ပြီးခဲ့သည့် မတ်လကလှုပ်ခတ်ခဲ့သော မန္တလငလျင်ကြီးကြောင့် ေ-သဆုံး/ထိခို-က်၊ ပျ-က်စီးခဲ့ရမှုများနှင့်ပတ်သက်၍ ဂါနာနိုင်ငံသမ္မတ H.E. Mr. John Dramani Mahama မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။
မြန်မာနိုင်ငံ၌ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကို အထူးဝမ်းနည်းကြေကွဲရကြောင်းကို အဆွေတော်နှင့် မြန်မာနိုင်ငံပြည်သူများအား ဂါနာနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့်ပြောကြားအပ်သည်ဟု သဝဏ်လွှာ၌ရေးသားထားသည်။
ငလျင်လှုပ်ခ-တ်ခဲ့မှုကြောင့် အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးခဲ့ခြင်း၊ ထိခို-က်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ခြင်းနှင့် ပျ-က်စီးဆုံးရှုံးမှုကြီးမားစွာရှိခဲ့သည့်အတွက် အလွန်စိတ်မကောင်းဖြစ်ရကာ ကျန်ရစ်သူမိသားစုများ၊ ထိခို-က်ဒဏ်ရာရသူများအတွက် ဆုတောင်းမေတ္တာပို့သလျက်ရှိပြီး ဤသို့ ခက်ခဲလှသည့် အချိန်တွင် ဂါနာနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူများနှင့်အတူ တစ်သားတည်း ရှိနေသည်ဟုလည်း ရေးသားထားသည်။
မြန်မာနိုင်ငံပြည်သူများ ကျန်းမာ၍သာယာဝပြောပါစေကြောင်း လှိုက်လှဲစွာဆုမွန်ကောင်းတောင်းလျက် အဆွေတော်အား အစဉ်ချစ်ကြည်အလေးထား လျက်ရှိသည်ဟုလည်း သဝဏ်လွှာ၌ရေးသားထား သည်။