အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူ ရှင်များဖိတ်ခေါ်ထားသည်။
မတ် (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင် စီနယ်မြေတို့တွင် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရားနှင့် ယဉ်ကျေးမှု အမွေအနှစ်အဆောက်အအုံ (၁၇၈၁)ဆူနှင့် ဘုရားစေတီ၊ သာသနိကအဆောက်အအုံ(၄,၉၉၈)ခု၊ စုစုပေါင်း (၆,၇၇၉)ဆူ ထိခို-က်ပျ-က်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် ဘုရား၊ စေတီတစ်ဆူလုံးကိုဖြစ်စေ သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
စေတီ၊ ဘုရားများပြုပြင်ရန် လှူဒါန်းလိုပါက နေပြည်တော်တွင် ဦးထွန်းမြင့်အောင်၊ ညွှန်ကြားရေးမှူး၊ နေပြည်တော်သာသနာရေးမှူးရုံး၊ ဖုန်း- ၀၆၇ ၃၅၅၀၁၈၃၊ ၀၉၄၂၀၇၀၁၄၆၉ နှင့် ဒေါ်နီလာအေး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဖုန်း – ၀၉၄၂၀၇၁၄၇၆၀ တို့သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ဦးဖြိုးဇော်ဇော်၊ ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ ဖုန်း- ၀၉၄၂၁၂၂၂၂၅၁ နှင့် ဒေါ်မျိုးပပကျော်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဖုန်း- ၀၉၄၂၀၇၀၀၇၉၀ တို့သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဦးဇော်ဦး၊ ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ဖုန်း-၀၉၂၀၃၈၅၆၃နှင့် ဒေါက်တာဝတ်ရည်ဝင်းသန့်၊ ဒုတိယညွှန်ကြားရေးမှူး၊ ဖုန်း-၀၉၅၁၉ ၄၀၈၂ တို့သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဦးလှမင်းနိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဖုန်း- ၀၉၄၀၂၆၁ ၀၁၃၄၊ ၀၉ ၆၆၄၆၉၀၆၇၅ နှင့် ဦးဖြိုးနောင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ဖုန်း-၀၉၄၂၀၇၂၆၄၉၀၊ ၀၉ ၇၈၈၉၁၁၂၁၁ တို့သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ဦးစိုးမိုးကျော်၊ ညွှန်ကြားရေးမှူး၊ ပဲခူးတိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ဖုန်း – ၀၉ ၂၅၉၂၀၉၄၄၈ နှင့် ဦးထွန်းထွန်းလွင်၊ ဒုတိယညွှန်ကြားရေးမှူး၊ ဖုန်း – ၀၉၄၃၀၁၉၁၆၈ တို့သို့ လည်းကောင်း၊ ရှမ်းပြည်နယ်တွင် ဦးသိန်းဌေး၊ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်သာသနာရေးမှူးရုံး၊ ဖုန်း – ၀၉၄၂၀၇၃၀၈၃၉ နှင့် ဒေါ်ခက်ခက်လှ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဖုန်း – ၀၉၄၃၀၄၁၃၀၇ တို့သို့ လည်းကောင်းဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း အသိပေးကြေညာထားသည်။