Saturday, May 17, 2025

လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ...

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ အင်ဂျင်နီယာ၏ ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မ တီက သိရသည်။ မန္တလေးမြို့တော်စည်ပင်...

၄၉ရက်အကြာတွင် Sky Villa မှ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း...

ဘန်ကောက် အထပ်မြင့်အဆောက်အအုံပြိုကျမှု ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အခြား...

မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ‌ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄...

နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်မှ စိုက်ပျိုးရေ ပြန်လည်ပေးဝေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်အား ပြန်လည်ပြုပြင်မှုများဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိအချိန်၌ စိုက်ပျိုးရေများပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ ဆင်‌ေ-သရေလွှဲဆည်သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အလျားပေ(၁၅၀)ခန့်ပျက်စီးခဲ့သဖြင့် ယာယီပြုပြင်မှုများပြုလုပ်ပြီးနောက် ဧပြီ ၈...
HomeNewsLocal Newsတရားဥပဒေစိုးမိုးမှ ပြည်သူများ၏ နေ့စဉ်လူမှုဘဝလုံခြုံမည်

တရားဥပဒေစိုးမိုးမှ ပြည်သူများ၏ နေ့စဉ်လူမှုဘဝလုံခြုံမည်

နစက မှနိုင်ငံတည်ငြိမ်အေးချမ်းရေး၊စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကိုဆောင် ရွက်ပေးနေကာ ခေတ်ကာလနှင့်မလျော်ညီသည့်ဥပဒေ၊နည်းဥပဒေများကို ပြင်ဆင်ခြင်း၊ဖျက် သိမ်းခြင်း၊အစားထိုးဖြည့်စွက်ခြင်း၊အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိ​ကြောင်းကို နစက ဥက္ကဋ္ဌက ဒီဇင်ဘာ ၂၀ ရက်နံနက်ပိုင်းက မွန် ပြည်နယ်၊မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦးသစ်ဖွင့်ပွဲအခမ်းအ နား၌ ​ပြော ကြားခဲ့သည်။

ထို့ပြင် တရားဥပဒေစိုးမိုးရေးအခန်းကဏ္ဍသည် အရေးကြီးသည့် မဏ္ဍိုင်တစ်ရပ်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး၏ နေ့စဉ်လူမှုဘဝလုံခြုံရေးအတွက် မရှိမဖြစ်သည့်ကဏ္ဍတစ်ခုဖြစ်သည်ဟု ဆိုသည်။

မိမိတို့အားလုံး မျှော်မှန်းတည်ဆောက်နေသည့် ဒီမိုကရေစီခိုင်မာရေးဆောင်ရွက်ရာတွင် လွတ်လပ်ခြင်း၊ငြိမ်းချမ်းခြင်း၊တရားမျှတခြင်း အခြေခံလို အပ်ချက်များဖြစ်ပေါ်စေရန် တရားရေးကဏ္ဍသည် အလွန်အရေးကြီးသည်ဟု ဆိုသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ “နိုင်ငံတော်သည်မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်း တူညီမျှ အခွင့်အရေးရှိစေရမည်၊ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်”ဆိုတဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပေးရပါမယ် တစ်နည်းအား ဖြင့် “ဥပဒေအထက်တွင် မည်သူမျှ မရှိစေရ”ဆိုတဲ့အတိုင်း အဘက်ဘက်ကမှန်ကန်တိကျပြီး တရားမျှတမှုရှိတဲ့ စီရင်ဆုံးဖြတ်ချက်တွေနဲ့ နိုင်ငံနဲ့ပြည် သူလူထုအကျိုးကိုဆောင်ရွက်ကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းမှာကြားခဲ့သည်။

ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏အောက်တွင် တိုင်း/ပြည်နယ်တရားလွှတ်တော်များ၊ခရိုင်တ ရားရုံးများ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊မြို့ နယ်တရားရုံးများ၊ဥပဒေအရ တည်ထောင်သည့် အခြားတရားရုံးများဟူ၍ တရားရုံးအဆင့်ဆင့်ဖွဲ့စည်းပြီး မှုခင်းများကိုမှန်မှန်ကန်ကန်နှင့်ကြန့် ကြာမှုမရှိစေရန် ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။

“နိုင်ငံတော်အနေနဲ့ တရားရုံးတွေကို အဆင့်နဲ့လျော်ညီပြီး ဂုဏ်အင်္ဂါရပ်နဲ့ညီအောင်ရင်းနှီးတည် ဆောက်ပေးထားတဲ့အတွက် တရားဥပဒေစိုးမိုးရေး၊တရား စီရင်ရေးကဏ္ဍမှာ ထိရောက်အကျိုးရှိတဲ့ တရားရုံးတွေဖြစ်လာကြလိမ့်မယ်လို့မျှော်လင့်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

တရားစီရင်ရေးတွင် ပြည်သူလူထုမှ ယုံကြည်အားကိုးရသည့် တရားစီရင်ရေးဖြစ်ရန်အရေးကြီးကာ ထိုသို့ ယုံကြည်ကိုးစားမှုရှိနိုင်ရန် တရား ရုံးများမှ ဥပဒေနှင့်အညီ လွတ်လပ်မှန်ကန်စွာ ဆုံးဖြတ်နိုင်ခြင်း၊အဂတိတရားကင်းစင်ခြင်း၊မှန်မှန်ကန်ကန်နှင့်မြန်ဆန်စွာအဆုံးအဖြတ်ပြုနိုင်ခြင်းများမှာ အရေးပါသည်ဟု ဆိုသည်။

“တရားစီရင်ရေးဟာ အမှားအယွင်းမခံတဲ့ကိစ္စဖြစ်ပါတယ် အပြစ်ရှိသူတစ်ယောက်ကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့လိုပြီး အပြစ်မရှိသူတစ်ယောက်ကို အပြစ်ပေးမိတာမျိုး မဖြစ်ဖို့လိုပါတယ် ကျူးလွန်တဲ့ပြစ်မှုနဲ့သင့်တော်တဲ့ပြစ်ဒဏ်တွေကို မှန်မှန်ကန်ကန်ချမှတ်နိုင်ခြင်းဟာ တရား စီရင်ရေး၏ အဓိကလိုအပ်ချက်ဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

လက်ရှိအချိန်၌ကမ္ဘာ့နိုင်ငံအများအပြားရှိ တရား ရုံးများတွင် နည်းပညာအသုံးပြု၍ တရားစီရင်ရေးဆောင်ရွက်လျက်ရှိသဖြင့် ကွန်ပျူတာ၊အင်တာနက်နှင့်ဆက်စပ်ပစ္စည်းများကိုလည်း တရား စီရင်ရာတွင် အသုံးပြုလာကြသကဲ့သို့ ဉာဏ်ရည်တု(AI)နည်းပညာကိုပါ အသုံးပြုလာသည်ကို တွေ့ရမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း တရားရုံးများ၌ ICT နည်းပညာများတဖြည်းဖြည်းနှင့်စတင်အသုံး ပြုလာပြီဖြစ်ကာ သက်သေစစ်ဆေးရာတွင် Video Conferencing စနစ်ကိုသုံးပြီး အဝေးရောက်သက်သေများကို စစ်ဆေးခြင်းများကိုပြု လုပ်လာပြီဖြစ်ကာ တရားစီရင်ရေးတွင် ခေတ် နောက်မကျစေရေး ကြိုးပမ်းဆောင်ရွက်လာသည်ကိုတွေ့ရသည်ဟု ဆိုသည်။

“နိုင်ငံတော်အနေနဲ့ တရားစီရင်ရေးကဏ္ဍမှာ တိုး တက်ပြောင်းလဲမှုတွေဖြစ်စေဖို့ စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ပေးနေပါတယ် လိုအပ်တဲ့တရားရုံးအဆောက်အဦးအသစ်တွေ ဆောက်နိုင်ဖို့နဲ့ နည်းပညာပိုင်းဆိုင်ရာပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ကိုလည်း စီမံဆောင်ရွက်ပေးနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ အင်ဂျင်နီယာ၏ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ အင်ဂျင်နီယာ၏ ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မ တီက သိရသည်။ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ် အတွင်းရှိ (၆)မြို့နယ်အတွင်းမှ လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် သတ်မှတ်ခံရသော အဆောက်အအုံ ပိုင်ရှင်များအနေဖြင့် မိမိတို့၏ အဆောက်အအုံအား ပြန်လည်ပြင်ဆင်လိုသည်များနှင့် ပတ်သက်၍ PE. RSE လိုင်စင်ရ အင်ဂျင်နီယာများ၏ ထောက်ခံချက်ပါသော ပြင်ဆင်ရမည့် Met hod State-ment နှင့်အတူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့်...

၄၉ရက်အကြာတွင် Sky Villa မှ အမျိုးသား (၁)ဦး၏ရုပ်အလေ-ာင်းနှင့် ရွှေ၊ ငွေများထပ်မံတွေ့ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းစဥ် ညနေ ၅ နာရီ ၅၅ မိနစ် ၌ Sky Villa အဆောက်အဦး၏ (C)အဆောင်၊ အခန်းအမှတ် M2 မှ အမျိုးသား(၁)ဦး၏ ရုပ်အလော-င်းကိုတွေ့ရှိခဲ့ရသဖြင့် သယ်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် Sky Villa အဆောက်အဦး၏ (B)အဆောင် ၊ အခန်းအမှတ်(14)မှတွေ့ရှိရသော မီးခံသေတ္တာအတွင်းမှအရေးကြီးစာရွက်စာတမ်းဖိုင်(၂၃)ဖိုင်၊...

ဘန်ကောက် အထပ်မြင့်အဆောက်အအုံပြိုကျမှု ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အခြား ၁၄ ဦး ရဲထံ အဖမ်းခံ

မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ‌ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄ ဦးသည် သောကြာနေ့(မေလ ၁၆ရက်နေ့) က ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။ ဘန်ကောက်ရှိ အထပ် ၃၀ မြင့် ဆောက်လုပ်ဆဲ နိုင်ငံတော်စာရင်းစစ်ရုံးတာဝါသည် အိမ်နီးချင်း မြန်မာ၏ ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ကြောင့် ပြိုကျခဲ့သည့် တစ်ခုတည်းသော အဆောက်အအုံဖြစ်သည်။ ပြိုကျအဆောက်အအုံနေရာတွင် ကယ်ဆယ်ရေးအဖွဲ့များသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071