မာဒရိ၊ဧပြီ ၂၉
စပိန်နှင့်ပေါ်တူဂီတို့၌ဖြစ်ပွားခဲ့သည့် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုနှင့်ဆက်နွယ်နေသည်ဟုယူဆရသော လူ ၇ ဦးေ-သဆုံးမှု စပိန်၌ဖြစ်ပေါ်ခဲ့ပြီး အာဏာပိုင်များကဆက်လက်စုံစမ်းလျက်ရှိသည်ဟုလည်းသိရသည်။
ေ-သဆုံးသူများသည် အခြေအနေအမျိုးမျိုးဖြင့်ေ-သဆုံးခဲ့ကြသော်လည်း အားလုံးသည် ဓါတ်အားပြတ်တောက်မှုနှင့်ဆက်စပ်လျက်ရှိသည်ဟုလည်းဆိုသည်။
စပိန်မြို့ပြတပ်ဖွဲ့ဝင်များသည် အင်္ဂါနေ့က နေအိမ်၌ေ-သဆုံးလျက်ရှိသည့် အသက် ၈၁ နှစ်နှင့် ၇၇ နှစ်အရွယ်ရှိ သက်ကြီးဇနီးမောင်နှံနှင့် အသက် ၅၆ နှစ်အရွယ်ရှိ ၎င်းတို့၏သားဖြစ်သူတို့၏ ရုပ်အလေ-ာင်းများကိုတွေ့ရှိခဲ့ကြသည်။
၎င်းတို့သုံးဦးစလုံးသည် အိမ်အပြင်ဘက်မီးစက်မှမီးခိုးငွေ့များကြောင့် ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်းဖြစ်သည်ဟုအာဏာပိုင်များကယူဆကြပြီး သုံးဦးအနက်တစ်ဦးသည် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာရှိကာ တစ်ခါတစ်ရံ အောက်ဆီဂျင်အကူအညီဖြင့် နေရသည်ဟုလည်းသိရသည်။
ယင်းနောက် အသက် ၅၂ နှစ်အရွယ်အမျိုးသားတစ်ဦးသည် မီးလေ-ာင်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရသလို ၁၃ ဦးမှာမူ မီးခိုးမွှန်ခြင်းကြောင့် ဆေးကုသမှုခံယူခဲ့ရသည်ဟုလည်းသိရသည်။ အဆိုပါမီးလောင်ကျွမ်းမှုသည် ဓါတ်အားပြတ်တောက်မှုကြောင့် ဖယောင်းတိုင်မီးအသုံးပြုထားရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။
ကျန်သုံးဦးတို့မှာလည်း ဓါတ်အားပြတ်တောက်မှုနှင့်သွယ်ဝိုက်သောနည်းဖြင့်ဆက်စပ်ကာ ေ-သဆုံးခဲ့ကြခြင်းဖြစ်သည်ဟုလည်းသိရသည်။ တနင်္လာနေ့ကဖြစ်ပွားခဲ့သည့် အဆိုပါဓါတ်အားပြတ်တောက်မှုဖြစ်ပွားရသည့်အကြောင်းအရင်းအားအာဏာပိုင်များက စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟုလည်းသိရသည်။
Source : ရှင်းဟွာ