မိုးရာသီတွင် တုပ်ကွေးဖြစ်ခြင်းကာကွယ်ဖို့ အားကစားသမားများကိုလည်း ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းကြသည်။
တုပ်ကွေးသည် အလွန်ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည်။ နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးထိုးခြင်းသည် တုပ်ကွေးရောဂါကို ကာကွယ်ရန်နှင့် ဆက်စပ်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချရန် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။
တုပ်ကွေးရာသီကာလ ပြည်တွင်းဘောလုံးကလပ်အချို့ တုပ်ကွေးကာ ကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယမန်နေ့ က ချန်ပီယံရှမ်းယူနိုက်တက်အသင်းရှိ ကစားသမားများနှင့် နည်းပြများကို တုပ်ကွေး ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ရှမ်းယူနိုက်တက်အသင်းသည် လာမည့် နိုင်ငံတကာပွဲစဉ်များနှင့် ပြည်တွင်းပွဲစဉ်များ အတွင်း အဖျားအနာမရှိစေရန် ထိုးနှံပေးခြင်းဖြစ်သည်ဟု အသင်းက မျှဝေထားသည်။
ရှမ်းယူနိုက်တက်အသင်းသည် ဇူလိုင် ၆ ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းဖြင့် MNL League Cup 2025 ဗိုလ်လုပွဲ ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။