Sunday, May 18, 2025

ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) ၏ ပရိယတ္တိသာသနာပြုမဟာဗုဒ္ဓဝင်ပြန့်ပွားရေးဓမ္မဒါနအဖြစ် ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲကို ယနေ့ မေ ၁၇ ရက်မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ပြု လုပ်ခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့...

နိုင်ငံတကာ လေကြောင်းခရီးစဥ် နှောင့်နှေးပါက ပြန်လည်ရရှိမည့်အခွင့်အရေးများ

မေလ ၂၀ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံရှိ နိုင်ငံတကာလေကြောင်းခရီးသည်များ လေယာဥ်ခရီးစဥ် နှောင့်နှေးသည့်အခါတွင် အခြေအနေအလိုက် အခွင့်အရေးများ ခံစားရရှိအောင် ဝန်ဆောင်ပေးတော့မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ပြည်သူ့ဆက်ဆံရေးဦးစီးဌာန...

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...
HomeNewsLocal Newsတောင်သူတစ်ဦးချင်း ကျပ်သိန်း ၇၀၀...

တောင်သူတစ်ဦးချင်း ကျပ်သိန်း ၇၀၀ အထိ ထုတ်ချေးပေး

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်းအတွက် တောင်သူတစ်ဦးချင်းစီကို ကျပ်သိန်း ၇၀၀ အထိထုတ်ချေးပေးလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကပြောကြားခဲ့သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း၊ စီမံကိန်း ဦးဆောင်ကော်မတီ၏ (၂၅) ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှစတင်၍ အတိုးနှုန်းသက်သာသည့် ချေးငွေအဖြစ် တောင်သူတစ်ဦးချင်းသို့ ငွေကျပ်သိန်း ၇၀၀ အထိ နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၁၈၇ ခုမှ တောင်သူ ၅၆၀၉ ဦးသို့ ချေးငွေကျပ် ၂၃၂၀၄၅ ဒသမ ၈၁၈ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ချေးငွေရယူလိုသည့် တောင်သူများမှ တင်ပြလာမှုများကို စိစစ်၍ ထုတ်ချေးပေးလျက်ရှိကြောင်း၊ ယင်းအပြင် ချေးငွေအစီစဉ် ကောင်းမွန်စွာလည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့်  Evaluation & Monitoring ကို  စဉ်ဆက်မပြတ်ပြုလုပ်ပြီး  တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် အမြဲမပြတ် ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း​ဆွေး​နွေးခဲ့သည်။

ချေးငွေ အစီအစဉ်တွင် လယ်ယာသုံး စက်ကိရိယာများ ပါဝင်ရောင်းချသည့်  ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းတိုက်တွန်းပြောကြားခဲ့သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန်ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုနှင့် ဆက်လက်ထုတ်ချေးမည့် အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ တတ်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) ၏ ပရိယတ္တိသာသနာပြုမဟာဗုဒ္ဓဝင်ပြန့်ပွားရေးဓမ္မဒါနအဖြစ် ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲကို ယနေ့ မေ ၁၇ ရက်မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ပြု လုပ်ခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဆရာတော်နှင့်ဂုဏ်ထူးဆောင်ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြသည်။ ထို့အတူ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ဝင်များနှင့် အလှူရှင်များတက်ရောက်ကြည်ညိုပြီး ရန်ကုန်တိုင်းသံဃနာယကဥက္ကဋ္ဌ၊ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)၏ ဩဝါဒါစရိယ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်ခဲ့ကြသည်။ ထို့အတူ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ အဖွင့်ဩဝါဒကထာနာယူခဲ့ကြပြီးနောက် သုတစုံ လင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးတွင် ဝတ်ရုံဆင်မြန်းနိုင်ရန် ဗဟိုအဖွဲ့ဝင်ဆရာတော်ကြီးများ၊ သံဃာတော်များအား အလှူရှင်များက သင်္ကန်းများဆက်ကပ်လှူ ဒါန်းခဲ့ကြသည်။ ထို့နောက် အလှူရှင်များကအလှူငွေများပေးအပ်ရာလူမှုရေးရာဝန်ကြီးဦးဌေးအောင်နှင့်...

နိုင်ငံတကာ လေကြောင်းခရီးစဥ် နှောင့်နှေးပါက ပြန်လည်ရရှိမည့်အခွင့်အရေးများ

မေလ ၂၀ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံရှိ နိုင်ငံတကာလေကြောင်းခရီးသည်များ လေယာဥ်ခရီးစဥ် နှောင့်နှေးသည့်အခါတွင် အခြေအနေအလိုက် အခွင့်အရေးများ ခံစားရရှိအောင် ဝန်ဆောင်ပေးတော့မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ပြည်သူ့ဆက်ဆံရေးဦးစီးဌာန FB စာမျက်နှာတွင် ယနေ့ ထုတ်ပြန်ထားသည်။ပုံပါဇယားတွင်လည်း ပါရှိသည်။ ထိုင်းနိုင်ငံသည် လေကြောင်းခရီးသွားများကို အကာအကွယ်ပေးရန် အရှိန်မြှင့်လုပ်ဆောင်နေပြီဖြစ်သည်။ CAB ၏ညွှန်ကြားချက် အမှတ်စဥ် ၁၀၁ အရ နိုင်ငံတကာလေကြောင်းခရီးစဉ်များအသိပေးခြင်းမရှိဘဲ နှောင့်နှေးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများရှိပါက  ခရီးသည်များအား အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ ငွေကြေးလျော်ကြေး၊ ပြန်အမ်းငွေ၊ ပြန်လည်ဘွတ်ကင်လုပ်ခြင်း သို့မဟုတ် ဟိုတယ်တည်းခိုခွင့်များကိုကြန့်ကြာမှုအချိန်ပေါ်မူတည်၍ ခံစားခွင့်ရှိတော့မည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏...

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ မြို့ပြကျန်းမာရေးဌာနများ ပေါ်ပေါက်လာပါက ပြည်သူများ အနေဖြင့် ကျန်းမာရေးမကောင်းပါက သွားရောက်ပြသနိုင်မည့် ဆေးရုံ၊ ဆေးခန်းများ ပိုမိုပေါ်ပေါက်လာမည်ဖြစ်ကြောင်း သိရသည်။ မြို့ပြကျန်းမာရေးဌာနများဖွင့်လှစ်သွားနိုင်ရန်အတွက် လက်ရှိတွင် ကျန်းမာရေးဆေးခန်းအခွဲများ ပြန်ဖော်ထုတ်၍ ပြင်ဆင်ခြင်း၊ ဝန်ထမ်းများ အင်အားတိုးချထားခြင်း စသည့်လိုအပ်ချက်များကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071