အာကာသယာဉ်မှူးနှစ်ဦးသည် နိုင်ငံတကာအာကာသစခန်း၏ စွမ်းအင်ထုတ်လုပ်ရေးစနစ်ကို အဆင့်မြှင့်ရန်လုပ်ဆောင်နေစဉ် ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံး အကြိမ်အာကာသထဲလမ်းလျှောက်ခြင်းကို သောကြာနေ့ကစတင်ခဲ့ကြောင်းသိရသည်။
နာဆာအာကာသယာဉ်မှူးနီကိုးလ်မန်းသည် အာကာသတွင်းလမ်းလျှောက်ရန်အတွက် ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီမှ ကိုအိချိဝါကာတာနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပြီး ၎င်းတို့နှစ်ဦး၏ခရီးစဉ်သည် ခုနစ်နာရီနှင့် နှစ်ဆယ့်တစ်မိနစ်ကြာမြင့်ခဲ့သည်ဟု နာဆာတာဝန်ရှိသူများကပြောကြားခဲ့သည်။
အာကာသလမ်းလျှောက်ခြင်းအား နံနက် ၈ နာရီ ၁၅ မိနစ်တွင်စတင်ရန်ရည်ရွယ်ထားသော်လည်း အာကာသယာဉ်မှူးများ၏ အာကာသဝတ်စုံဘက္ထရီပြဿနာကြောင့် မှန်းထားသည်ထက်တစ်မိနစ်ခန့်စောပြီးစတင်ခဲ့ရကြောင်းသိရသည်။
သောကြာနေ့ကပြုလုပ်ခဲ့သော အဆိုပါမစ်ရှင်သည် မန်းနှင့်ဝါကာတာတို့နှစ်ဦးလုံးအတွက် ပထမဆုံးအကြိမ်ပြုလုပ်သောမစ်ရှင်ဖြစ်ကြောင်းလည်းသိရှိရသည်။
Source : UPI



