Tuesday, June 9, 2026

မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု...

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်း (UMBEEA) မှ ကြီးမှူးကျင်းပမည့်"Myanmar–China Trade & Investment Expo 2026 ကို ဇွန်...

ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဟင်္သာတမြို့ ရေသန့်စက်ရုံများသို့...

ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဟင်္သာတ မြို့ပေါ် ရပ်ကွက်အတွင်းရှိ ရေသန့်စက်ရုံများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်လုပ်၊ ထုပ်ပိုးရောင်းချခြင်း ရှိ/ မရှိ ရှောင်တခင် လိုက်လံစစ်ဆေးမှု...

စစ်ကိုင်းတိုင်း အထက်ပိုင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား/သူများ...

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှ ကျောင်းသား/ကျောင်းသူများ အဆင့်မြင့်ပညာဆက်လက်သင်ယူနိုင်ရန် ဟုမ္မလင်းဒီဂရီကောလိပ်သို့ လျှောက်ထားလာပါက တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က ပြောသည်။ ယမန်နေ့က ကျင်းပသည့်...

မြန်မာ-အင်ဒိုနီးရှားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်ဖွင့်လှစ်ရန်သဘောတူခဲ့ကြ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူဂီအိုနိုသည် ဇွန် ၈ ရက်က နေပြည်တော်သို့တရားဝင်ခရီးစဉ်အဖြစ်ရောက်ရှိလာခဲ့သည်။ ထိုသို့ ရောက်ရှိလာပြီးနောက် ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့်တွေ့ဆုံကာ...
HomeMoviesတတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင်...

တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် အရေးပေါ်အခြေအနေကြေညာခြင်း၊ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းနှင့် ဒီဇယ်ဆီအထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးကိစ္စရပ်များ ဆွေးနွေးမည်

ယနေ့ ဂျွန်လ ၉ ရက်၌ တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကိုကျင်းပရာ ပြည်ထောင်စုလွှတ်တော် တက်ရောက်ခွင့်ရှိသူကိုယ်စားလှယ် ၅၆၀ ဦးရှိရာ တက်ရောက်သူ ၅၅၈ ဦးရှိသည့်အတွက် အစည်းအဝေး အထမြောက်ခဲ့သည်။

အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော် နာယကမှ နိုင်ငံတော်သမ္မထံ နိုင်ငံတကာအဖွဲ့အစည်းများမှပေးပို့သည့် ဝမ်း‌ေမြာက်‌ေကြာင်းသဝဏ်လွှာအသီးသီးကို ဖတ်ကြားတင်ပြခဲ့ကာ၊ ဆက်လက်၍ နိုင်ငံတော်သမ္မတမှ ခန့်အပ်တာဝန်ပေးအပ်ရန် ပေးပို့ထားသော တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဝန်ကြီးဌာနများ၏ဝန်ကြီးများအမည်စာရင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဥပဒေချုပ်များ အမည်စာရင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ စာရင်းစစ်ချုပ်များ အမည်စာရင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဉက္ကဌများ အမည်စာရင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ဝန်ကြီးများအမည်စာရင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ တရားလွှတ်တော်တရားသူကြီးများ အမည်စာရင်း၊ မြို့တော်ဝန်များ အမည်စာရင်းကို ဖတ်ကြားတင်ပြခဲ့သည်။

ထို့နောက် ယနေ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၆) အရေးပေါ်အခြေအနေကြေညာခြင်းနှင့် အမိန့်အမှတ်(၂/၂၀၂၆) စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းတို့နှင့် စပ်လျဉ်း၍ ဦးစိုးပိုင်၊ ဝန်းသိုမဲဆန္ဒနယ်၊ ဦးလှမင်း၊ ငါန်းဇွန်မဲဆန္ဒနယ်၊ ဒေါက်တာကျော်ဆွေ၊ တောင်တွင်းကြီးမဲဆန္ဒနယ်၊ ဦးထိန်လင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကိုယ်စားလှယ်အမှတ်(၅) ကိုယ်စားလှယ်တို့မှ (၆) မိနစ်စီဆွေးနွေးကာ လွှတ်တော်၏ အဆုံးအဖြတ်ရယူမည်ဖြစ်ကာ၊ ဒီဇယ်ဆီ HSD(500ppm) အပေါ်ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဦးစိုးပိုင်၊ ဝန်းသိုမဲဆန္ဒနယ်၊ ဒေါက်တာကျော်ဆွေ၊ တောင်တွင်းကြီးမဲဆန္ဒနယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များက (၆) မိနစ်စီ ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ချိတ်ဆက်ပေးမည့် ပြပွဲကျင်းပမည်

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်း (UMBEEA) မှ ကြီးမှူးကျင်းပမည့်"Myanmar–China Trade & Investment Expo 2026 ကို ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲကို Yangon Convention Center (YCC), Yangonတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ချိတ်ဆက်ပေးမည့် အထူးပြပွဲဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် MSMEs လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ၊ စားသောက်ကုန်နှင့် လူသုံးကုန် လုပ်ငန်းများ၊စိုက်ပျိုးရေးနှင့်...

ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဟင်္သာတမြို့ ရေသန့်စက်ရုံများသို့ ရှောင်တခင်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဟင်္သာတ မြို့ပေါ် ရပ်ကွက်အတွင်းရှိ ရေသန့်စက်ရုံများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်လုပ်၊ ထုပ်ပိုးရောင်းချခြင်း ရှိ/ မရှိ ရှောင်တခင် လိုက်လံစစ်ဆေးမှု ဇွန်လ ၈ရက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ FDA မှ ရေသန့်စက်ရုံများကို ရှောင်တစ်ခင်စစ်ဆေးခြင်းနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက "မြို့ ပေါ်မှာ ရေသန့်စက်ရုံတွေ ၁၀ ခုလောက်ရှိမယ်ထင်ပါတယ်။ ကျွန်တော်တို့လည်း ရေသန့်ဗူးတွေ ဝယ်သောက်နေတာပါ။ အရင်က တံဆိပ်တစ်မျိုးကို ဝယ်သုံးတာ တစ်နှစ်လောက်ရှိပြီ၊ ဒါပေမယ့် ပြီးခဲ့တဲ့ ၄ လ လောက်တုန်းက...

စစ်ကိုင်းတိုင်း အထက်ပိုင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား/သူများ အဆင့်မြင့်ပညာဆက်လက်သင်ကြားနိုင်ရန် ဟုမ္မလင်းကောလိပ်သို့ လျှောက်ထားနိုင်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှ ကျောင်းသား/ကျောင်းသူများ အဆင့်မြင့်ပညာဆက်လက်သင်ယူနိုင်ရန် ဟုမ္မလင်းဒီဂရီကောလိပ်သို့ လျှောက်ထားလာပါက တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က ပြောသည်။ ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတတိယနေ့ တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးအောင်ချစ်လွင်၏ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသားများ အဆင့်မြင့်ပညာဆက်လက်သင်ကြားနိုင်ရန် ဟုမ္မလင်းကောလိပ်သို့ လျှောက်ထားပါက ခွင့်ပြုပေးနိုင်ပါရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့စဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို COVID -19...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071