မန္တလေးမြို့ရှိ ရွှေးကျီးမြင်ဘုရားအပါအဝင်မြန်မာပြည်အရပ်ရပ်မှ ဆုတောင်းပြည့်ဆင်းတုတော်များကိန်းဝပ်စံပ္ပါယ်တော်မူရာ လှိုဏ်ဂူတော်အတွင်းထုဆစ်ပုံဖော်ထားသော မြန်မာရိုးရာအနုသုခုမအမွေအနှစ်များအား စနစ်တကျထိန်းသိမ်းရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
နစက ဥက္ကဋ္ဌနှင့် ဇနီးတို့မှ ဖေဖော်ဝါရီ ၈ ရက်နံနက်ပိုင်းက ရှေးမြန်မာမင်းမြတ်တို့ထီးနန်းစဉ်ဆက်ကိုးကွယ်တော်မူခဲ့သည့် ရွှေးကျီးမြင်ဘုရားအပါအဝင်မြန်မာပြည်အရပ်ရပ်မှ ဆုတောင်းပြည့်ဆင်းတုတော်များကိန်းဝပ်စံပ္ပါယ်တော်မူရာ လှိုဏ်ဂူတော်သို့သွားရောက်၍ ဖူးမြှော်ကြည်ညိုစဉ်မှာကြားခဲ့ခြင်းဖြစ်သည်။
နစက ဥက္ကဋ္ဌမှ လှိုဏ်ဂူတော်အတွင်းထုဆစ်ပုံဖော်ထားသော မြန်မာရိုးရာအနုသုခုမအမွေအနှစ်များအား စနစ်တကျထိန်းသိမ်းရန်၊ ဘုရားဖူးလာသူများ စည်းကမ်းရှိစွာဖြင့်ကြည့်ရှုနိုင်ရေး ဆောင်ရွက်ပေးရန်တို့ကိုမှာကြားပြီးနောက် ဘုရားကြီးအတွက် စုပေါင်းဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ရွှေကျီးမြင်ဘုရားအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုပြီး ရွှေကျီးမြင်ဘုရားပရိဝုဏ်အတွင်း တည်ထားကိုးကွယ်ထားသည့် သာသနိကအမွေအနှစ်များကို လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြသည်။