Friday, December 13, 2024

လူသားချင်းစာနာမှု အကျပ်အတည်းတိုးမြင့်လာမည့် နိုင်ငံ(၅) နိုင်ငံတွင်...

လူသားချင်းစာနာမှု အကျပ်အတည်း တိုးမြင့်လာမည့် နိုင်ငံ(၅)နိုင်ငံတွင် မြန်မာပါဝင်လာသည်ဟု နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC)က အသိပေးထုတ်ပြန်ထားသည်။  အဆိုပါ (၅)နိုင်ငံမှာ ပထမ‌နေရာတွင် ဆူဒန်၊ ဒုတိယနေရာတွင် ပါလက်စတိုင်း၊တတိယနေရာတွင်မြန်မာ၊...

လာမည့်နှစ်ကစပြီး ထိုင်းကို e-Visa လျှောက်ထားနိုင်မည်

ဇန်နဝါရီလက စတင်၍ မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံကို ဗီဇာလျှောက်ထားရာတွင် အွန်လိုင်း(e-Visa) စနစ်ဖြင့်စတင်လျှောက်ထားနိုင်မည်ဟု ရန်ကုန်မြို့အခြေစိုက် ထိုင်းသံရုံးက ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်နေ့)ကထုတ်ပြန်သည်။ ယင်းစနစ်ကို...

ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် MNL U-20 Youth...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပပေးခဲ့သည့် MNL U-20Youth League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ချန်ပီဆွတ်ခူးခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးထုတ်ပြန်သည်။ အလားတူ ဂျူနီယာလိုင်းယွန်းအက်ဖ်စီ...

အမေရိကန်က ယူကရိန်းကို စစ်ဘက်ဆိုင်ရာအကူအညီ ဒေါ်လာ...

ခဲယမ်းမီးကျောက်များ၊ သံချပ်ကာယာဉ်များ၊ ဓာတ်ရောင်ခြည်သင့်မှု ဓာတုနှင့် ဇီဝလက်န-က်ဆိုင်ရာ အကာအကွယ်ပစ္စည်းများ ပါဝင်မည့် နောက်ထပ် ဒေါ်လာ သန်း ၅၀၀တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ အထောက်အပံ့...
HomeNewsLocal Newsတရုတ်နိုင်ငံအတွင်းအခြေပြု၍ မြန်မာနိုင်ငံအကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကိုလက်သင့်ခံမည်မဟုတ်ဟု...

တရုတ်နိုင်ငံအတွင်းအခြေပြု၍ မြန်မာနိုင်ငံအကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကိုလက်သင့်ခံမည်မဟုတ်ဟု တရုတ်ဝန်ကြီးချုပ်ပြော

တရုတ်နိုင်ငံအတွင်းအခြေပြု၍ မြန်မာနိုင်ငံအကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကိုလက်သင့်ခံမည်မဟုတ်ဟု တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang မှ ယနေ့ နိုဝင်ဘာ ၆ ရက်မွန်းလွဲပိုင်းက ကူမင်းမြို့၌ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံမှ အပြည့်အဝထောက်ခံအားပေးကူညီသွားမည်ဖြစ်ကာ အိမ်နီးချင်းကောင်းနိုင်ငံအဖြစ် ထာဝရရပ်တည်သွားမည်ဟု ပြောသည်။

မြန်မာအစိုးရအနေဖြင့် ဖြစ်ပေါ်နေသည့်လက်နက်ကိုင်ပဋိပက္ခများကို အကြမ်းဖက်သည့်နည်းဖြင့် ပြန်လည်မဖြေရှင်းဘဲ နိုင်ငံရေးအရဖြေရှင်းနိုင်ရန် ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုများကိုချီးကျူးပြီး တရုတ်နိုင်ငံအနေဖြင့် နစက မှချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကိုထောက်ခံ၍ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် ဆန္ဒပြုကူညီသွားမည်ဟု ပြောသည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအသိအမှတ်ပြုကာ တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း ထပ်လောင်းပြောကြားသည်။

အလားတူ နှစ်နိုင်ငံနယ်စပ်ဂိတ်များသည် အစိုးရ၏စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောသည်။

” တရုတ်-မြန်မာ ဆက်ဆံရေးနဲ့နိုင်ငံရေးအရ ယုံကြည်မှုတွေ ပိုမိုတိုးတက်လာစေဖို့ ဆက်လက်ဆွေးနွေးဆောင်ရွက်သွားပါမယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးဟာ ထိပ်တန်းစီမံကိန်းဖြစ်တာကြောင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားပါမယ်”ဟု တရုတ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်-မြန်မာနယ်ပယ်စုံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံအရေးသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအရေးပင်ဖြစ်၍ နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ဆောင်ရွက်သွားမည်ဟု တရုတ်ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူသားချင်းစာနာမှု အကျပ်အတည်းတိုးမြင့်လာမည့် နိုင်ငံ(၅) နိုင်ငံတွင် မြန်မာပါဝင်လာ

လူသားချင်းစာနာမှု အကျပ်အတည်း တိုးမြင့်လာမည့် နိုင်ငံ(၅)နိုင်ငံတွင် မြန်မာပါဝင်လာသည်ဟု နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC)က အသိပေးထုတ်ပြန်ထားသည်။  အဆိုပါ (၅)နိုင်ငံမှာ ပထမ‌နေရာတွင် ဆူဒန်၊ ဒုတိယနေရာတွင် ပါလက်စတိုင်း၊တတိယနေရာတွင်မြန်မာ၊ စတုတ္ထနေရာတွင် ဆီးရီးယား နှင့် ပဉ္စနေရာတွင် တောင် ဆူဒန် တို့ဖြစ်ကြကြောင်း သိရသည်။ ယင်းအနက် မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း လူသားချင်းစာနာမှုအကျပ်အတည်း တိုးမြှင့်လာမည်ဖြစ်သည်ဟု IRC ၏ အသိပေးချက်တွင်ဖော်ပြထားသည်။ လက်ရှိ မြန်မာနိုင်ငံတွင် လူပေါင်း (၉) သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ထက် (၃၇)...

လာမည့်နှစ်ကစပြီး ထိုင်းကို e-Visa လျှောက်ထားနိုင်မည်

ဇန်နဝါရီလက စတင်၍ မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံကို ဗီဇာလျှောက်ထားရာတွင် အွန်လိုင်း(e-Visa) စနစ်ဖြင့်စတင်လျှောက်ထားနိုင်မည်ဟု ရန်ကုန်မြို့အခြေစိုက် ထိုင်းသံရုံးက ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်နေ့)ကထုတ်ပြန်သည်။ ယင်းစနစ်ကို မြန်မာနိုင်ငံသားများအပြင် မြန်မာနိုင်ငံအတွင်း လာနေထိုင်နေသည့် တခြားနိုင်ငံသားများလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။ ထိုသို့ e-Visa စနစ် အပြောင်းအလဲပြုလုပ်ရန်အတွက် ဒီဇင်ဘာ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဗီဇာလျှောက်လွှာများကို လက်ခံမည် မဟုတ်သေးကြောင်းလည်း ထိုင်းသံရုံးက ကြေညာထားသည်။ ဗီဇာလျှောက်လွှာများကို စိစစ်အကဲဖြတ်ချိန်သည် ၁၀ ရက်မှ ၁၅ ရက်ကြာမြင့်နိုင်ကာ ဗီဇာကြေးကို ထိုင်းသံရုံးဗီဇာကောင်တာ၌...

ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် MNL U-20 Youth League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲ အနှစ်ချုပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပပေးခဲ့သည့် MNL U-20Youth League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ချန်ပီဆွတ်ခူးခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးထုတ်ပြန်သည်။ အလားတူ ဂျူနီယာလိုင်းယွန်းအက်ဖ်စီ အသင်းအနေဖြင့် ဒုတိယ၊ ISPE FC အသင်းအနေဖြင့် တတိယဆု ဆွတ်ခူးခဲ့ကြသည်။ ပြိုင်ပွဲဝင်အသင်း (၁၃)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပွဲစဉ်များတလျှောက် သွင်းဂိုးအရေအတွက် စုစုပေါင်း (၄၃၈) ဂိုးအနက် သွင်းဂိုးအများဆုံး ရရှိသည့်အသင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းမှ (၅၅) ဂိုးအထိ ရရှိခဲ့ပြီး၊ ပေးဂိုးအများဆုံး ခွင့်ပြုခဲ့ရသည့်အသင်းမှာ မဟာယူနိုက်တက်အသင်းမှ (၅၇) ဂိုးပေးခဲ့ရသည်။ ထို့ပြင် ပြိုင်ပွဲတလျှောက် သွင်းဂိုး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071