မန္တလေးတွင် ငလျင်အပြီး ၃ လအကြာ လုပ်ငန်းအားလုံးနီးပါး ပြန်လည်ပတ်နေပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးရှိ အဆောက်အဦးများစွာပြိုကျပျ-က်စီးခဲ့ရသည့်အပြင် လူပေါင်းများစွားေ-သဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ငလျင်ဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရသည့် မန္တလေးတွင် ယခုအခါ လုပ်ငန်းအားလုံး ပုံမှန်နီးပါးပြန်လည်ပတ်နေပြီဖြစ်သည်။
” လုပ်ငန်းတွေက ပြန်လည်ပတ်နေပြီ။ ရှော့ပင်းစင်တာတွေဆိုရင်လည်း ပြန်ဖွင့်နေပြီ။ အန္တရာယ်ရှိတဲ့နေရာတွေကိုတော့ပေးမသွားဘူး။ အခုလောလောဆယ်တော့ ငလျင်ဒဏ်ထိအဆောက်အဦးတွေကို ဖြိုချနေတုန်း။ တချို့ငလျင်ဒဏ်ကြောင့် အိမ်မပြန်သေးတဲ့သူတွေလည်း အခုပြန်နေကြပြီ” ဟု မန္တလေးမြို့ခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတို့တွင် ဇွန် ၂၆ ရက်အထိ ေ-သဆုံးသူ ၃,၇၆၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၄ ဦးနှင့် ပျေ-ာက်ဆုံးသူ ၃၈ ဦး ရှိကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၂၅ ခုနှစ် မတ်လက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ကျပ် ၃,၆၂၉.၂၈၈ ဘီလျံဖိုး ပျ-က်စီးဆုံးရှုံးခဲ့ကြောင်း နစက ဥက္ကဌက ၂၀၂၅ ခုနှစ် မေလ ၁၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ၌ ပြောကြားခဲ့သည်။