ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူး လွန်သည့် မြန်မာနိုင်ငံသား(၃၁)ဦးကို လုပ်ငန်းသုံးဆက် စပ်ပစ္စည်းများနှင့်အတူ ဇွန် ၂ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာရှိ စဝ်နွဲ့(ခ)စဝ်နွဲ့လင်းပိုင်ဆိုင်သည့်နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် မြန်မာနိုင်ငံသားအမျိုးသား၊ အမျိုးသ မီး(၃၁)ဦးကို Destop (၅၈)လုံး၊ System ပုံး(၆၀)လုံး၊ ဖုန်းမျိုးစုံ(၆၀)လုံး၊ စားပွဲ(၂၀)လုံး၊ ထိုင်ခုံ(၅၄)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအားလိုအပ်သည့် စစ် ဆေးမှုများပြုလုပ်ပြီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
