Thursday, May 15, 2025

MH17 လေယာဉ်ကိစ္စလွတ်လပ်စွာ စုံစမ်းစစ်ဆေး‌ရေးကိုကူညီရန် ရုရှားအသင့်ရှိ–အန်ဝါ

မလေးရှားလေကြောင်းလိုင်း၏ MH17 လေယာဉ်ပစ်ချခံရမှုတွင် ရုရှား၌တာဝန်ရှိသည်ဟု ကုလသမဂ္ဂ လေကြောင်းဆိုင်ရာကောင်စီက ဆုံးဖြတ်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရာတွင် ရုရှားနိုင်ငံက ကူညီရန်အသင့်ရှိနေသည်ဟု...

တကျော့ပြန် ရွေးကောက်ခံ သြဇီဝန်ကြီးချုပ်၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ်...

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစ်သည် မေလ ၃ ရက်နေ့ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။ ရက်ရှည်ခရီးစဉ်မျိုးမဟုတ်ဘဲ မစ္စတာ...

ငလျင်ကြောင့် ပျ-က်စီးခဲ့သည့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများကို...

မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ ပျ-က်စီးခဲ့သည့်အတွက် ဦးစားပေး အဆင့်အလိုက် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရသည်။ မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ...

ငလျင်ဒဏ်သင့် အင်းလေးဒေသမှအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများကို...

မန္တလေးငလျင်ကြီးဒဏ်သင့် ရှမ်းပြည်နယ်၊ အင်းလေးဒေသရှိ အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၃ ရက်နှင့် ၁၄ ရက်တို့ကပေးဝေခဲ့ကြောင်း သိရသည်။ ညောင်ရွှေမြို့နယ်၊...
HomeNewsLocal Newsကျပ်ဘီလီယံ ၄၀၀ ကို...

ကျပ်ဘီလီယံ ၄၀၀ ကို ရန်ပုံငွေထူ ထောင်ပြီး တိုင်းပြည်စီးပွားရေး တိုးတက်အောင်လုပ် မည်

ကျပ်ဘီလီယံ ၄၀၀ ကို ရန်ပုံငွေထူ ထောင်ပြီး တိုင်းပြည်စီးပွားရေး တိုးတက်အောင်လုပ် မည်

​နေပြည်​တော်၊သြဂုတ် ၁

လာမည့် (၆) လတာ ကာလအတွင်း တိုင်းပြည်၏ စီးပွား ရေးအခြေအနေ တိုးတက်လာအောင် ပြည်တွင်းအင်အားများဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံတော် ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက် သည်။

ဩဂုတ်လ (၁) ရက် နံနက်ပိုင်းက ပြည်သူသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” ကျွန်တော်ထင်ပါတယ်။ ၆ လအတွင်း တိုးတက်မှုရပါလိမ့်မယ်။ အလုပ် အကိုင် အခွင့်အလမ်းများစွာပေါ်လာမယ်၊ အလုပ်လုပ်သူတိုင်းဝင်ငွေရလာမယ်၊ ဝယ်လိုအားတိုးတက်လာမယ်၊ ရောင်းကုန်ပစ္စည်းများတိုးတက်လာတဲ့အတွက် တိုင်းပြည်ဝင်ငွေ ပိုမိုတိုး တက်လာပါမယ်၊ တိုင်း ပြည်ရဲ့အားဟာ ပြည်တွင်းမှာသာရှိပါ တယ်၊ တိုင်းပြည်အားနဲ့ တိုင်းပြည်တိုးတက်အောင် လုပ်ကြရပါမယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

လက်ရှိတွင် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရန်အတွက် စီးပွားရေးဦးတည်ချက်(၃)ရပ်ကို အခြေခံ မူဝါဒများ ချမှတ်ကာ ဦးစားပေးအစီအစဉ်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းကပြောသည်။

ပြီးခဲ့သည့် နှစ်များအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများ ပြန်လည်နလံထလာစေရန် ချေးငွေများထုတ်ပေးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် သိသာသည့် တိုးတက်မှုများမရသေးသည့်အတွက် ကုန်ထုတ်လုပ်မှုကို ဦးစားပေးအနေဖြင့် ဦး စားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထည့် သွင်း ပြောကြားခဲ့သည်။

ယင်းသို့ဆောင်ရွက်ရန်အတွက် ကိုဗစ်ရန်ပုံငွေ လက်ကျန် ၄၉၁ ဒသမ ၁၈ ဘီလီယံမှ ကျပ်ဘီလီယံ ၄၀၀ ကို စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သီးသန့်ရန်ပုံငွေ တစ်ရပ်ထူ ထောင်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရံပုံငွေများအား ပထမ ဦးစားပေးအနေဖြင့် စိုက် ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍကို ဆောင်ရွက်မည် ဖြစ်ပြီး ဒုတိယ ဦးစားပေးအနေဖြင့် အဆိုပါ ကဏ္ဍမှ ထွက်ကုန်များကို ကုန်ချောအဖြစ်ဆောင်ရွက်မည့် စက်ရုံ၊ အလုပ်ရုံများ အဆင့်မြှင့်တင်ရေး၊ SME မှာ အကျုံးဝင်မည့်စက်ရုံများတည်ထောင်ရေးကို ထောက်ပံ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နစက အစိုးရ တာဝန်ယူသည့် ကာလအတွင်း ကုန်သွယ်မှုပိုငွေ အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ၂၀၂၂ ခုနှစ် မေလအထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံရရှိခဲ့ပြီး နိုင်ငံအတွက် ဝင်ငွေများရရှိအောင်ပြည်တွင်း ထွက်ကုန်များကို ပြည်ပသို့ ကုန်ကြမ်းတင်ပို့ခြင်းထက် ကုန်ချောတင်ပို့နိုင်ရေးကို ဦးစားပေးလုပ်ဆောင် လျက်ရှိကြောင်း နိုင်ငံတော် ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားသွားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MH17 လေယာဉ်ကိစ္စလွတ်လပ်စွာ စုံစမ်းစစ်ဆေး‌ရေးကိုကူညီရန် ရုရှားအသင့်ရှိ–အန်ဝါ

မလေးရှားလေကြောင်းလိုင်း၏ MH17 လေယာဉ်ပစ်ချခံရမှုတွင် ရုရှား၌တာဝန်ရှိသည်ဟု ကုလသမဂ္ဂ လေကြောင်းဆိုင်ရာကောင်စီက ဆုံးဖြတ်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရာတွင် ရုရှားနိုင်ငံက ကူညီရန်အသင့်ရှိနေသည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ပြောကြားခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံရေးသြဇာလွှမ်းမိုးမှုကင်းသော စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က အခိုင်အမာ ပြောကြားခဲ့သည်ဟု အန်ဝါက ဆိုသည်။ “ပိုမိုယုံကြည်စိတ်ချရတဲ့ ဒါမှမဟုတ် ပိုမိုခိုင်လုံသေချာတဲ့ အစီရင်ခံခစာရရှိဖို့အတွက် လိုအပ်တာ အားလုံးကို ပူးပေါင်းဆောင်ရွက်သွားဖို့ ရုရှားက အသင့်ရှိနေပါတယ်” ဟု မော်စကိုသို့ အလည်အပတ်ရောက်ရှိနေသော...

တကျော့ပြန် ရွေးကောက်ခံ သြဇီဝန်ကြီးချုပ်၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားကိုရောက်ရှိ

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစ်သည် မေလ ၃ ရက်နေ့ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။ ရက်ရှည်ခရီးစဉ်မျိုးမဟုတ်ဘဲ မစ္စတာ အယ်လ်ဘာနီးစ်သည် ဂျကာတာတွင် တစ်ရက်သာ နေထိုင်မည်ဖြစ်ကာ ယင်းနောက် ပုပ်ရဟန်းမင်းကြီးအသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် ရောမမြို့သို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံကို သူ၏ပထမဆုံးခရီးစဉ်အဖြစ် ရွေးချယ်ခြင်းဖြင့် မစ္စတာ အယ်လ်ဘာနီးစ်သည် သူ၏ ဒုတိယသက်တမ်းအတွက် နိုင်ငံခြားရေးရာမူဝါဒ ဦးစားပေးမှုအကြောင်းကို ရှင်းလင်းစွာအချက်ပြနေသည်ကို ခန့်မှန်း၍ ရနိုင်သည်။ ထို့အပြင် နိုင်ငံခြားရေးဆိုင်ရာ အဓိကဆုံးဖြတ်ချက်များကို ယခင်သမ္မတ ဂျိုကိုဝီဒိုဒိုထက်...

ငလျင်ကြောင့် ပျ-က်စီးခဲ့သည့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများကို ဦးစားပေး အဆင့်အလိုက် အမြန်ဆုံးဆောင်ရွက်မည်

မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ ပျ-က်စီးခဲ့သည့်အတွက် ဦးစားပေး အဆင့်အလိုက် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရသည်။ မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ (၆၀) ရာခိုင်နှုန်း ပျ-က်စီးခဲ့သည့်အတွက် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်သည်။ အင်းဝမြို့ဟောင်းတွင် ရှေးဟောင်းအဆောက်အဦးပေါင်း (၉၆၁)ခုရှိသည့်အနက် ငလျင်ကြောင့် (၆၀၀) ဝန်းကျင်ခန့်ပျ-က်စီးသွားခဲ့ခြင်းဖြစ်ပြီး ငလျင်မလှုပ်မီ ပြုပြင်ထိန်းသိမ်းနေသည့် ရှေးဟောင်းအဆောက်အဦးများလည်း ပြိုကျပျ-က်စီးသွားခဲ့ကြောင်း သိရသည်။ ယခုအခါ မူလအလှူရှင်များကို ကနဦးဆက်သွယ်ထားပြီး ၎င်းတို့မလှူနိုင်ပါက နောက်အလှူရှင်ကို ဆက်သွယ်မည်ဖြစ်ကာ ယင်းအပြင်နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပြုပြင်ထိန်းသိမ်းနိုင်ရန် တင်ပြထားကြောင်းလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071