မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၃၀ ကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် ရောင်းချပေးမည်ဖြစ်သည်။
ဗဟိုဘဏ်အနေဖြင့် ယခု ဇွန်လအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၉၅ သန်းကို ထုတ်ရောင်းပေးခဲ့ပြီး ယခုတစ်ကြိမ်အပါအဝင် ဇွန်တစ်လလုံးအတွက် ဒေါ်လာ ၁၂၅ သန်းရောင်းချပေးထားကြောင်း သိရသည်။
ယခုဇွန်လအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အတတ်အကျပုံမှန်မရှိကြောင်း၊ ဗဟိုဘဏ်အနေဖြင့်နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးတတ်ချိန်တွင် လုပ်ငန်းရှင်များအတွက်လိုအပ်သည့် ဒေါ်လာများကို ထုတ်ရောင်းပေးလျက်ရှိသည်။