Friday, July 4, 2025

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ပြည်နယ် ၃ ခုတို့တွင်...

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဇူလိုင် ၃ ရက်မှ ဇူလိုင် ၅ရက်နေ့အတွင်း စံချိန်တင်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က...

ငလျင်ဒဏ်သင့် လူကယ်ပြန်ဝန်ထမ်းများအတွက် ကျပ်သိန်း(၅၀၀)လှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်သင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန် ထမ်းများအတွက် ကျပ်သိန်း(၅၀၀)ကို ဇူလိုင် ၃ ရက်က လှူဒါန်းခဲ့သည်။ အဆိုပါ ကျပ်သိန်း(၅၀၀)လှူဒါန်းမှုအား...

ဘားအံတွင် ခရီးသွားများပြားလာခြင်းနှင့်အတူ အမှိုက်ပြဿနာလည်း များလာ

ပြည်တွင်းခရီးသွားများအကြား မိုးရာသီ၌ ဘားအံမြို့ကို လည်ပတ်သူများလာကာ ဘားအံမြို့ရှိ တောင်များကို တက်ရောက်သူများလည်း များပြားလာသည်။ ထို့ကြောင့် ခရီးသွားများတက်ရောက်လေ့ရှိသည့် တောင်ဝိုင်းတောင်တွင် စနစ်တကျ စွန့်ပစ်ထားခြင်းမရှိသည့် စွန့်ပစ်အမှိုက်များကိုလည်း...

ငလျင်ဒဏ်ခံခဲ့ရသည့် ကျိုက်လတ်ချောင်စေတီနှင့် တိလောကဂုရု လှိုဏ်ဂူတော်တို့ကို...

ငလျင်ဒဏ်ခံခဲ့ရသည့် ပင်းယခေတ်နံရံပန်းချီရှိသည့် ကျိုက်လတ်ချောင် စေတီနှင့် ညောင်ရမ်းခေတ်နံရံပန်းချီများရှိရာ တိလောကဂုရု လှိုဏ်ဂူတော်တို့ကို ပြန်လည်ပြုပြင် ထိန်းသိမ်းပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။ ထိုစေတီ နှစ်ဆူကို နှလုံးသားထဲကပုဂံအဖွဲ့က...
HomeNewsLocal Newsတာချီလိတ်မြို့ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ပြည်တွင်း...

တာချီလိတ်မြို့ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ပြည်တွင်း ဆိပ်ကမ်းမှတဆင့် တရုတ်၊ အိန္ဒိယနှင့် ထိုင်း ခရီးသွားများဝင်ရောက်မှု များပြားဟု ဆို

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ပြည်တွင်း ဆိပ်ကမ်းမှတဆင့် တရုတ်၊ အိန္ဒိယနှင့် ထိုင်း ခရီးသွားများဝင်ရောက်မှု များပြားလျှက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

ပြီးခဲ့သော ဒီဇင်ဘာ (၂၅)ရက် မှ (၂၇) ရက်နေ့အထိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်၏ မြေပြင်ကွင်းဆင်းတွေ့ရှိချက်များကို ဝန်ကြီးဌာန ပြန်ကြား ရေးကတဆင့် ပြန်လည် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်သည် ဒီဇင်ဘာ (၂၅)ရက်တွင် ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေး တံတားသို့ သွားရောက်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်စပ်ဒေသများတွင် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်တန်းခရီးစဉ်များနှင့် နယ်စပ်ဒေသခရီးသွားလုပ်ငန်းများ အဆင်ပြေလွယ်ကူချော မွေ့စွာ ဖော်ဆောင်နိုင်ရေးအတွက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာ (၂၆)ရက်တွင် တာချီလိတ်မြို့၊ ဝမ်ပုံစံပြကျေးရွာအနီးရှိ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်းသို့သွားရောက်၍ ခရီးသွားလုပ်ငန်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ကြည့်ရှုခဲ့ သည်။

ယင်းနောက် မိုင်းဖုန်းကျေးရွာရှိ မိုင်းဖုန်းဆရာတော်ဘုရားကျောင်းသို့ သွားရောက်၍ ခရီးသွားဧည့်သည်များ ကျောင်းတော်သို့ လာရောက်ဖူးမြော်ပြီး ဘုရားဖူးခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေး အခြေအနေများကို ကြည့်ရှုခဲ့သည်။

ထို့အပြင် မဲခေါင်မြစ်တစ်လျှောက် ရေယာဉ်ဖြင့် လှည့်လည် ကြည့်ရှုခဲ့ကာ မြစ်တွင်းသွားအပျော်စီးသင်္ဘောခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ထပ်မံလှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့ရှိ ဝမ်းဂျီဝမ်း ဟိုတယ်၌ ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအား တွေ့ဆုံပွဲ ပြုလုပ်စဥ် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံများမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ အများအပြား လာရောက်လည်ပတ်ကြသည်ကိုတွေ့ရှိရကြောင်း၊ ဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းများ ပြန်လည် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အလားတူ တာချီလိတ်မြို့သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိပြီး နယ်စပ်ဒေသခရီးသွား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်အတွက် အလားအလာရှိပါကြောင်း၊
ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မိမိတို့၏ခရီးစဉ်ဒေသများသို့ ခရီးသွားဧည့်သည်များပိုမိုဝင်ရောက်လာရေးအတွက် ဈေးကွက်ရှာဖွေရေးနှင့် မြှင့်တင်ကြော်ငြာရေးကိစ္စရပ်များကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ခရီးစဉ်ဒေသများအလိုက် တစ်နှစ်ပတ်လုံး လည်ပတ်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ကြရမည်ဖြစ်ပါကြောင်း၊ ခရီးသွားများကို ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေးအတွက် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ခရီးစဉ် ဒေသခရီးသွားထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသရှိ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် အားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဒီဇင်ဘာ (၂၇)ရက်နေ့တွင် တာချီလိတ်မြို့၊ ရွှေတိဂုံဘုရားစေတီတော်ကြီးသို့ သွားရောက်ဖူးမျှော်ကာ ဘုရားဖူးခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမျှော်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲသို့ သွားရောက်၍ ရုံးခွဲတွင်တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအား တွေ့ဆုံ နှုတ်ဆက်ပြီး လုပ်ငန်းကျွမ်းကျင်မှုနှင့် ဘာသာစကားကျွမ်းကျင်မှုရှိရေးအတွက် ကြိုးစားကြရန်၊ နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ နေထိုင်ကြရန်နှင့် နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကြိုးစားပြီး စေတနာထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ပြည်တွင်း ဆိပ်ကမ်းကို ၂ဝ၂ဝ ခုနှစ် မေလအတွင်း အပြီးသတ်ရန် ရည်မှန်းထားခဲ့သော်လည်း ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် နှောင့်နှေးခဲ့ရကာ ၂ဝ၂၂ ခုနှစ် အတွင်းမှပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝမ်ပုံဆိပ်ကမ်းသည် မြန်မာနိုင်ငံနှင့် အခြား လန်ချန်း-မဲခေါင်နိုင်ငံများအကြား ကုန်စည်ပို့ဆောင်ကူးသန်း ရောင်းဝယ်မှုကို မြှင့်တင်ပေးမည့်အပြင် မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ ခရီးသွားလာမှုများမှတဆင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုကို အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ပြည်နယ် ၃ ခုတို့တွင် စံချိန်တင် မိုးရွာသွန်းနိုင်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဇူလိုင် ၃ ရက်မှ ဇူလိုင် ၅ရက်နေ့အတွင်း စံချိန်တင်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောကြားထားသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့တွင် ၈.၁၅ လက်မ၊ ဟုမ္မလင်းမြို့တွင် ၃.၃၉ လက်မအထိ ရွာသွန်းမည်ဖြစ်ပြီး၊ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့တွင် ၇.၃၇ လက်မအထိ ရှိနိုင်ကြောင်း ဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း/အရှေ့ပိုင်း မြို့များဖြစ်သည့် တာမိုးညဲတွင် ၃.၆၂ လက်မ၊ မိုင်းဖြတ်တွင် ၃.၄၈ လက်မနှင့် တာချီလိတ်မြို့တွင် ၂.၅ လက်မအထိ မိုးရေချိန်ရှိမည်ဖြစ်ကာ၊ ရခိုင်ပြည်နယ်...

ငလျင်ဒဏ်သင့် လူကယ်ပြန်ဝန်ထမ်းများအတွက် ကျပ်သိန်း(၅၀၀)လှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်သင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန် ထမ်းများအတွက် ကျပ်သိန်း(၅၀၀)ကို ဇူလိုင် ၃ ရက်က လှူဒါန်းခဲ့သည်။ အဆိုပါ ကျပ်သိန်း(၅၀၀)လှူဒါန်းမှုအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

ဘားအံတွင် ခရီးသွားများပြားလာခြင်းနှင့်အတူ အမှိုက်ပြဿနာလည်း များလာ

ပြည်တွင်းခရီးသွားများအကြား မိုးရာသီ၌ ဘားအံမြို့ကို လည်ပတ်သူများလာကာ ဘားအံမြို့ရှိ တောင်များကို တက်ရောက်သူများလည်း များပြားလာသည်။ ထို့ကြောင့် ခရီးသွားများတက်ရောက်လေ့ရှိသည့် တောင်ဝိုင်းတောင်တွင် စနစ်တကျ စွန့်ပစ်ထားခြင်းမရှိသည့် စွန့်ပစ်အမှိုက်များကိုလည်း အများအပြားတွေ့မြင်လာရကြောင်း တောက်တက်သူအချင်းချင်းကပင် အသိပေးနေကြသည်။ “မြို့တစ်မြို့ကို အလည်သွားတော့မယ်ဆိုရင် အပျော်နဲ့သွားလည်ခြင်းမဟုတ်ပဲ ဒီမြို့ကိုချစ်မြတ်နိုးတဲ့ စိတ်ကြောင့် သွားလည်ခြင်း ဖြစ်စေချင်တယ်။ အမှိုက်များကို စနစ်တကျစွန့်ပစ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ” ဟု ပြည်တွင်း တောင်တက်ခရီးသွားသူတစ်ဦးက တောင်ဝိုင်းတောင်ရှိ စွန့်ပစ်အမှိုက်များကို ပြသရင်း မေတ္တာရပ်ခံထားသည်။ ထိုနည်းတူ ဘားအံမြိူ့ရှိ ဇွဲကပင်တောင်၊ ကော့ကသောင်တောင်၊ မိဇံတောင်တို့တွင်လည်း ပလပ်စတစ်အမှိုက်များ များပြားနေသည်ဟု ကိုယ်တိုင်တက်ရောက်ခဲ့သူများက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071