Wednesday, June 10, 2026

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ...

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ...

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန်...

ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄)...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့်...
HomeCelebrities' Newsငယ်ငယ်က စီးပွားရေးလုပ်ငန်းရှင် ဖြစ်ချင်ခဲ့တာပါ...

ငယ်ငယ်က စီးပွားရေးလုပ်ငန်းရှင် ဖြစ်ချင်ခဲ့တာပါ မော်ဒယ်လ် ဖြစ်ချင်ခဲ့တာမဟုတ်ဘူး Bella မြတ်သီရီလွင်

Miss Myanmar World 2016 ရဲ့ Winner ဖြစ်သူ Bella က လတ်တလောမှာတော့ အနုပညာ လုပ်ငန်းတွေကို တောက်လျှောက်လုပ်ကိုင် နေတယ်လို့သိရပါတယ်။ မော်ဒယ်လ်ဘဝကနေ အနုပညာလုပ်ငန်းထဲဝင်ရောက်လာတဲ့အချိန်ထိ ကြုံ တွေ့ရတဲ့ အခက်အခဲတွေ၊ ဝေဖန်မှုတွေအကြောင်းကို…

“Bellaအနုပညာအလုပ်ကို ငယ်ငယ် ကတည်းက ဝါသနာပါခဲ့တာတော့ မဟုတ်ဘူး။ Bella ဝါသနာပါတာက ကြီးလာရင် နိုင်ငံခြားမှာပညာတွေသင်ပြီးတော့ ကိုယ့်နိုင်ငံမှာ ကိုယ်စီးပွား ရေး ပြန်လုပ်ပြီး စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်တာပေါ့။ ဒါပေမဲ့ ၁ဝ တန်း အောင်လည်းပြီးရော အိမ်ကအဖေကလည်း ဒီအနုပညာအလုပ်လုပ်ဖို့ ပံ့ပိုးပေးတယ်။ အဲဒီမှာ တဖြည်းဖြည်းချင်းနဲ့ အနုပညာ လောကထဲကို ဝင်ရောက်လာခဲ့ တာပါ။ အခုဆိုအနုပညာလောကကနေ ပြန်မထွက်ချင်လောက်တဲ့အထိ ဖြစ်သွားတာ။ Bella ဒီမော်ဒယ်လ်ကနေ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာ အနုပညာသက်တမ်း ၃ နှစ် ရှိပါပြီ။ အနုပညာလောကထဲ ဝင်ရောက်လာတာ အဆက်အသွယ်မရှိ ပေမယ့် Mister တွေ၊ Miss တွေနဲ့ တော့ မစိမ်းဘူး။ ဘာဖြစ်လို့လဲဆို တော့ Bella အစ်ကိုက Mister Global 2014 ရထားတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် သူပြိုင်တဲ့ပွဲတွေ လိုက်ပြီးကြည့်ဖြစ်တယ်။ သူ့မှာက နိုင်ငံတကာပွဲအတွေ့အကြုံတွေ အများကြီးရှိတယ်ဆိုတော့ မော်ဒယ်လ်ပိုင်းနဲ့ ပတ်သက်လို့တော့ တအားကြီးမစိမ်းဘူး။ ဒါပေမဲ့လို့ ကိုယ်ကိုယ်တိုင်က ၁ဝ တန်းပြီးတော့ လုပ်ချင်စိတ်တော့ သိပ်မရှိဘူး။ ဒါပေမဲ့ အဖေက စိတ်ပါသွားမလားဆိုပြီး တော့ စမ်းလုပ်ကြည့်ခိုင်းရင်းက နေ ဒီနေရာထိ ရောက်လာတာပါ။ ရောက်လာတဲ့အချိန်မှာလည်း Bella ရဲ့ တခြား talent တွေနဲ့ ဝေဖန်မခံခဲ့ရဘူး။ ဒါပေမဲ့ Body Shaming တော့ လုပ်ခံရတယ်” လို့ Bella ကပြောပါတယ်။

Body Shaming လုပ်ခံရတာကိုခံရအခက်ဆုံး ဖြစ်ပြီး အနုပညာအလုပ်တွေ မလုပ်ချင်တော့တဲ့ အထိဖြစ်ခဲ့ကြောင်းကို Bella က…

“Body Shamingက အနုပညာစလုပ်ကတည်းက အခုချိန်ထိလည်း မပြောင်းမလဲလုပ်ခံနေရတုန်းပဲ။ ဒါပေမဲ့ ဒါကတော့ မြန်မာနိုင်ငံမှာတင်မကဘဲ နိုင်ငံခြားမှာလည်းလုပ် နေကြတဲ့အရာတွေပေါ့နော်။ အဲဒီလို အနုပညာရှင်ဆိုလို့ရှိရင် သူတို့ သတ်မှတ်ထားတဲ့စည်းတွေ၊ ဘောင်တွေ၊ ပုံစံတွေ၊ ခန္ဓာကိုယ်တွေ အဲဒီထဲမှာပဲ နေရမယ်ဆိုပြီးတော့ သတ်မှတ်ထားတာတွေရှိတယ်။ အဓိကတော့ Bella ခံရအခက်ဆုံးကBody Shamingါ ပါ။ အရင်တုန်းကတော့ ပြိုင်ပွဲက Miss Myanmar World ဝင်ပြိုင်တုန်းက အလွန်အပြောခံရတယ်။ အဲဒီတုန်းကတော့ မျက်ရည်တွေကျတယ်။ ငိုတယ်။ ဘယ်လိုမှ မလုပ်ချင်တော့ဘူး။ ပြောရရင် Miss World ဒီနိုင်ငံခြားမှာသွားပြိုင်ပြီး ပြန်လာတဲ့အချိန်မှာ အနုပညာနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ချင်တော့ဘူး။ အနုပညာမလုပ်ဖြစ်တော့ဘူး။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ချစ်တယ်။ စားချင်တာစားမယ်။ ကျောင်းစာပဲ လုပ်တော့မယ်ဆိုပြီး အဲဒီလိုမျိုးနေခဲ့တဲ့အထိ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူ့ဟာနဲ့သူ အနုပညာလောကထဲကို ပြန်ရောက်လာတာပဲ။ အဲဒီနောက်ပိုင်းကစပြီး ကိုယ်ကိုယ့်ကိုယ်ပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်”လို့ Bella ကပြောပြခဲ့ပါတယ်။

သဲစုလှိုင်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ် ရရှိလာသည်အထိ ပညာပေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ မှာကြား

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် ရေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကျောင်းနေအရွယ်မှစတင်၍ ရေ၏တန်ဖိုးကို နားလည်သိရှိစေရန် လိုအပ်ကြောင်း၊ အမှိုက်များကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရသည်ကိုလည်း သိရှိနားလည်စေရန် ပညာပေးသင်ကြားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့်...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအစည်းအဝေးတွင် ထိုသို့ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ မြစ်ချောင်းများမှ ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် စုစုပေါင်းပမာဏမှာ မဂ္ဂါဝပ် ၁၀၀,၀၀၀ ကျော်ရှိသော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၃,၅၀၀ ခန့်သာ ထုတ်လုပ်နိုင်သေးပြီး စုစုပေါင်းအလားအလာ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ အသုံးချနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။ “ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ထိရောက်စွာ အကျိုးဖြစ်ထွန်းစေနိုင်မယ့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရမည်ဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများမှာ MSME လုပ်ငန်းများဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလေးထားကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ “နိုင်ငံအခြေအနေအရ MSME ကို ဗဟိုပြုပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071