မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေး တိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်ထူထောင်ရာတို့၌အသုံးပြုရန် အလှူငွေများပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့ရှိ ရွှေဟင်္သာတိုက်သစ်ကျောင်းအား ကျပ်သိန်း(၅၀၀)၊ ရတနာသိင်္ဂီ(ပရဟိတ)သီလရှင်စာသင်တိုက်အား ကျပ်သိန်း(၅၀၀)၊ ခရစ္စတီယာန်တို့အားမှိုင်းမတော်မူသော သခင်မဘုရားကျောင်းအား ကျပ်သိန်း(၂၅၀)၊ အောင်မြေသာစံမြို့နယ်ရှိ ခရစ်တော်ဘွဲ့ခံ ကသီဒြယ်ဘုရားကျောင်းအား ကျပ်သိန်း(၁၀၀)တို့ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပေးအပ်လှူဒါန်းခဲ့သည်။
ထို့ပြင် စဉ့်ကိုင်မြို့နယ်၊ မြောက်ကိုင်းကျေးရွာရှိ စိန့်ဂျော်ကင်နှင့် စိန့်အန်နားကက်သလစ် ခရစ်ယာန်ဘု ရားကျောင်းအား ကျပ်သိန်း(၁၅၀)၊ အမရပူရမြို့နယ် ဗုံးအိုးကျေးရွာရှိ ဗုံးအိုးအရှေ့ဗလီအား ကျပ်သိန်း(၂၅၀)၊ အစ္စလာမ် ဇာရိုကီရာစာသင်ကျောင်းအား ကျပ်သိန်း(၂၅၀)၊ အောင်မြေသာစံမြို့နယ်ရှိ အမ်ဘီကာ မယ်တော်ကြီး ဟိန္ဒူဘာသာရေးကျောင်းအား ကျပ်သိန်း(၂၅၀)၊ စစ်ကိုင်းမြို့ရှိသီရိဆသ်နရ်ယန်ဟိန္ဒူဘုရားကျောင်းအား ကျပ်သိန်း (၂၅၀)တို့ကိုလည်း ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွှန့်၊ ဒု-ဥက္ကဋ္ဌဒေါက်တာတင်တင်လေးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။