ငလျင်ဒဏ်သင့်ခဲ့သည့် မန္တလေးမြို့တွင် ယနေ့ မေ ၁၀ ရက်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုက်တစ်လုံး၏ ခေါင်းမိုးလွင့်ထွက်သွားခဲ့ကြောင်း စိတ္တသုခ အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးမြို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၇၄ လမ်း၊ ၃၇ လမ်းနှင့် ၃၈ လမ်းရှိ တစ်တစ်လုံး၏ အပေါ်ဆုံးထပ်မှခေါင်မိုးလွင့်ထွက်၍ လေထိုးကျွတ်ဖာဆိုင်ပေါ်သို့လွင့်ကျပိမိသွားခဲ့သဖြင့် မန္တလေးတိုင်းဗဟိုမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် စိတ္တသုခ အရန်မီးသတ်တပ်ဖွဲ့တို့မှ ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် (၄)ဦးမှာ ခေါင်းမိုးအောက်တွင်ပိမိနေသဖြင့် ကယ်ထုတ်မှုများပြုလုပ်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)များရရှိထားသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်းဗဟိုမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် စိတ္တသုခ အရန်မီးသတ်တပ်ဖွဲ့တို့မှလည်း ခေါင်မိုးအောက်တွင်ပိမိနေသည့် ကား(၁)စီးနှင့် ဆိုင်ကယ်(၁)စီးတို့အား သယ်ထုတ်ပေးခဲ့ကြပြီးနောက် လွင့်ကျနေသည့်ခေါင်မိုးအပျက်အစီးအား ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
Photo-စိတ္တသုခ