Friday, July 4, 2025

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ပြည်နယ် ၃ ခုတို့တွင်...

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဇူလိုင် ၃ ရက်မှ ဇူလိုင် ၅ရက်နေ့အတွင်း စံချိန်တင်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က...

ငလျင်ဒဏ်သင့် လူကယ်ပြန်ဝန်ထမ်းများအတွက် ကျပ်သိန်း(၅၀၀)လှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်သင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန် ထမ်းများအတွက် ကျပ်သိန်း(၅၀၀)ကို ဇူလိုင် ၃ ရက်က လှူဒါန်းခဲ့သည်။ အဆိုပါ ကျပ်သိန်း(၅၀၀)လှူဒါန်းမှုအား...

ဘားအံတွင် ခရီးသွားများပြားလာခြင်းနှင့်အတူ အမှိုက်ပြဿနာလည်း များလာ

ပြည်တွင်းခရီးသွားများအကြား မိုးရာသီ၌ ဘားအံမြို့ကို လည်ပတ်သူများလာကာ ဘားအံမြို့ရှိ တောင်များကို တက်ရောက်သူများလည်း များပြားလာသည်။ ထို့ကြောင့် ခရီးသွားများတက်ရောက်လေ့ရှိသည့် တောင်ဝိုင်းတောင်တွင် စနစ်တကျ စွန့်ပစ်ထားခြင်းမရှိသည့် စွန့်ပစ်အမှိုက်များကိုလည်း...

ငလျင်ဒဏ်ခံခဲ့ရသည့် ကျိုက်လတ်ချောင်စေတီနှင့် တိလောကဂုရု လှိုဏ်ဂူတော်တို့ကို...

ငလျင်ဒဏ်ခံခဲ့ရသည့် ပင်းယခေတ်နံရံပန်းချီရှိသည့် ကျိုက်လတ်ချောင် စေတီနှင့် ညောင်ရမ်းခေတ်နံရံပန်းချီများရှိရာ တိလောကဂုရု လှိုဏ်ဂူတော်တို့ကို ပြန်လည်ပြုပြင် ထိန်းသိမ်းပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။ ထိုစေတီ နှစ်ဆူကို နှလုံးသားထဲကပုဂံအဖွဲ့က...
HomeNewsLocal Newsဆင်မကြီးမိုမို၏ ၆၉ နှစ်ပြည့်မွေးနေ့ပွဲအား...

ဆင်မကြီးမိုမို၏ ၆၉ နှစ်ပြည့်မွေးနေ့ပွဲအား အောက်တိုဘာ ၂၈ ရက်မှစ၍ ၃ ရက်တိုင်ကျင်းပသွားမည်

ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၏ အထိမ်းအမှတ်တစ်ခုဖြစ်သည့် ဆင်မကြီးမိုမို၏ ၆၉ နှစ်ပြည့်မွေးနေ့အား အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ၃ ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Mo Mo ‘s Birthday Weekend အနေဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း၌ ပျော်ရွှင်ဖွယ်အစီစဉ်များအပြင် ဆင်မကြီးမိုမိုအတွက် မွေးနေ့ကိတ်ခွဲခြင်း၊မိုမို၏ ဓာတ်ပုံများအား ဓာတ်ပုံပြပွဲအနေဖြင့်ပြသခြင်း၊တေးဂီတဖျော်ဖြေပွဲများ၊မျက်လှည့်ပြပွဲများ၊တိရစ္ဆာန်လေးများ၏ ဖျော်ဖြေမှုများ၊အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများ၊ဂိမ်းအစီအစဥ်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာဝီကီပီးဒီးယားက မိုမိုသည် ရန်ကုန်မြို တိရစ္ဆာန်ဥယျာဉ်မှ ဆင်မတစ်ကောင်ဖြစ်ကာ သူမ၏ ထူးခြားလှသော အသိဉာဏ်စွမ်းရည်ကြောင့် ပြည်သူများအကြားတွင် ဆင်ဟုပြောလျှင်ပင် မိုမိုနှင့်တွဲမြင်သည်အထိ ကျော်ကြားသည်။ သူသည် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို လာရောက်လည်ပတ်သော ကြည့်ရှုလေ့လာသူများအား နှစ်ပေါင်းများစွာတိုင်အောင် ဖျော်ဖြေပေးခဲ့သည်။ နှစ်ပေါင်း ၅၀ကျော်ကြာ ဖျော်ဖြေပေးခဲ့ပြီး ၂၀၁၆ခုနှစ် အောက်တိုဘာလတွင် အနားယူခဲ့သည်ဟု ဖော်ပြထားသည်။

မိုမိုသည် နားလည်မှုစွမ်းရည်မြင့်မားခြင်း၊ မိုမိုဟုခေါ်လိုက်လျှင် ပြန်ထူးလိုက်သောအသံ စတာတွေကြောင့် လူအများချစ်ခင်ကြပြီး ကျော်ကြားခဲ့ခြင်းဖြစ်ပါသည်။

ဆင်မကြီးမိုမိုအား ၁၉၅၃ခုနှစ်တွင် ဖွားမြင်ခဲ့၍ လက်ရှိတွင် အသက် ၆၉နှစ်ပြည့်သွားပြီဖြစ်သည်။

မိုမို၏ အသက်၆၀ပြည့်မွေးနေ့မှစ၍ နှစ်စဉ်အောက်တိုဘာလတွင် သူ၏မွေးနေ့ပွဲကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကျင်းပလေ့ရှိသည်။ ထိုနေ့တွင် ကြံ၊ငှက်ပျောသီး၊သစ်သီးဝလံများဖြင့် မွေးနေ့ကိတ်ပုံစံ ပြုလုပ်ပေးခြင်း၊မိုမိုကိုယ်တိုင် သက်စေ့ငှက်လွှတ်ခြင်းများ ပြုလုပ်လေ့ရှိသည်ဟု သိရသည်။

ဆင်မကြီးမိုမို၏မွေးနေ့ အထိမ်းအမှတ်ပွဲတော်၌ ပါဝင်ရောင်းချလိုသည့် ဆိုင်ခန်းများအနေဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ဖုန်း ၀၉ ၂၆၂၄၉၉၃၂၄ နှင့်ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၏ လူမှုကွန်ယက်စာ မျက်နှာတို့မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ပုံစာ -ဆင်မကြီးမိုမို၏ ပြီးခဲ့သော မွေးနေ့ပွဲ တစ်ခု၏အမှတ်တရ ပုံရိပ်ဖြစ်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ပြည်နယ် ၃ ခုတို့တွင် စံချိန်တင် မိုးရွာသွန်းနိုင်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဇူလိုင် ၃ ရက်မှ ဇူလိုင် ၅ရက်နေ့အတွင်း စံချိန်တင်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောကြားထားသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့တွင် ၈.၁၅ လက်မ၊ ဟုမ္မလင်းမြို့တွင် ၃.၃၉ လက်မအထိ ရွာသွန်းမည်ဖြစ်ပြီး၊ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့တွင် ၇.၃၇ လက်မအထိ ရှိနိုင်ကြောင်း ဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း/အရှေ့ပိုင်း မြို့များဖြစ်သည့် တာမိုးညဲတွင် ၃.၆၂ လက်မ၊ မိုင်းဖြတ်တွင် ၃.၄၈ လက်မနှင့် တာချီလိတ်မြို့တွင် ၂.၅ လက်မအထိ မိုးရေချိန်ရှိမည်ဖြစ်ကာ၊ ရခိုင်ပြည်နယ်...

ငလျင်ဒဏ်သင့် လူကယ်ပြန်ဝန်ထမ်းများအတွက် ကျပ်သိန်း(၅၀၀)လှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်သင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန် ထမ်းများအတွက် ကျပ်သိန်း(၅၀၀)ကို ဇူလိုင် ၃ ရက်က လှူဒါန်းခဲ့သည်။ အဆိုပါ ကျပ်သိန်း(၅၀၀)လှူဒါန်းမှုအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

ဘားအံတွင် ခရီးသွားများပြားလာခြင်းနှင့်အတူ အမှိုက်ပြဿနာလည်း များလာ

ပြည်တွင်းခရီးသွားများအကြား မိုးရာသီ၌ ဘားအံမြို့ကို လည်ပတ်သူများလာကာ ဘားအံမြို့ရှိ တောင်များကို တက်ရောက်သူများလည်း များပြားလာသည်။ ထို့ကြောင့် ခရီးသွားများတက်ရောက်လေ့ရှိသည့် တောင်ဝိုင်းတောင်တွင် စနစ်တကျ စွန့်ပစ်ထားခြင်းမရှိသည့် စွန့်ပစ်အမှိုက်များကိုလည်း အများအပြားတွေ့မြင်လာရကြောင်း တောက်တက်သူအချင်းချင်းကပင် အသိပေးနေကြသည်။ “မြို့တစ်မြို့ကို အလည်သွားတော့မယ်ဆိုရင် အပျော်နဲ့သွားလည်ခြင်းမဟုတ်ပဲ ဒီမြို့ကိုချစ်မြတ်နိုးတဲ့ စိတ်ကြောင့် သွားလည်ခြင်း ဖြစ်စေချင်တယ်။ အမှိုက်များကို စနစ်တကျစွန့်ပစ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ” ဟု ပြည်တွင်း တောင်တက်ခရီးသွားသူတစ်ဦးက တောင်ဝိုင်းတောင်ရှိ စွန့်ပစ်အမှိုက်များကို ပြသရင်း မေတ္တာရပ်ခံထားသည်။ ထိုနည်းတူ ဘားအံမြိူ့ရှိ ဇွဲကပင်တောင်၊ ကော့ကသောင်တောင်၊ မိဇံတောင်တို့တွင်လည်း ပလပ်စတစ်အမှိုက်များ များပြားနေသည်ဟု ကိုယ်တိုင်တက်ရောက်ခဲ့သူများက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071