားခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုတည်ငြိမ်စေရန်...

ဗင်နီဇွဲလားငလျင် သေဆုံးသူ ၉၀၀ ကျော်လာ၊ ရာနှင့်ချီသော ပိတ်မိနေသူများကို အပူတပြင်းရှာဖွေနေ

ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူဦးရေ ၉၀၀ ကျော်ရှိလာခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံသားများနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် အသက်ရှင်ကျန်ရစ်ဖွယ်ရှိသူများကို အပူတပြင်းရှာဖွေလျက်ရှိကာ နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်လှုပ်ခတ်အပြီး နှစ်ရက်နီးပါးအကြာမှသာ အပျက်အစီးများဖြစ်နေသောနေရာများသို့ ရောက်ရှိလာခဲ့သည်။ လူ ၁၇၂ ဦး ပိတ်မိနေဆဲဖြစ်ကာ သေဆုံးဦးရေ ၉၂၀ ဦးနှင့် ဒဏ်ရာရရှိသူ ၃,၃၆၀ ဦးရှိကြောင်း အစိုးရက ပြောကြားခဲ့ပြီး ဝက်ဘ်ဆိုက်တစ်ခုကမူ ပျောက်ဆုံးနေသူ ၅၀,၀၀၀ ကျော်ရှိကြောင်း ဖော်ပြခဲ့သည်။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ကရာကတ်စ်နှင့် အနီးတစ်ဝိုက်ဒေသများကို ပြင်းအာ ၇ ဒဿမ ၂ နှင့်...

ဝေးလံဒေသများရှိကျောင်းသားကျောင်းသူများ၏ ၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာမည်

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံဒေသများရှိ ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ သိရှိနိုင်စေရန် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန် ၂၈ ရက် နံနက် ၆ နာရီမှစတင်၍ မြန်မာ့အသံ (ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ ထုတ်လွှင့်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အောင်စာရင်းများကို တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း တစ်ရက်တည်းဖြင့် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သတ်မှတ်စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ပေးမည်ဖြစ်သည်။ ထုတ်လွှင့်မည့် စာစစ်ဌာနများတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071