Sunday, May 18, 2025

ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) ၏ ပရိယတ္တိသာသနာပြုမဟာဗုဒ္ဓဝင်ပြန့်ပွားရေးဓမ္မဒါနအဖြစ် ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲကို ယနေ့ မေ ၁၇ ရက်မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ပြု လုပ်ခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့...

နိုင်ငံတကာ လေကြောင်းခရီးစဥ် နှောင့်နှေးပါက ပြန်လည်ရရှိမည့်အခွင့်အရေးများ

မေလ ၂၀ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံရှိ နိုင်ငံတကာလေကြောင်းခရီးသည်များ လေယာဥ်ခရီးစဥ် နှောင့်နှေးသည့်အခါတွင် အခြေအနေအလိုက် အခွင့်အရေးများ ခံစားရရှိအောင် ဝန်ဆောင်ပေးတော့မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ပြည်သူ့ဆက်ဆံရေးဦးစီးဌာန...

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...
HomeInternationalစစ်ရပ်စဲ‌ကြောင်း ကြေညာထားသည့် ရခိုင်ပြည်နယ်တစ်ခုလုံးတွင်...

စစ်ရပ်စဲ‌ကြောင်း ကြေညာထားသည့် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက် မည်

ပြီးခဲ့သည့် လပိုင်းအတွင်းက နှစ်ဖက်တပ်များ အကြား ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသည့် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် လူဦးရေစာရင်း ကောက်ခံသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုသည် ၂၀၂၃ ခုနှစ်တွင် ကျင်းပမ ည့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်ပြီး အစီအစဉ်ကို လာမည့် ဇန်နဝါရီလ ဒုတိယပတ်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် နယ်မြေတည်ငြိမ်မှု အားနည်းသည့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်း မရှိသော်လည်း လာ မည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတို င်းအတာဖြင့် အကြားအလပ်မရှိ ကျင်းပသွားမည်ဟု နစ က ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

လာမည့် ဇန်နဝါရီလ (၉) ရက်တွင် စတင်မည့် အဆိုပါ လူ ဦးရေစာရင်း ကောက်ခံခြင်း လုပ်ငန်းကို လူဦးရေ (၇၀၀ ၀) နီးပါး အသုံးပြုကာ အဖွဲ့ (၁၂၉၀)ဖြင့် (၂၅) ရက်အတွ င်း အပြီးကောက်ယူမည်ဟုလည်း ပြည်နယ် ကောင်စီထံ မှ သိရသည်။

” ရပ်ကွက်တွေ ၊ ကျေးရွာတွေမှာတော့ ကြိုတင် ပြင်ဆင်တာမျိုးတော့ လုပ်နေကြတယ်။ သေသေချာချာတော့ မသိဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့တော့ ဘာမှပြောလိုတာ မရှိပါ။ အဓိကတော့ ငြိမ်းချမ်းဖို့ပဲ လိုတာနော်။ ငြိမ်း ချမ်းမှုမရှိရင်တော့ ဘယ်ဟာမှ အဆင်မပြေဘူးလေ” ဟု မင်းပြားမြို့နယ် ဒေသခံတစ်ဦးက ပေါ်ပြူလာ နယူး(စ်) သို့ ပြောသည်။

၂၀၂၃ ခုနှစ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမြင်အမျိုးမျိုးရှိနေပြီး ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အဆိုပါ ရွေးကောက်ပွဲသည် လက်ရှိ မြန်မာပြ ည်၏ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်မည့် နည်းလမ်းတစ်ခုအဖြစ်ရှုမြင်ကြောင်း ပေါ်ပြူလာနယူး (စ်) သို့ ပြောကြားထားဖူးသည်။

UEC သည် လာမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ အတွက် မဲစာရင်း တိုက်ဆိုင်စစ်ဆေးမှုများကို တစ်နိုင်ငံလုံး အတို င်း အတာဖြင့်ပြုလုပ်နေပြီး ယခုကောက်ယူရရှိသည့် လူ ဦးရေ စာရင်းကိုလည်း ပြည်နယ် ရွေးကောက်ပွဲကော်မ ရှင်က တိုက်ဆိုင်စစ်ဆေးကာ လာမည့်ရွေးကောက်ပွဲအ တွက် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းကို ပြုစုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပုံစာ- မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ကိုက်ညီမှန်ကန်စေရေး ကွင်းဆင်းစိစစ်နေသည့်ပုံရိပ်များ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) ၏ ပရိယတ္တိသာသနာပြုမဟာဗုဒ္ဓဝင်ပြန့်ပွားရေးဓမ္မဒါနအဖြစ် ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲကို ယနေ့ မေ ၁၇ ရက်မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ပြု လုပ်ခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဆရာတော်နှင့်ဂုဏ်ထူးဆောင်ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြသည်။ ထို့အတူ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ဝင်များနှင့် အလှူရှင်များတက်ရောက်ကြည်ညိုပြီး ရန်ကုန်တိုင်းသံဃနာယကဥက္ကဋ္ဌ၊ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)၏ ဩဝါဒါစရိယ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်ခဲ့ကြသည်။ ထို့အတူ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ အဖွင့်ဩဝါဒကထာနာယူခဲ့ကြပြီးနောက် သုတစုံ လင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးတွင် ဝတ်ရုံဆင်မြန်းနိုင်ရန် ဗဟိုအဖွဲ့ဝင်ဆရာတော်ကြီးများ၊ သံဃာတော်များအား အလှူရှင်များက သင်္ကန်းများဆက်ကပ်လှူ ဒါန်းခဲ့ကြသည်။ ထို့နောက် အလှူရှင်များကအလှူငွေများပေးအပ်ရာလူမှုရေးရာဝန်ကြီးဦးဌေးအောင်နှင့်...

နိုင်ငံတကာ လေကြောင်းခရီးစဥ် နှောင့်နှေးပါက ပြန်လည်ရရှိမည့်အခွင့်အရေးများ

မေလ ၂၀ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံရှိ နိုင်ငံတကာလေကြောင်းခရီးသည်များ လေယာဥ်ခရီးစဥ် နှောင့်နှေးသည့်အခါတွင် အခြေအနေအလိုက် အခွင့်အရေးများ ခံစားရရှိအောင် ဝန်ဆောင်ပေးတော့မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ပြည်သူ့ဆက်ဆံရေးဦးစီးဌာန FB စာမျက်နှာတွင် ယနေ့ ထုတ်ပြန်ထားသည်။ပုံပါဇယားတွင်လည်း ပါရှိသည်။ ထိုင်းနိုင်ငံသည် လေကြောင်းခရီးသွားများကို အကာအကွယ်ပေးရန် အရှိန်မြှင့်လုပ်ဆောင်နေပြီဖြစ်သည်။ CAB ၏ညွှန်ကြားချက် အမှတ်စဥ် ၁၀၁ အရ နိုင်ငံတကာလေကြောင်းခရီးစဉ်များအသိပေးခြင်းမရှိဘဲ နှောင့်နှေးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများရှိပါက  ခရီးသည်များအား အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ ငွေကြေးလျော်ကြေး၊ ပြန်အမ်းငွေ၊ ပြန်လည်ဘွတ်ကင်လုပ်ခြင်း သို့မဟုတ် ဟိုတယ်တည်းခိုခွင့်များကိုကြန့်ကြာမှုအချိန်ပေါ်မူတည်၍ ခံစားခွင့်ရှိတော့မည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏...

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ မြို့ပြကျန်းမာရေးဌာနများ ပေါ်ပေါက်လာပါက ပြည်သူများ အနေဖြင့် ကျန်းမာရေးမကောင်းပါက သွားရောက်ပြသနိုင်မည့် ဆေးရုံ၊ ဆေးခန်းများ ပိုမိုပေါ်ပေါက်လာမည်ဖြစ်ကြောင်း သိရသည်။ မြို့ပြကျန်းမာရေးဌာနများဖွင့်လှစ်သွားနိုင်ရန်အတွက် လက်ရှိတွင် ကျန်းမာရေးဆေးခန်းအခွဲများ ပြန်ဖော်ထုတ်၍ ပြင်ဆင်ခြင်း၊ ဝန်ထမ်းများ အင်အားတိုးချထားခြင်း စသည့်လိုအပ်ချက်များကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071