ငလျင်ဒဏ်သင့် စစ်ကိုင်းဒေသရှိ နိုင်ငံ့ဝန်ထမ်းအပါအဝင် ဒေသခံပြည်သူ (၄,၃၀၁) ဦးအား ပြင်းထန်ဝမ်းပျ-က်ဝမ်း လျှေ-ာရောဂါ ကာကွယ်ဆေးတိုက်ကျွေးခဲ့ကြကြောင်း ဒေသအခြေစိုက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ထိုသို့ ဆေးတိုက်ကျွေးရာ၌ စစ်ကိုင်းမြို့နယ်အတွင်းအခြေ စိုက်ဆေးတိုက်သည့် စုရပ်(၈)ခု၊ ရွေ့လျားဆေးတိုက်သည့် စုရပ် (၁၀)ခုဖြင့် နိုင်ငံဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအပါအဝင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သံဃာတော်၊ သီလရှင်များနှင့် ဒေသခံပြည်သူများကို ယမန်နေ့ မေလ (၇) ရက်က တိုက်ကျွေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်အထိ စစ်ကိုင်းဒေသအတွင်း ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှေ-ာရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေး (ပထမအကြိမ်)အဖြစ် အသက်(၂)နှစ်မှ(၆)နှစ် (၁,၄၇၈)ဦး၊ အသက်(၆)နှစ်အထက် (၁၉,၈၁၀)ဦး စုစုပေါင်း (၂၁,၂၈၈)ဦးအား တိုက်ကျွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် သောက်သုံးရေကြောင့်ဖြစ်ပေါ်တတ်သည့် ဝမ်းပျ-က်ဝမ်းလျှေ-ာရောဂါအတွက် အရေးပေါ် တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့များကလည်း ပြည်သူ (၃၃၆) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ရေတွင်း/ရေကန် (၇၁) ခုအား ကလိုရင်းဆေးခပ်ခြင်း၊ ရေသန့်ဆေးပြား (၁,၂၀၀) ပေးဝေခြင်း၊ အဘိတ်ဆေးခပ်ခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။