Thursday, August 6, 2026

မိုးကုတ်မြို့တွင် ရေဝင်ရောက်နေသည့် နေရာ(၈)ခု၌နေ ထိုင်သူများကို...

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နေရာ(၈)ခုရှိ နေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့၊ မင်းတံ တားရပ်ကွက်၊ နယ်မြေ(၁)၊ နယ်မြေ(၂)၊ နယ်မြေ(၇)၊...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင်တရားဝင်ခရီးစဉ်(Official Visit)အဖြစ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်နှင့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် က...

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆)...

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My...

နေပြည်တော်၊ ဩဂုတ် ၆နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံစုစုပေါင်း ၅,၇၉၂ လုံးရှိလာပြီဖြစ်ကြောင်း...
HomeInternationalဆွစ်လေယာဉ်အရေးပေါ် ဆင်းသက်ခဲ့ရ၊အမှုထမ်းတစ်ဦး ‌ေ-သဆုံး

ဆွစ်လေယာဉ်အရေးပေါ် ဆင်းသက်ခဲ့ရ၊အမှုထမ်းတစ်ဦး ‌ေ-သဆုံး

ဆွစ်နိုင်ငံတကာလေကြောင်းလိုင်း မှ လေယာဉ်တစ်စင်း သည်အရေးပေါ်ဆင်းသက်ခဲ့ရ၍ လေယာဉ်အမှုထမ်းတစ်ဦး ‌ေ-သဆုံးခဲ့သည်ဟု လေကြောင်းလိုင်းက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်က ခရီးသည် ၇၄ ဦး လေယာဉ်အမှုထမ်း ၅ ဦးနှင့်အတူ ဘူခါရက်စ်မြို့မှ ဇူးရစ်မြို့သို့ ပျံသန်းခဲ့သော အဲရ်ဘတ်စ် အေ၂၂၀-၃၀၀ လေယာဉ်သည် အင်ဂျင်ပြဿနာပေါ်ပေါက်ခဲ့ပြီး လေယာဉ်မှူးခန်းနှင့် ခရီးသည်ခန်းများတွင် မီးခိုးများပြည့်နှက်သွားမှုကြောင့် သြစတြီးယားနိုင်ငံ ဂရက်ဇ်မြို့ကို အရေးပေါ် ဆင်းသက်ခဲ့ရသည်။ လေယာဉ်သည် လုံခြုံဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။

မိမိတို့၏ လုပ်ဖော်ကိုင်ဖက်‌လေယာဉ် အမှုထမ်းလူငယ်သည် ဒီဇင်ဘာ ၃၀ ရက်က ဂရက်ဇ်မြို့ရှိ ဆေးရုံတွင် ကွယ်လွန်သွားကြောင်းကို ဝမ်းနည်းခြင်းများစွာဖြင့် သတင်းထုတ်ပြန်ရပါကြောင်း ဆွစ်လေကြောင်းလိုင်း၏သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါ ဆုံးရှုံးမှုသည် လေကြောင်းလိုင်းကို တုန်လှုပ်ခြောက်ခြားစေပြီး ဝမ်းနည်းကြေကွဲရသည်ဟု ဆွစ်လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် Jens Fehlinger က ပြောကြားခဲ့ပြီး ကျန်ရစ်သူမိသားစုကို တတ်နိုင်သမျှ ထောက်ပံ့ကူညီသွားမည်ဟု ဆိုခဲ့သည်။

ချစ်ခင်ရသူများကို လေးစားသောအားဖြင့် မိမိတို့ဝန်ထမ်း၏ အသေးစိတ်အချက်အလက်များ သို့မဟုတ် ‌ေ-သဆုံးရသည့် အကြောင်းရင်းတို့ကို ထုတ်ပြန်ပေးမည်မဟုတ်ဟု လေကြောင်းလိုင်းက ပြောကြားခဲ့သည်။

လေယာဉ်သည်အရေးပေါ် ဆင်းသက်ခဲ့ပြီးနောက် လေယာဉ်အမှုထမ်းတစ်ဦးကို ဂရက်ဇ်မြို့ ဆေးရုံတစ်ခုသို့ ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ကာ အထူးကြပ်မတ်ကုသမှု ကိုခံယူစေခဲ့သည်။ ထို့အပြင် အခြားလေယာဉ်အမှုထမ်းတစ်ဦးကိုလည်း ဆေးရုံတင်‌ပေးခဲ့ရသည်။

ခရီးသည်အားလုံးကို ကယ်ထုတ်ပေးခဲ့ကာ ၁၂ ဦးကို ဆေးဝါးကုသမှုပေးခဲ့သည်။ ဆေးရုံတက်ရသည့် ခရီးသည်အားလုံးသည် ဆေးရုံမှဆင်းနိုင်ကြပြီဟု ဒီဇင်ဘာ ၃၀ တွင် ဆွစ် လေကြောင်းလိုင်းက ပြောဆိုခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရာတွင် လေယာဉ်၏ အင်ဂျင်ကဲ့သို့သော စက်ပစ္စည်းအစိတ်အပိုင်းများကိုသာမက လေယာဉ်အမှုထမ်းများအတွက် အသက်ရှူကိရိယာများကိုလည်း အဓိကထားသွားမည်ဟု ဆွစ်က ပြောဆိုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးကုတ်မြို့တွင် ရေဝင်ရောက်နေသည့် နေရာ(၈)ခု၌နေ ထိုင်သူများကို မီးသတ်တပ်ဖွဲ့က ရေဘေးလွတ်ရာရွှေ့ ပြောင်းပေး

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နေရာ(၈)ခုရှိ နေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့၊ မင်းတံ တားရပ်ကွက်၊ နယ်မြေ(၁)၊ နယ်မြေ(၂)၊ နယ်မြေ(၇)၊ နယ်မြေ(၈)၊ မြို့မရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ ဈေးဟောင်းရပ်ကွက်တို့ရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ဆပါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မိုးကုတ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊သက်ဆိုင်ရာအဖွဲ့အစည်းများက ည ၆ နာရီ ၄၅ မိနစ်ခန်မှစတင်ကာ ရေဝင်ရောက်နေသည့်နေအိမ်များတွင်နေထိုင်သူများအား ရေဘေးလွတ်ကင်းသော နီးစပ်ရာဆွေမျိုးများအိမ်သို့ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင်တရားဝင်ခရီးစဉ်(Official Visit)အဖြစ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်နှင့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် က ယနေ့ သြဂုတ် ၆ ရက်ညပိုင်းတွင် ထိုင်းနိုင်ငံအစိုးရအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခဲ့သည်။ ဂုဏ်ပြုညစာမသုံးဆောင်မှီနှင့် ဂုဏ်ပြုညစာသုံးဆောင်နေချိန်တို့တွင် ထိုင်းနိုင်ငံ ယဥ်ကျေးမှုအဖွဲ့များက သီဆိုဖျော်ဖြေမှုများပြုလုပ်ခဲ့ကြသည်။

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆) ရွာ ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများအတွင်းသို့ ရေဝင်ရောက်ခဲ့သဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ယမန်နေ့အထိ စာရင်းများအရ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခု၊ မြို့တွင်း လမ်းမကြီးများနှင့် ပတ်ဝန်းကျင် ကျေးရွာ ၇၂ ရွာ၊ ဟင်္သာတမြို့နယ်မှ ၂၆ ရွာ၊ ရေကြည်မြို့နယ်မှ ၆ ရွာနှင့် ကျုံပျော်မြို့နယ်မှ ၂ ရွာ၊ စုစုပေါင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071