စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ငလျင်ဘေးသင့်ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် အိမ်ဆောက်ပစ္စည်းများ အရောင်းပြပွဲကို မေလ (၁၂)ရက်၊ နံနက် (၁၀) နာရီက စစ်ကိုင်းမြို့၊ နှစ်(၇၀၀) ဘောလုံးကွင်းတွင် ကျင်းပသည်။
အိမ်ဆောက်ပစ္စည်းများ အရောင်းပြပွဲတွင် ဆိုင်ခန်းပေါင်း (၂၂)ခန်း ပါဝင်ပြသလျက်ရှိပြီး ငွေကျပ် (၅၉)သိန်း တန် အလျား ပေ(၂၀) အနံ (၁၅) ပေ၊ အမြင့် (၉)ပေခွဲ အကျယ် ရှိ တန်ဖိုးသင့်နေအိမ်များ၊ ဘိလပ်မြေ၊ အုတ်၊ ကပ်၊ ဝါးထရံ၊ သွပ်၊ ပိုက်နှင့်ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ဆိုင်ရာဆက်စပ်ပစ္စည်းများနှင့် အခြားအိမ်ဆောက်ပစ္စည်းများကို မေလ (၁ ၂) ရက်မှ (၁၆) ရက်အထိ စစ်ကိုင်းမြို့၊ နှစ်(၇၀၀) ဘောလုံးကွင်းတွင် ဈေးနှုန်း ချိုသာစွာ ပြသရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အရောင်းပြပွဲ ဖွင့်ပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး နှင့် စစ်ကိုင်းခရိုင်/စစ်ကိုင်းမြို့နယ်အဆင့် ဌာနဆိုင်ရာများက ငလျင်ကြီးကြောင့် ေ-သဆုံးခဲ့ရသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်တစ်မိနစ် ငြိမ်သက်ခဲ့ကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက အဖွင့်အမှာစကား ပြောကြားပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။