ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်ရှိ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို (၈) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ မှ သိရသည်။
မာရ်အောင်မြင် ပြည်တော် မြန်ဘုရာကြီး၏ ဗုဒ္ဓပူဇနိယပွဲ တပေါင်းတော်ကို နှစ်စဉ် တပေါင်းလဆန်း (၉) ရက်မှ တပေါင်းလပြည့်ကျော် (၁) ရက်ထိ စည်းကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရသည်။
ယင်းကြောင့် ယခုနှစ်တွင်လည်း တပေါင်းလဆန်း (၉) ရက်မှ တပေါင်းလပြည့်ကျော် (၁) ရက်(မတ်လ (၇) ရက်မှ (၁၄) ရက် ထိ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ ၊ သံဃာပူဇာ အစီအစဉ်များအပြင် ပျော်ပွဲရွှင်ပွဲများကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်ကာလအတွင်း ဓမ္မပူဇာအနေနဲဖြင့်အကြိုတရားပွဲများကျင်းပသွားမည်ဖြစ်ပြီး ပြည်တော်ပြန် ဘုရားကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေသား မျက်နှာကြက်ကပ်လှူခြင်း၊ ဆွမ်းဦး ကပ်လှူပူဇော်ခြင်းတွေကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဇလွန် မြို့နယ်ရှိ မာရ်အောင်မြင်ပြည်တော် ပြန်ဘုရားကြီးသည် မုနိလေးဆူဝင် ရုပ်ရှင်တော်မြတ်များတွင် တစ်ဆူပါအဝင်ဖြစ်ပြီး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည် မန္တလေးတိုင် ဒေသကြီး မန္တလေးမြို့တွင်လည်းကောင်း ၊ ရှင်ကျော်မှန်သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် လည်းကောင်း၊ ရွှေဘုံသာမုနိသည် ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ရွှေဘုံသာစေတီတော်မြတ် ကြီး၏ ဌာပနာတိုက်တွင်လည်းကောင်း၊ မာရ်အောင်မြင်ပြည်တော်ပြန် ဘုရားကြီးအဖြစ် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် တွင် အသီးသီး ကိန်းဝပ်စံပယ် လျက်ရှိကြောင်း သိရသည်။